ဘဝရဲ့ လောကဓံအခက်အခဲတွေကြောင့် သတ်သေဖို့ထိ စဉ်းစားခဲ့ဖူးတယ်ဆိုတဲ့ လက်ရွေးစင် ဘောလုံးကစားသမားဟောင်း စန်းစန်းမော်


photo credit


photo credit


Unicode

မြန် မာ လက်ရွေးစင် အမျိုးသမီး ဘောလုံးကစား သမားဟောင်းဖြစ်တဲ့ စန်းစန်းမော် ဟာ ဘဝ လောကဓံကြောင့် ဝါသနာပါတဲ့ ဘောလုံး ကစားခြင်းကို လုပ်ကိုင်နိုင်ခြင်း မရှိတော့ဘဲ ဘဝဝမ်းစာ အတွက် အကြော်ဆိုင်လေးကို ဖွင့်ကာ ရုန်းကန်နေ ရတာပါ…။ မိဘတွေ အတွက် ၊ ညီအစ်ကိုမောင်နှမတွေ အတွက် ရည်ရွယ်ပြီး ဆိုင်ဖွင့်ဖြစ်တဲ့ အကြောင်းလေးကို ရင်ဖွင့်ပြောပြလာခဲ့ပါတယ်..။

လက်ထောက် နည်းပြ လုပ်နေပေမယ့် ဆယ်တန်းကလေး စာမေးပွဲတွေရှိနေတာကြောင့် ဝမ်းရေး အဆင်မပြေလို့ ဆိုင်လေးကို ဖွင့်ဖြစ်တဲ့ အကြောင်းလေးကို ပြောပြလာခဲ့ပြီး ဘယ် တုန်းကမှ အခုလို ဘဝမျိုးနဲ့ ရုန်းကန်ပြီး လုပ်နေရမယ်လို့ မထင်ခဲ့တဲ့ အကြောင်းလေးကိုလည်း ပြောပြလာခဲ့ပါတယ်..။ အဆင်မပြေတဲ့ အရာတွေများလို့ မွန်းကြပ်လာလို့ မလုပ်ချင်တဲ့ စိတ်ဖြစ်ပြီး သတ်သေချင်တဲ့ အထိ စိတ်တွေ ကျခဲ့တဲ့ အကြောင်းလေးတွေကိုလည်း မျက်ရည်များနဲ့ ပြောပြလာခဲ့ပါတယ်…။

လက်ရှိမှာ လက်ထောက် နည်းပြ အလုပ်က မရှိသေးတာမို့ ဆိုင်ဖွင့်အကြော်ရောင်းခွင့် ကိုပြုထားတာပါလို့လည်းပြောပြလာခဲ့ပါတယ်..။ ဘောလုံးသမား ဘဝကို ပြန်လည် လွမ်းမိတဲ့အကြောင်းလေးကို ရင်ဖွင့်လာတဲ့ လက်ရွေးစင် ဘောလုံး ကစားသမားဟောင်း စန်းစန်းမော် ရဲ့ ရင်ဖွင့်ထားတဲ့ အင်တာဗျူး ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေး လိုက်ပါတယ်နော်..။ Source:Cele Connections

Add a Comment

Your email address will not be published. Required fields are marked *