ဗညားဘုန်းပြည့် နဲ့တွဲ ဖက်ပြီး နှုတ်ခမ်းနီမလေးတွေ ပါးစပ်ဖျားမှာ ဂယက်ထစေမယ့် အရာတစ်ခုကို ပြုလုပ်လိုက်တဲ့ သုသု
photo credit
photo credit
photo credit
Unicode
နာမည်ကျော် မိတ်ကပ် ပညာရှင် ညီညီမောင် ( စမ်းချောင်း ) ကတော့ မိတ်ကပ်နဲ့ ပတ်သက်လာရင် အနုပညာ အသိုင်းအဝိုင်းမှာ တင်မကဘဲ ပရိသတ်တွေပါ အားထားရတဲ့ မိတ်ကပ် ဖန်တီးရှင် တစ်ယောက်ပါပဲနော်။ ချစ်တဲ့ပရိသတ်တွေနဲ့ အနုပညာရှင် တော်တော်များများက ချစ်စနိုးနဲ့ သုသုလို့ ခေါ်လေ့ ရှိကြတာပဲ ဖြစ်ပါတယ်။ အောင်မြင်တဲ့ မိတ်ကပ် ပညာရှင်ဖြစ်ပေမယ့် ဟိတ်ဟန်တွေ မရှိဘဲ အမြဲ ပေါ့ပေါပါးပါး ပွင့်ပွင့်လင်းလင်းနေ တတ်သူဆိုလည်း မမှားပါဘူးနော် ။
ပျော်ပျော်နေ တတ်တဲ့ သုသုကတော့ ဟာသ ဗီဒီယိုလေးတွေကို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ မကြာမကြာ တင်လေ့ရှိတဲ့သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ မကြာသေးမီက သုသုပါဝင်ထားတဲ့ ” ကျားကျားကြိုက်ကြိုက်” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ပရိသတ်တွေ တခဲနက် အားပေးခဲ့ကြတယ်လို့ ဆိုရမှာပါ။ မကြာခင်မှာလည်း သုသုပါဝင်ထားတဲ့ ရုပ်ရှင် ဇာတ်ကားသစ်တွေ ထပ်မံပေါ် ထွက်လာဦးမယ်လို့ သိရပါတယ်။
ဒီနေ့မှာလည်း သုသုကတော နှုတ်ခမ်းနီမလေးတွေ မနာလိုစေမယ့် အရာ တစ်ခုကို ပြုလုပ်လိုက်တာပဲ ဖြစ်ပါတယ်နော်။ The Model Academy Season (3) မှာ Second Runner Up ပိုင်ရှင် ဗညားဘုန်းပြည့် နဲ့တွဲဖက်ကာ ရေကူးကန်က အလှပုံရိပ်လေး နဲ့အတူ “ လာပါချစ်ရယ် အနားယူမယ် ။ ရေကူးမယ်။ ” ဆိုတဲ့ စာလေးကို လူမှုကွန်ရက် စာမျက်နှာထက်မှာ ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးက လည်း ဗညားဘုန်းပြည့် နဲ့ သုသုရဲ့ ပုံရိပ်တွေကို ကြည့်ပြီး မှတ်ချက် တစ်ခုခုပေးခဲ့ပါဦးနော်။ Source : Nyi Nyi Maung
Add a Comment
Your email address will not be published. Required fields are marked *