ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီး ေရာင္ျခည္ေတာ္ ကြန႔္ျမဴးေနေသာ ဗြီဒီယို ဖိုင္ထြက္ေပၚ

ဗြီဒီယို ဖိုင္ ကို စာပိုဒ္ေအာက္ဆံုးတြင္ ေဖာ္ျပထားပါသည္…။ ဗြီဒီယိုဖိုင္ မၾကည့္ခင္ ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီး ရဲ႕ သမိုင္းေၾကာင္းေလးကို ဖတ္သြား လိုက္ပါအူးေနာ္…။

(၁၈၃၀) ျပည့္လြန္ႏွစ္မ်ားတြင္ ရဟန္းပညာရွိ၊ ပုဏ္႑ား ပညာရွိ၊ လူပညာရွိ တို႔ဝိုင္းဝန္း ေရးသားျပဳစုခဲ့ေသာ မွန္နန္းမဟာရာဇဝင္ေတာ္ႀကီး ၌ ေဖာ္ျပခ်က္အတိုင္း ေ႐ႊတိဂုံဘုရားႀကီး စတင္ေပၚေပါက္လာပုံကို ေရးသားထားျခင္းျဖစ္သည္၊ဗုဒၶဝင္ေတာ္အရ လြန္ေလၿပီးေသာ ႏွစ္ေပါင္း ၂၅၀၀ ေက်ာ္ခန႔္က သိဒၶတၱ မင္းသားသည္ သစၥာေလးပါးကို သိျမင္ေတာ္မူၿပီးသည့္ေနာက္ ဘုရားအျဖစ္သို႔ ေရာက္ရွိခဲ့ေလသည္ ။

ထိုသစၥာေလးပါးျမတ္တရားဟူသည္မွာ-

(၁) ဒုကၡအရိယ သစၥာ ( ဆင္းရဲျခင္းဟူေသာအမွန္တရား ) (၂) ဒုကၡသမုဒယအရိယ သစၥာ (ဆင္းရဲျဖစ္ေၾကာင္း အမွန္တရား) (၃) ဒုကၡနိေရာဓအရိယ သစၥာ (ဒုကၡ၏ခ်ဳပ္ရာ အမွန္တရား) (၄) ဒုကၡနိေရာဓဂါမိနီပဋိပဒါအရိယ သစၥာ (ဆင္းရဲခ်ဳပ္ရာသို႔ ေရာက္ေၾကာင္းအက်င့္ဟူေသာ အမွန္တရား) ဟူ၍ျဖစ္ေပသည္။

မြန္တို႔ဌာေန အသိၪၥနၿမိဳ႕မွလာေသာ တဖုႆ ႏွင့္ ဘလ္ႅိက ေခၚ ကုန္သည္ညီေနာင္ ႏွစ္ဦးတို႔သည္ ေရလမ္းခရီးမွကုန္မ်ားကိုတင္ေဆာင္လာၿပီးေနာက္ ကုန္လွည္း အစီးငါးရာျဖင့္ ကုန္အေရာင္းအဝယ္ျပဳရန္ ထြက္လာၾကေလသည္ဤသို႔ျဖင့္ လင္းလြန္းပင္ရင္း၌ သတင္းသုံး ထိုင္ေနေတာ္မူေနေသာ ျမတ္စြာဘုရားရွင္ ရွိရာအရပ္သို႔ ေရာက္ရွိလာၾကေလသည္။ ထိုအခ်ိန္သည္ ျမတ္စြာဘုရား ဘုရားအျဖစ္သို႔ေရာက္ရွိၿပီး ၄၉ရက္ၾကာကာလျဖစ္သည္။ ညီေနာင္ႏွစ္ဦးမွ ဘုရား ရွင္အား ပ်ားမုန႔္ထုပ္မ်ားကပ္လႉၾကေလသည္။

ဘုရားရွင္ မုန႔္မ်ားကိုသုံးေဆာင္ၿပီးသည့္ေနာက္ ညီေနာင္ႏွစ္ဦးတို႔သည္ ဘုရားရွင္ထံမွ လက္ေဆာင္ကိုေတာင္းခံၾကေလ၏။ ထိုအခါ ျမတ္စြာဘုရားသည္ဆံေတာ္ (၈)ဆူကို ဦးေခါင္းေတာ္မွ လက္ေတာ္ျဖင့္သပ္ယူကာ ေပးသနားေတာ္မူေလသည္။ ျမတ္စြာဘုရား၏ဆံေတာ္တစ္ဆူစီသည္ မဇၩိမေဒ​သ​တိုင္းတာႏႈန္းအရ လက္ရွစ္သစ္ (သို႔) (၆) လက္မဝန္းက်င္ခန႔္ အရွည္ရွိၾက၏၊၊

ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီး ေရာင္ျခည္ေတာ္ ကြန႔္ျမဴးေနေသာ ဗြီဒီယို ဖိုင္ထြက္ေပၚ

ထို႔ေနာက္ ညီေနာင္ႏွစ္ဦးသည္ ဆံေတာ္မ်ားကို ပတၱျမားၾကဳတ္အတြင္းသို႔ထဲ့ၿပီး လာရာလမ္းအတိုင္း လွည္းမ်ား ေလွမ်ား ျဖင့္ ပင့္ေဆာင္သြားၾကသည္။လမ္းခရီး၌ အဇၩတၱန ျပည္သို႔အေရာက္တြင္ မင္းႀကီးမွေန၍ဆံေတာ္ႏွစ္ဆူကိုေတာင္းခံ ရယူခဲ့ေလသည္။ ထို႔ေနာက္ ေရလမ္းျဖင့္ ဆက္လက္ခရီးႏွင္ေလရာ ျမန္မာျပည္ေတာင္စြန္းရွိ ေနဂရိသက္ အငူသို႔ ေရာက္ရွိ ေသာအခါ ေဇယ်ေသနအမည္ရွိ နဂါးမင္းကလည္း ဆံေတာ္ႏွစ္ဆူကို အလႉခံၿပီး နာဂပူရနဂါးျပည္သို႔ သယ္ေဆာင္သြားေလသည္။

က်န္ရွိေသာ ဆံေတာ္ (၄) ဆူထည့္ထားသည့္ ပတၱျမားၾကဳတ္ကို ပုလဲမ်ားအသုံးျပဳ၍ ေစတီပုံစံတည္ထားေၾကာင္း ညီေနာင္ႏွစ္ဦးမွ ဥကၠလာပမင္းႀကီးထံ သတင္းေကာင္းပါးေလသည္။ ထိုအခါမင္းႀကီးသည္ ဆင္၊ျမင္း၊ စစ္ရထား ႏွင့္ ေျခလ်င္တပ္တို႔ ဝန္းရံလွ်က္ ေရာက္ရွိလာၿပီး ပုလဲေစတီေတာ္ကို သစၥာအဓိ႒ာန္ျပဳကာ ရိုေသျမတ္နို္းစြာျဖင့္ လက္ယာရစ္ လွည့္လည္ပူေဇာ္ ေလသည္။ မင္းႀကီးျပဳေသာ သစၥာအဓိ႒ာန္ေၾကာင့္ ဆံေတာ္မ်ားပြားလာကာ နဂိုရွိေသာ ပမာဏအတိိုင္း (၈)ဆူျပန္လည္ျဖစ္ေပၚသြားေလသည္။

ထို႔ေနာက္ မင္းႀကီးႏွင့္ ညီေနာင္ႏွစ္ဦးတို႔သည္ ဆံေတာ္ျမတ္မ်ားကို သယ္ေဆာင္ၿပီး အသိၪၥနၿမိဳ႕သို႔ျပန္ၾကေလသည္။ သကၠ သၾကားမင္း၊ ဥကၠလာပ မင္းႏွင့္ ညီေနာင္ႏွစ္ဦးတို႔သည္ ဆံေတာ္ရွစ္ဆူကို ယခင္ပြင့္ခဲ့ၿပီးေသာဘုရားသုံးဆူ၏ အသုံးေဆာင္ပစၥည္းမ်ားျဖစ္ေသာ ကကုသန္ ဘုရား၏ ေတာင္ေဝွးေတာ္၊ ေကာဏာဂုံဘုရား၏ ေရစစ္ေတာ္ ကႆပ ဘုရား၏ ေရသႏုပ္ေတာ္ တို႔ႏွင့္အတူ အသိၪၥနၿမိဳ႕၏အေရွ႕ဘက္တြင္ရွိသည့္သိဂၤုတၱရကုန္းေတာ္ေပၚတြင္ ေစတီအျဖစ္ တည္၍ ထည့္သြင္း ဌာပနာရန္သေဘာတူဆုံးျဖတ္ခဲ့ၾကေလသည္ဌာပနာထည့္သြင္းျခင္းကို တေပါင္းလျပည့္ ဗုဒၶဟူးေန႕တြင္ျပဳလုပ္ခဲ့ၾကသည္။ ဌာပနာတိုက္ တည္ေဆာက္ရန္အတြက္ ေဇာက္(၄၄)ေတာင္၊အနံ (၄၄) ေတာင္ရွိသည့္ ဥမင္လိုဏ္ ေခါင္းတစ္ခုကို တူးခဲ့၏။ ဌာပနာတိုက္အတြင္းတြင္ အမ်ိဳးမ်ိဳးေသာ ေက်ာက္မ်က္ ရတနာမ်ားကို ဒူးေခါင္း အထိျမႇပ္ေအာင္ ျဖည့္သြင္းခဲ့သည္။ ထိုရတနာမ်ားေပၚတြင္ ဌာပနာပစၥည္းမ်ား ထဲ့ထားေသာ ရတနာေလွကိုထားရွိေလသည္ ေ႐ႊေက်ာက္ဖ်ာကို ဌာပနာတိုက္၏အေပၚမွဖုံးအုပ္ေစ၍ (၄၄) ေတာင္အျမင့္ရွိ ေ႐ႊေရာင္ တဝင္းဝင္းထေနသည့္ ေစတီကိုတည္ထားခဲ့ေလသည္။ ထိုေစတီအေပၚမွေန၍ ေငြေရာင္ေစတီ၊ ထို႔ေနာက္ ေ႐ႊႏွင့္ေၾကးနီေရာစပ္ထားေသာေစတီ၊ ေၾကးညိုေရာင္ေစတီ၊ သံေရာင္ေစတီ၊ စက်င္ ေက်ာက္ေစတီတို႔ျဖင့္ ထပ္၍ထပ္၍ ငုံကာတည္ထားျခင္းျဖစ္သည္။

ေ႐ႊေက်ာက္ဖ်ာကို ဌာပနာတိုက္၏အေပၚမွဖုံးအုပ္ေစ၍ (၄၄) ေတာင္အျမင့္ရွိ ေ႐ႊေရာင္ တဝင္းဝင္းထေနသည့္ ေစတီကိုတည္ထားခဲ့ေလသည္။ ထိုေစတီအေပၚမွေန၍ ေငြေရာင္ေစတီ၊ ထို႔ေနာက္ ေ႐ႊႏွင့္ေၾကးနီေရာစပ္ထားေသာေစတီ၊ ေၾကးညိုေရာင္ေစတီ၊ သံေရာင္ေစတီ၊ စက်င္ ေက်ာက္ေစတီတို႔ျဖင့္ ထပ္၍ထပ္၍ ငုံကာတည္ထားျခင္းျဖစ္သည္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ …. ေပသီး

Unicode

ဗွီဒီယိုဖိုင်ကို အောက်ဆုံးတွင် ဖော်ပြထားပါသည်…။ ဗွီဒီယိုဖိုင် မကြည့်ခင် ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ သမိုင်းကြောင်းလေးကို ဖတ်သွားလိုက်ပါအူးနော်…။

၁၈၃၀ ပြည့်လွန်နှစ်များတွင် ရဟန်းပညာရှိ၊ ပုဏ်ဏ္ဍား ပညာရှိ၊ လူပညာရှိ တို့ဝိုင်းဝန်း ရေးသားပြုစုခဲ့သော မှန်နန်းမဟာရာဇဝင်တော်ကြီး၌ ဖော်ပြချက်အတိုင်း ရွှေတိဂုံဘုရားကြီး စတင်ပေါ်ပေါက်လာပုံကို ရေးသားထားခြင်းဖြစ်သည်၊ဗုဒ္ဓဝင်တော်အရ လွန်လေပြီးသော နှစ်ပေါင်း ၂၅၀၀ ကျော်ခန့်က သိဒ္ဓတ္တမင်းသားသည် သစ္စာလေးပါးကို သိမြင်တော်မူပြီးသည့်နောက် ဘုရားအဖြစ်သို့ ရောက်ရှိခဲ့လေသည်။

ထိုသစ္စာလေးပါးမြတ်တရားဟူသည်မှာ

(၁) ဒုက္ခအရိယ သစ္စာ (ဆင်းရဲခြင်းဟူသောအမှန်တရား) ၂) ဒုက္ခသမုဒယအရိယ သစ္စာ (ဆင်းရဲဖြစ်ကြောင်း အမှန်တရား) ၃) ဒုက္ခနိရောဓအရိယ သစ္စာ (ဒုက္ခ၏ချုပ်ရာ အမှန်တရား) ၄) ဒုက္ခနိရောဓဂါမိနီပဋိပဒါအရိယ သစ္စာ (ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းအကျင့်ဟူသော အမှန်တရား) ဟူ၍ဖြစ်ပေသည်။

မွန်တို့ဌာနေ အသိဉ္စနမြို့မှလာသော တဖုဿ နှင့် ဘလ်္လိက ခေါ် ကုန်သည်ညီနောင် နှစ်ဦးတို့သည် ရေလမ်းခရီးမှကုန်များကိုတင်ဆောင်လာပြီးနောက် ကုန်လှည်း အစီးငါးရာဖြင့် ကုန်အရောင်းအဝယ်ပြုရန် ထွက်လာကြလေသည်ဤသို့ဖြင့် လင်းလွန်းပင်ရင်း၌ သတင်းသုံး ထိုင်နေတော်မူနေသော မြတ်စွာဘုရားရှင် ရှိရာအရပ်သို့ ရောက်ရှိလာကြလေသည်။ ထိုအချိန်သည် မြတ်စွာဘုရား ဘုရားအဖြစ်သို့ရောက်ရှိပြီး ၄၉ရက်ကြာကာလဖြစ်သည်။ ညီနောင်နှစ်ဦးမှ ဘုရား ရှင်အား ပျားမုန့်ထုပ်များကပ်လှူကြလေသည်။

ဘုရားရှင် မုန့်များကိုသုံးဆောင်ပြီးသည့်နောက် ညီနောင်နှစ်ဦးတို့သည် ဘုရားရှင်ထံမှ လက်ဆောင်ကိုတောင်းခံကြလေ၏။ ထိုအခါ မြတ်စွာဘုရားသည်ဆံတော် (၈)ဆူကို ဦးခေါင်းတော်မှ လက်တော်ဖြင့်သပ်ယူကာ ပေးသနားတော်မူလေသည်။ မြတ်စွာဘုရား၏ဆံတော်တစ်ဆူစီသည် မဇ္ဈိမဒေသတိုင်းတာနှုန်းအရ လက်ရှစ်သစ် (သို့) (၆) လက်မဝန်းကျင်ခန့် အရှည်ရှိကြ၏၊၊

ထို့နောက် ညီနောင်နှစ်ဦးသည် ဆံတော်များကို ပတ္တမြားကြုတ်အတွင်းသို့ထဲ့ပြီး လာရာလမ်းအတိုင်း လှည်းများ လှေများ ဖြင့် ပင့်ဆောင်သွားကြသည်။လမ်းခရီး၌ အဇ္ဈတ္တန ပြည်သို့အရောက်တွင် မင်းကြီးမှနေ၍ဆံတော်နှစ်ဆူကိုတောင်းခံ ရယူခဲ့လေသည်။ ထို့နောက် ရေလမ်းဖြင့် ဆက်လက်ခရီးနှင်လေရာ မြန်မာပြည်တောင်စွန်းရှိ နေဂရိသက် အငူသို့ ရောက်ရှိ သောအခါ ဇေယျသေနအမည်ရှိ နဂါးမင်းကလည်း ဆံတော်နှစ်ဆူကို အလှူခံပြီး နာဂပူရနဂါးပြည်သို့ သယ်ဆောင်သွားလေသည်။

ကျန်ရှိသော ဆံတော် (၄) ဆူထည့်ထားသည့် ပတ္တမြားကြုတ်ကို ပုလဲများအသုံးပြု၍ စေတီပုံစံတည်ထားကြောင်း ညီနောင်နှစ်ဦးမှ ဥက္ကလာပမင်းကြီးထံ သတင်းကောင်းပါးလေသည်။ ထိုအခါမင်းကြီးသည် ဆင်၊မြင်း၊ စစ်ရထား နှင့် ခြေလျင်တပ်တို့ ဝန်းရံလျှက် ရောက်ရှိလာပြီး ပုလဲစေတီတော်ကို သစ္စာအဓိဋ္ဌာန်ပြုကာ ရိုသေမြတ်နိုးစွာဖြင့် လက်ယာရစ် လှည့်လည်ပူဇော် လေသည်။ မင်းကြီးပြုသော သစ္စာအဓိဋ္ဌာန်ကြောင့် ဆံတော်များပွားလာကာ နဂိုရှိသော ပမာဏအတိုင်း (၈)ဆူပြန်လည်ဖြစ်ပေါ်သွားလေသည်။

ထို့နောက် မင်းကြီးနှင့် ညီနောင်နှစ်ဦးတို့သည် ဆံတော်မြတ်များကို သယ်ဆောင်ပြီး အသိဉ္စနမြို့သို့ပြန်ကြလေသည်။ သက္က သကြားမင်း၊ ဥက္ကလာပ မင်းနှင့် ညီနောင်နှစ်ဦးတို့သည် ဆံတော်ရှစ်ဆူကို ယခင်ပွင့်ခဲ့ပြီးသောဘုရားသုံးဆူ၏ အသုံးဆောင်ပစ္စည်းများဖြစ်သော ကကုသန် ဘုရား၏ တောင်ဝှေးတော်၊ ကောဏာဂုံဘုရား၏ ရေစစ်တော် ကဿပ ဘုရား၏ ရေသနုပ်တော် တို့နှင့်အတူ အသိဉ္စနမြို့၏အရှေ့ဘက်တွင်ရှိသည့်သိင်္ဂုတ္တရကုန်းတော်ပေါ်တွင် စေတီအဖြစ် တည်၍ ထည့်သွင်း ဌာပနာရန်သဘောတူဆုံးဖြတ်ခဲ့ကြလေသည်ဌာပနာထည့်သွင်းခြင်းကို တပေါင်းလပြည့် ဗုဒ္ဓဟူးနေ့တွင်ပြုလုပ်ခဲ့ကြသည်။ ဌာပနာတိုက် တည်ဆောက်ရန်အတွက် ဇောက်(၄၄)တောင်၊အနံ (၄၄) တောင်ရှိသည့် ဥမင်လိုဏ် ခေါင်းတစ်ခုကို တူးခဲ့၏။ ဌာပနာတိုက်အတွင်းတွင် အမျိုးမျိုးသော ကျောက်မျက် ရတနာများကို ဒူးခေါင်း အထိမြှပ်အောင် ဖြည့်သွင်းခဲ့သည်။ ထိုရတနာများပေါ်တွင် ဌာပနာပစ္စည်းများ ထဲ့ထားသော ရတနာလှေကိုထားရှိလေသည် ရွှေကျောက်ဖျာကို ဌာပနာတိုက်၏အပေါ်မှဖုံးအုပ်စေ၍ (၄၄) တောင်အမြင့်ရှိ ရွှေရောင် တဝင်းဝင်းထနေသည့် စေတီကိုတည်ထားခဲ့လေသည်။ ထိုစေတီအပေါ်မှနေ၍ ငွေရောင်စေတီ၊ ထို့နောက် ရွှေနှင့်ကြေးနီရောစပ်ထားသောစေတီ၊ ကြေးညိုရောင်စေတီ၊ သံရောင်စေတီ၊ စကျင် ကျောက်စေတီတို့ဖြင့် ထပ်၍ထပ်၍ ငုံကာတည်ထားခြင်းဖြစ်သည်။

ရွှေကျောက်ဖျာကို ဌာပနာတိုက်၏အပေါ်မှဖုံးအုပ်စေ၍ (၄၄) တောင်အမြင့်ရှိ ရွှေရောင် တဝင်းဝင်းထနေသည့် စေတီကိုတည်ထားခဲ့လေသည်။ ထိုစေတီအပေါ်မှနေ၍ ငွေရောင်စေတီ၊ ထို့နောက် ရွှေနှင့်ကြေးနီရောစပ်ထားသောစေတီ၊ ကြေးညိုရောင်စေတီ၊ သံရောင်စေတီ၊ စကျင် ကျောက်စေတီတို့ဖြင့် ထပ်၍ထပ်၍ ငုံကာတည်ထားခြင်းဖြစ်သည်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် …. ပေသီး

Add a Comment

Your email address will not be published. Required fields are marked *