ျပည္ထဲေရး ဝန္ႀကီးအျဖစ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ကို ခန႔္အပ္ရန္ လႊတ္ေတာ္သေဘာတူ

Posted on

ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး အျဖစ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိုးထြဋ္ကို ခန႔္အပ္ရန္ ျပည္ေထာင္စုလႊတ္ေတာ္က သေဘာတူေၾကာင္း ယေန့ ေၾကညာသည္။ ျပည္ထဲေရး ဝန္ႀကီး အျဖစ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ကို ခန႔္အပ္တာဝန္ေပးရန္ ႏိုင္ငံေတာ္သမၼတက ျပည္ေထာင္စုလႊတ္ေတာ္သို႔ အဆိုျပဳထားရာ ကန႔္ကြက္သူ မရိွ၍ အဆိုျပဳခ်က္အတိုင္း ခန႔္အပ္ရန္ သေဘာတူအတည္ျပဳခဲ့ျခင္းျဖစ္သည္။

သူဟာ ဗိုလ္သင္တန္းေက်ာင္း OTS အမွတ္စဉ္ ၆၄ သင္တန္းဆင္း တစ္ဦးျဖစ္ပါတယ္။ စစ္တိုင္းမွဴးတာဝန္ေတြကို ေတာင္ပိုင္းတိုင္း၊ အေရ႔ွ ပိုင္းတိုင္းနဲ႔အလယ္ပိုင္းတိုင္းတို႔မွာ ထမ္းေဆာင္ခဲ့ပါတယ္။

ဒါ့အျပင္ စစ္ဥပေဒခ်ဳပ္၊ ကာကြယ္ေရးဝန္ႀကီးဌာန ကစထ ၆ စစ္ဆင္ေရး အထူးအဖြဲ႔မွဴး တာဝန္ ေတြလည္း ထမ္းေဆာင္ခဲ့သူပါ။ စစ္ဘက္ေရးရာ လံုၿခံဳေရး အရာရိွခ်ဳပ္ ရာထူးကိုေတာ့ ၂၀၁၆ ခုႏွစ္က စတင္တာဝန္ယူခဲ့တာျဖစ္ပါတယ္။ သူဟာ၂၀၀၁ ခုႏွစ္ ရဟတ္ယာဉ္ပ်က္က်တဲ့ ျဖစ္စဉ္မွာ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီးတင္ဦးနဲ႔အတူ ကြယ္လြန္သြားသူ ဗိုလ္မွဴးခ်ဳပ္လြန္းေမာင္ရဲ့ သားျဖစ္ပါတယ္။

ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ ျပည္ထဲေရး ဝန္ႀကီးအျဖစ္ နယ္ဘက္တာဝန္ေတြ ထမ္းေဆာင္ခ်ိန္မွာေတာ့ လက္ရိွ စစ္ဘက္တာဝန္ေတြ ဆက္ထမ္းေဆာင္ေတာ့မွာ မဟုတ္ဘူးလို႔ တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရးအဖြဲ႔ အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ဘီဘီစီ ကို ေျပာပါတယ္။ ဒါေၾကာင့္ ျပည္ေထာင္စုလႊတ္ေတာ္က သူ႔ကို အတည္ျပဳခန္႔အပ္ၿပီးတဲ့ေနာက္မွာေတာ့ လစ္လပ္သြားတဲ့ စစ္ဘက္ေရးရာ လံုၿခံဳေရး အရာရိွခ်ဳပ္ေနရာကို အစားထိုး ခန႔္အပ္သြားဖို႔ရိွတယ္လို႔လည္း ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

ေရြးေကာက္ပြဲ က်င္းပမယ့္ ႏွစ္ထဲမွာ ျပည္ထဲေရး ဝန္ႀကီး အေျပာင္းအလဲ လုပ္တာနဲ႔ ပတ္သက္ၿပီး ႏိုင္ငံေရး ေလ့လာသူ ေဒါက္တာရန္မ်ိဳးသိမ္းက တစ္ဖက္က ၾကၫ့္ရင္ ထူးျခားသလို ထင္ရေပမဲ့ သမားရိုးက် ျဖစ္ရိုးျဖစ္စဉ္လို႔ပဲ ျမင္တယ္လို႔ ေျပာပါတယ္။ “ေသခ်ာတာ တစ္ခုကေတာ့ ၂၀၂၀ အလြန္ အစိုးရအဖြဲ႔မွာ ျပည္ထဲေရးဝန္ႀကီး တာဝန္ေပးဖို႔အတြက္ ရည္ရြယ္ထားတဲ့ အေၾကာင္း ရိွလိမ့္မယ္လို႔ သံုးသပ္ပါတယ္”လို႔ သူက ေျပာပါတယ္။ ျပည္ထဲေရးဝန္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူ ဒုတိယဗိုလ္ခ်ဳပ္ႀကီးေက်ာ္ေဆြကို ေဖေဖာ္ဝါရီလ ၄ ရက္ေန့ကစၿပီး မူလ စစ္ဘက္တာဝန္ေတြ ျပန္လည္ထမ္းေဆာင္ဖို႔သမၼတက ခြင့္ျပဳခဲ့ပါတယ္။

သမၼတက အဆိုျပဳလာတဲ့သူကို လႊတ္ေတာ္က ကန႔္ကြက္သူမရိွရင္ ေဖေဖာ္ဝါရီလ ၁၀ ရက္ေန့တနလၤာေန့မွာ ျပည္ထဲေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးအျဖစ္ အတည္ျပဳ ခန္႔အပ္မွာ ျဖစ္ပါတယ္။ ဖြဲ႔စည္းပံု အေျခခံ ဥပေဒအရ ျပည္ထဲေရးဝန္ႀကီး အေနနဲ႔ႏိုင္ငံေတာ္သမၼတကို တာဝန္ခံ ေဆာင္ရြက္ရေပမဲ့ ဝန္ႀကီးအသစ္နဲ႔ အစိုးရၾကား ဆက္ဆံေရးကိုေတာ့ ႏိုင္ငံေရးေလ့လာသူေတြက စိတ္တဝင္တစား ေစာင့္ ၾကၫ့္ေနၾကပါတယ္။ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြ ျပည္ထဲေရး ဝန္ႀကီး တာဝန္ထမ္းေဆာင္ေနစဉ္ NLD အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ အစိုးရနဲ႔ တပ္မေတာ္ အၾကားဆက္ဆံေရးနဲ႔ ပတ္သက္ၿပီး၂၀၁၈ စင္ကာပူ ခရီးစဉ္မွာ ေဒၚေအာင္ဆန္းစုၾကည္က သူတို႔ အစိုးရ အဖြဲ႔ထဲမွာ တပ္မေတာ္က ဗိုလ္ခ်ဳပ္ႀကီး သံုးေယာက္ရိွေနၿပီး သူတို႔ေတြက ေတာ္ေတာ္ေလး သေဘာထားေကာင္းၾကပါတယ္လို႔ ေျပာထားဖူးပါတယ္။

Unicode

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ခန့်အပ်ရန် ပြည်ထောင်စုလွှတ်တော်က သဘောတူကြောင်း ယနေ့ ကြေညာသည်။ ပြည်ထဲရေး ဝန်ကြီး အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ခန့်အပ်တာဝန်ပေးရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ အဆိုပြုထားရာ ကန့်ကွက်သူ မရှိ၍ အဆိုပြုချက်အတိုင်း ခန့်အပ်ရန် သဘောတူအတည်ပြုခဲ့ခြင်းဖြစ်သည်။ သူဟာ ဗိုလ်သင်တန်းကျောင်း OTS အမှတ်စဉ် ၆၄ သင်တန်းဆင်း တစ်ဦးဖြစ်ပါတယ်။ စစ်တိုင်းမှူးတာဝန်တွေကို တောင်ပိုင်းတိုင်း၊ အရှေ့ ပိုင်းတိုင်းနဲ့အလယ်ပိုင်းတိုင်းတို့မှာ ထမ်းဆောင်ခဲ့ပါတယ်။

ဒါ့အပြင် စစ်ဥပဒေချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန ကစထ ၆ စစ်ဆင်ရေး အထူးအဖွဲ့မှူး တာဝန် တွေလည်း ထမ်းဆောင်ခဲ့သူပါ။ စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ရာထူးကိုတော့ ၂၀၁၆ ခုနှစ်က စတင်တာဝန်ယူခဲ့တာဖြစ်ပါတယ်။ သူဟာ၂၀၀၁ ခုနှစ် ရဟတ်ယာဉ်ပျက်ကျတဲ့ ဖြစ်စဉ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီးတင်ဦးနဲ့အတူ ကွယ်လွန်သွားသူ ဗိုလ်မှူးချုပ်လွန်းမောင်ရဲ့ သားဖြစ်ပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ပြည်ထဲရေး ဝန်ကြီးအဖြစ် နယ်ဘက်တာဝန်တွေ ထမ်းဆောင်ချိန်မှာတော့ လက်ရှိ စစ်ဘက်တာဝန်တွေ ဆက်ထမ်းဆောင်တော့မှာ မဟုတ်ဘူးလို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီ ကို ပြောပါတယ်။ ဒါကြောင့် ပြည်ထောင်စုလွှတ်တော်က သူ့ကို အတည်ပြုခန့်အပ်ပြီးတဲ့နောက်မှာတော့ လစ်လပ်သွားတဲ့ စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်နေရာကို အစားထိုး ခန့်အပ်သွားဖို့ရှိတယ်လို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ရွေးကောက်ပွဲ ကျင်းပမယ့် နှစ်ထဲမှာ ပြည်ထဲရေး ဝန်ကြီး အပြောင်းအလဲ လုပ်တာနဲ့ ပတ်သက်ပြီး နိုင်ငံရေး လေ့လာသူ ဒေါက်တာရန်မျိုးသိမ်းက တစ်ဖက်က ကြည့်ရင် ထူးခြားသလို ထင်ရပေမဲ့ သမားရိုးကျ ဖြစ်ရိုးဖြစ်စဉ်လို့ပဲ မြင်တယ်လို့ ပြောပါတယ်။ “သေချာတာ တစ်ခုကတော့ ၂၀၂၀ အလွန် အစိုးရအဖွဲ့မှာ ပြည်ထဲရေးဝန်ကြီး တာဝန်ပေးဖို့အတွက် ရည်ရွယ်ထားတဲ့ အကြောင်း ရှိလိမ့်မယ်လို့ သုံးသပ်ပါတယ်”လို့ သူက ပြောပါတယ်။ ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကို ဖေဖော်ဝါရီလ ၄ ရက်နေ့ကစပြီး မူလ စစ်ဘက်တာဝန်တွေ ပြန်လည်ထမ်းဆောင်ဖို့သမ္မတက ခွင့်ပြုခဲ့ပါတယ်။

သမ္မတက အဆိုပြုလာတဲ့သူကို လွှတ်တော်က ကန့်ကွက်သူမရှိရင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တနင်္လာနေ့မှာ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် အတည်ပြု ခန့်အပ်မှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြည်ထဲရေးဝန်ကြီး အနေနဲ့နိုင်ငံတော်သမ္မတကို တာဝန်ခံ ဆောင်ရွက်ရပေမဲ့ ဝန်ကြီးအသစ်နဲ့ အစိုးရကြား ဆက်ဆံရေးကိုတော့ နိုင်ငံရေးလေ့လာသူတွေက စိတ်တဝင်တစား စောင့် ကြည့်နေကြပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ ပြည်ထဲရေး ဝန်ကြီး တာဝန်ထမ်းဆောင်နေစဉ် NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရနဲ့ တပ်မတော် အကြားဆက်ဆံရေးနဲ့ ပတ်သက်ပြီး၂၀၁၈ စင်ကာပူ ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က သူတို့ အစိုးရ အဖွဲ့ထဲမှာ တပ်မတော်က ဗိုလ်ချုပ်ကြီး သုံးယောက်ရှိနေပြီး သူတို့တွေက တော်တော်လေး သဘောထားကောင်းကြပါတယ်လို့ ပြောထားဖူးပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *