မြန်မာပြည် မှာ ကိုယ်တိုင် လုပ်ရောင်းနေကြ တဲ့ ဂျင်း ” Mask ” နှာခေါင်းစည်းများ..( ဘယ်သူသေသေ ငတေမာရင်ပီးနေတာလား..)

မြန် မာပြည် မှာ နာခေါင်းစည်း Mask လုပ်ရောင်းနေ ကျတယ်.. တခါမှ မမြင်ဖူးတဲ့ Quality တွေ ကို လုပ်ကြတယ် ပါးလွှာပြီးတော့ ရောဂါပိုးမပြော နဲ့ အပြင်က ဖုန်အလုံး လိုက်ကြီးဝင် လို့ရတယ် သူများတွေ စိုးရိမ်ပူပန်နေကြတဲ့ အချိန် အမြတ်ထုတ် ချင်ကြတယ် မသိတဲ့သူတွေ ကို ဂျင်းထည့် ချင်ကြ တယ်…

ပုံမှန် Mask ၃ လွှာ ပါတဲ့ဟာကို အခု ၂ လွှာ Mask ၁ခု ၂၆၀တဲ့… ၃ လွှာ Mask အပါး ၄၈၀ တဲ့… အကောင်းစား Mask (အရင်ကပုံမှန်အစား) ၃လွှာ ၁ခု ၆၅၀တဲ့…

ပြည်တွင်းဖြစ်

အခု ပြောချင်တာက ဥပဒေ ကို ဘယ်လို လုပ်ကြမလဲ.. ဒါတွေ ဒီလို ရောင်းနေတာ တကယ်ဖြစ်လာရင်ရော ကာကွယ်နိုင်မလား? မကာကွယ်နိုင်ပါဘူး.. ဈေးကြီးပေးရပြီးတော့ Quality က အရမ်းအရမ်းညံ့လွန်းတော့ ကိုယ့်ပြည်သူတွေ ဘယ်လိုလုပ် စိတ်ချမ်းသာနိုင်မလဲ.. ကျမ ပြောချင်တာက အဲ့သလို အမြတ်ကိုသာကြည့် Quality ကောင်းကောင်း မထုတ်တဲ့ စက်ရုံတွေ ကုန်သယ်တွေကို အရေးယူပေးပါ.. သူတို့ရောင်းနေတာက ဘာအကျိုးသက်ရောက်မှုမှ မထူးပါဘူး.. ကျန်းမာရေး ဗဟုသုတနည်းတဲ့ ပြည်သူတချို့က စိုးရိမ်ပြီး ဝယ်သုံးကြမှာပဲ…

ပြည်တွင်းဖြစ်

အဝတ်စ ဇာကို ကောက်တပ်ထားတာကမှ အမြင်လှအုံးမယ်.. အခုတော့ ကြာလေ မြင်ရတာ စိတ်ပျတ်မိတယ်.. တခြားနိုင်ငံတွေမှာ Mask ကို အမြတ်ကြီး တင်ရောင်းလို့ ဒဏ်ငွေ အကြီးကြီး ပေးဆာင်ရတယ်.. မြန်မာပြည်လို ဇာ နဲ့ mask နဲ့ မှားမှာ စိုးရိမ်ရတဲ့ Quality တွေကို ပိုပြီး မကြီးကြပ်သင့်ဘူးလား…

တကယ်ပါ ကျမတို့ မြန်မာပြည် တိုးတက်ဖို့ လူနေမှု အဆင့်အတန်းမြင့်လာဖို့ စက်ာပူကို လိုက်မှီဖို့ ဆိုတာ တကယ်မလွယ်ပါဘူး.. လူတစ်ယောက်စီတိုင်းက စည်းကမ်း မရှိသလို စနစ်တကျလည်း မရှိဘူး.. ဒီလို အရည်အသွေး မရှိတာတွေ တအားလုပ်လို့ ဘယ်နေရာဖြစ်ဖြစ် အဆင့်မမှီ ဖြစ်ရတဲ့ ကျမတို့ နိုင်ငံကို နိုင်ငံသားတိုင်း နိုင်ငံကြီးသား ပီသစွာ ကယ်တင်ကြဖို့ ပြောချင်ပါတယ်…

အားလုံး တဖက်တလှမ်းက ကိုယ့်တာဝန်ကို အကောင်းဆုံးထမ်းဆောင်ရင် ရနေပါပြီ…

Nay Chi

Add a Comment

Your email address will not be published. Required fields are marked *