ခန္ဓာကိုယ်မှာနေရာ အလွတ်ရှိနေသေးသ၍ တက်တူးကို ထိုးနေဦးမှာပါ ဆိုတဲ့ မတ်မတ် သင်ဇာ

ပရိသတ်တွေ ရဲ့ အချစ်တော် မင်းသမီးချောလေး သင်ဇာဝင့်ကျော် ကတော့ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁၄) ရက်နေ့ ချစ်သူများနေ့မှာ မိဘနှစ်ပါးရဲ့ လက်ထပ်တုန်း က ပုံလေးကို အမှတ်တရအနေနဲ့ တက်တူးထိုးပြီး လက်ဆောင်ပေးခဲ့ပါသေးတယ်။ သင်ဇာက အခုလို တက်တူး ထိုးပေးခဲ့တာက မိဘကျေးဇူးဆပ်တယ် ဆိုတာထက် မိဘတွေကို ပျော်စေချင်တာကြောင့် တက်တူးထိုးပေးခဲ့တာပါ။

photo credit

သင်ဇာ ကိုယ်တိုင်က တက်တူးထိုးရတာကို ကြိုက်နှစ်သက် တာဖြစ်ပြီး အမြဲလိုလို တက်တူထိုးဖို့ စဉ်စားနေမိပြီး ထိုးရမယ့်နေရာနဲ့ ကိုယ်ထိုးချင်တဲ့ပုံ အချိန်အခါ သင့်သွားခဲ့ရင် ထိုးဖြစ်သွားခဲ့တာလိုကလည်းဆိုပါတယ် ။သင်ဇာရဲ့ တက်တူးတွေကတော့ များသောအားဖြင့် မမြင်သာတဲ့ နေရာတွေမှာ ထိုးဖြစ်ပြီးတော့ မင်းသမီး လုပ်နေတာကြောင့် လူမြင်တဲ့နေရာတွေမှာ မထိုးဖြစ်သေးဘဲလျော့ ထားတာလို့လည်း သင်ဇာကဆိုထားပါသေးတယ်။

photo credit

သင်ဇာက တက်တူးထိုးရတာကို သဘောကျတာဖြစ်ပြီး ကိုယ်တိုင်လည်း တက်ထူးထိုးတာကိုကြိုက်သလို သူများ ထိုးထားတာတွေကိုလည်း သဘောကျပါတယ်တဲ့။ ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် မမသင်ဇာကတော့ ခန္ဓာကိုယ်မှာနေရာ အလွတ်ရှိနေသေးသ၍ တက်တူးကို ထိုးနေဦးမှာပါတဲ့ …ပရိသတ်ကြီးရေ Source – Exclusive On CeleGabar

Add a Comment

Your email address will not be published. Required fields are marked *