သူစိမ္းေကာင္းရင္ ေဆြမ်ိဳးထက္သာတယ္ ဆိုတာလဲ အမွန္ပါ ေဆြမ်ိဳးယုတ္ တဲ့အခါ သူစိမ္းထက္ သာတယ္ ဆိုတာလဲ လက္ေတြ႕ပါ

ေဆြမ်ိဳးတိုင္း မေကာင္းဘူး မဟုတ္ပါဘူး ဒါေပမယ့္ ကိုယ္နဲ႕ပတ္သက္တဲ့ ေဆြမ်ိဳးေတြကေတာ့ ေတာ္ေတာ္ ေငြခင္တတ္တဲ့ အမ်ိဳး.. ေငြေလးျမင္ရင္ ဟိုးအေဝးႀကီးေရာက္ေနလဲ ေျပးၿပီးလာႏႈတ္ ဆက္ေဖာ္ရတယ္ ။ အမ်ိဳးဘယ္လိုေတာ္တာ ဘယ္ညာေတာ္တာ လာၿပီးစပ္ျပတယ္ ။

ဘူးသီးကို ျမင္ေနၿပီပဲ အရီးေခၚဖို႔လဲ ဝန္မေလးဘူးေလ ဒါေပမယ့္ လက္ထဲမွာ ေငြမရွိတဲ့အခါလို႔ ဆက္ၿပီးေျပာဖို႔ေတာင္ အခ်ိန္မရဘူး။ အနီးအနားမွာ ဘယ္သူတစ္ဦးတစ္ေယာက္မွ မရွိေတာ့ဘူး ကိုယ္မ်ားနိမ့္က်ေနရင္ အရင္ဦးဆုံး အပုတ္ခ်တာ ကိုယ့္အမ်ိဳးအရင္းေခါက္ေခါက္ႀကီးေတြကပဲ

သူစိမ္းေတြက နဲနဲအျပစ္ေျပာရင္ သူတို႔က ပိုပိုသာသာေလး ထည့္ၿပီးေျပာတတ္ၾကတယ္ ကိုယ္မ်ားအဆင္မေျပရင္ ငဲ့ၾကည့္ဖို႔မေျပာနဲ႕ အကူအညီေတာင္းမွာေၾကာက္လို႔ လမ္းမွာေတြ႕ရင္ေတာင္ မေခၚနိုင္မေျပာနိုင္ ျဖစ္ေနၾကတာမ်ိဳးေလ။ ကိုယ့္ကို ဘယ္အခ်ိန္မွားမလဲလို႔ မ်က္လုံးေဒါက္ေထာက္ၾကည့္တဲ့လူေတြထဲမွာ သူစိမ္းေတြထဲ အမ်ိဳးေတြမ်ားတယ္

ဒါေပမယ့္ ေဆြမ်ိဳးေတြက ကိုယ့္အေပၚ ေစတနာေတာ့ထားပါ သူတို႔သားသမီးေတြကိုသာ နိုင္ခ်င္မွ နိုင္တာ ကိုယ္အမွားမ်ားေတြ႕လို႔ကေတာ့ ဆုံးမတာလိုလို ၾသဝါဒေႁခြတာလိုလိုနဲ႕ ပိုပိုသာသာေလး အျပစ္ေျပာတတ္ၾကတာေလ ကိုယ္မရွိရင္ ဘယ္သူ႕ကိုမွ အားမကိုးနဲ႕ ကိုယ္ရွိလို႔ေပးနိုင္တဲ့အခါ ေပးလိုက္ပါ ဒါေပမယ့္ ဘာတစ္ခုကိုမွ ျပန္မေမွ်ာ္လင့္နဲ႕

ကိုယ္ေပးနိုင္ကမ္းေနနိုင္တုန္းမွာ လူေတြအမ်ားႀကီး ရွိေကာင္းရွိနိုင္ပါတယ္ ေဆြမ်ိဳးအင္အား ေတာင့္တင္းေကာင္းေတာင့္တင္းနိုင္တယ္ ကိုယ့္မွာ ဘာမွမရွိတဲ့အခါ ကိုယ္သူတို႔ကို ဘာမွ မေပးနိုင္ေတာ့တဲ့အခါ တစ္ေယာက္တည္းက်န္ခဲ့ရမွာလဲ ေမ့မထားနဲ႕ လူတိုင္းမေကာင္းဘူးလို႔ မေျပာလိုပါဘူး ဘဝေတြကမတူတဲ့အခါ ရွင္သန္ရတဲ့ ပတ္ဝန္းက်င္ခ်င္းမတူတဲ့အခါ အျမင္ခ်င္းလဲ ကြာတတ္တယ္ေလ

ကိုယ္ျမင္ေနရတဲ့ ေဆြမ်ိဳးဆိုတာမ်ိဳးက ဒီလိုမ်ိဳးေတြပါပဲ နိမ့္က်တဲ့အခါ သူစိမ္းေတြထက္ ပိုပိုသာသာေလးေျပာတတ္တယ္ ကိုယ္မွားသြားတဲ့အခါ သူစိမ္းေတြၾကား အတင္းခ်တတ္တယ္ ေငြရွိလာတဲ့အခါ အနားကပ္ၿပီး ၿပဳံးျပတယ္ မရွိေတာ့ဘူးဆိုတဲ့တစ္ေန႕ ဘာမွ မေတာ္သလို ေနတတ္ၾကတယ္

သဘာဝကေပးတဲ့ ေဆြေကာင္းမ်ိဳးေကာင္းဆိုတဲ့ ကံဟာ ကိုယ့္ထံမွာ ပါမလာဘူး ဘူးသီးသီးမွ အရီးလာေတာ္တဲ့သူက မ်ားတယ္ေလ သူစိမ္းေကာင္းရင္ ေဆြမ်ိဳးထက္သာတယ္ဆိုတာလဲ အမွန္ပါ ေဆြမ်ိဳးယုတ္တဲ့အခါ သူစိမ္းထက္သာတယ္ဆိုတာလဲ လက္ေတြ႕ပါ ။ Zuu

Unicode

ဆွေမျိုးတိုင်း မကောင်းဘူး မဟုတ်ပါဘူး ဒါပေမယ့် ကိုယ်နဲ့ပတ်သက်တဲ့ ဆွေမျိုးတွေကတော့ တော်တော် ငွေခင်တတ်တဲ့ အမျိုး.. ငွေလေးမြင်ရင် ဟိုးအဝေးကြီးရောက်နေလဲ ပြေးပြီးလာနှုတ် ဆက်ဖော်ရတယ် ။ အမျိုးဘယ်လိုတော်တာ ဘယ်ညာတော်တာ လာပြီးစပ်ပြတယ် ။

ဘူးသီးကို မြင်နေပြီပဲ အရီးခေါ်ဖို့လဲ ဝန်မလေးဘူးလေ ဒါပေမယ့် လက်ထဲမှာ ငွေမရှိတဲ့အခါလို့ ဆက်ပြီးပြောဖို့တောင် အချိန်မရဘူး။ အနီးအနားမှာ ဘယ်သူတစ်ဦးတစ်ယောက်မှ မရှိတော့ဘူး ကိုယ်များနိမ့်ကျနေရင် အရင်ဦးဆုံး အပုတ်ချတာ ကိုယ့်အမျိုးအရင်းခေါက်ခေါက်ကြီးတွေကပဲ

သူစိမ်းတွေက နဲနဲအပြစ်ပြောရင် သူတို့က ပိုပိုသာသာလေး ထည့်ပြီးပြောတတ်ကြတယ် ကိုယ်များအဆင်မပြေရင် ငဲ့ကြည့်ဖို့မပြောနဲ့ အကူအညီတောင်းမှာကြောက်လို့ လမ်းမှာတွေ့ရင်တောင် မခေါ်နိုင်မပြောနိုင် ဖြစ်နေကြတာမျိုးလေ။ ကိုယ့်ကို ဘယ်အချိန်မှားမလဲလို့ မျက်လုံးဒေါက်ထောက်ကြည့်တဲ့လူတွေထဲမှာ သူစိမ်းတွေထဲ အမျိုးတွေများတယ်

ဒါပေမယ့် ဆွေမျိုးတွေက ကိုယ့်အပေါ် စေတနာတော့ထားပါ သူတို့သားသမီးတွေကိုသာ နိုင်ချင်မှ နိုင်တာ ကိုယ်အမှားများတွေ့လို့ကတော့ ဆုံးမတာလိုလို သြဝါဒခြွေတာလိုလိုနဲ့ ပိုပိုသာသာလေး အပြစ်ပြောတတ်ကြတာလေ ကိုယ်မရှိရင် ဘယ်သူ့ကိုမှ အားမကိုးနဲ့ ကိုယ်ရှိလို့ပေးနိုင်တဲ့အခါ ပေးလိုက်ပါ ဒါပေမယ့် ဘာတစ်ခုကိုမှ ပြန်မမျှော်လင့်နဲ့

ကိုယ်ပေးနိုင်ကမ်းနေနိုင်တုန်းမှာ လူတွေအများကြီး ရှိကောင်းရှိနိုင်ပါတယ် ဆွေမျိုးအင်အား တောင့်တင်းကောင်းတောင့်တင်းနိုင်တယ် ကိုယ့်မှာ ဘာမှမရှိတဲ့အခါ ကိုယ်သူတို့ကို ဘာမှ မပေးနိုင်တော့တဲ့အခါ တစ်ယောက်တည်းကျန်ခဲ့ရမှာလဲ မေ့မထားနဲ့ လူတိုင်းမကောင်းဘူးလို့ မပြောလိုပါဘူး ဘဝတွေကမတူတဲ့အခါ ရှင်သန်ရတဲ့ ပတ်ဝန်းကျင်ချင်းမတူတဲ့အခါ အမြင်ချင်းလဲ ကွာတတ်တယ်လေ

ကိုယ်မြင်နေရတဲ့ ဆွေမျိုးဆိုတာမျိုးက ဒီလိုမျိုးတွေပါပဲ နိမ့်ကျတဲ့အခါ သူစိမ်းတွေထက် ပိုပိုသာသာလေးပြောတတ်တယ် ကိုယ်မှားသွားတဲ့အခါ သူစိမ်းတွေကြား အတင်းချတတ်တယ် ငွေရှိလာတဲ့အခါ အနားကပ်ပြီး ပြုံးပြတယ် မရှိတော့ဘူးဆိုတဲ့တစ်နေ့ ဘာမှ မတော်သလို နေတတ်ကြတယ်

သဘာဝကပေးတဲ့ ဆွေကောင်းမျိုးကောင်းဆိုတဲ့ ကံဟာ ကိုယ့်ထံမှာ ပါမလာဘူး ဘူးသီးသီးမှ အရီးလာတော်တဲ့သူက များတယ်လေ သူစိမ်းကောင်းရင် ဆွေမျိုးထက်သာတယ်ဆိုတာလဲ အမှန်ပါ ဆွေမျိုးယုတ်တဲ့အခါ သူစိမ်းထက်သာတယ်ဆိုတာလဲ လက်တွေ့ပါ ။ Zuu

Add a Comment

Your email address will not be published. Required fields are marked *