ေျမာက္ဒဂံု CB ဘဏ္ဓားျပတိုက္မႈႏွင့္ ကမ႓ာေအးဘုရားလမ္းမေပၚရွိ The AVENUE အထည္ဆိုင္လုယက္မႈ က်ူးလြန္သူမ်ားကို ဖမ္းမမိေသး

Posted on

CB ဘဏ္ ဓားျပတိုက္ခံ ရသၫ့္ျဖစ္စဉ္မွ က်ူးလြန္သူမ်ား ကို သံုးရက္အၾကာ ယမန္ေန့အထိ ဖမ္းမမိေသးေၾကာင္း ေျမာက္ဒဂံု ၿမိဳ႔မရဲစခန္းမွဴး ဒုရဲမွဴးသက္ႏိုင္ဦး ကေျပာသည္။

ေဖေဖာ္ဝါရီ ၇ ရက္နံနက္ တြင္ျဖစ္ပြားခဲ့ေသာ ေျမာက္ဒဂံု ၿမိဳ႔နယ္ ပင္လံုလမ္းရိွ CB ဘဏ္ ဓားျပတိုက္မႈတြင္ က်ူးလြန္သူမ်ား အသံုးျပဳသည္ဟု ယူဆရေသာ ေမာ္ေတာ္ယာဉ္ကိုသာ သိမ္း ဆည္းရမိၿပီးအမႈျဖစ္စဉ္ႏွင့္ ပတ္ သက္မႈရိွ၊ မရိွ စစ္ေဆးေနေၾကာင္း ၄ကေျပာသည္။

‘‘ဘာမွ မထူးေသးပါဘူး။ လိုက္ေနၾကတုန္းပါပဲ’’ ဟု ဒုရဲမွဴး သက္ႏိုင္ဦးကေျပာသည္။ CB ဘဏ္အမႈျဖစ္စဉ္တြင္ က်ူးလြန္ သူအနည္းဆံုးႏွစ္ဦးခန႔္ ရိွႏိုင္ ေၾကာင္း ရန္ကုန္ တိုင္းရဲတပ္ဖြဲ႔က ေျပာၾကားထားသည္။ အလားတူေဖေဖာ္ဝါရီ ၇ ရက္ညက ဗဟန္းၿမိဳ႔နယ္ ကမ႓ာေအးဘုရားလမ္း ရိွ The AVENUE အထည္ဆိုင္ဓားျပတိုက္ လုယက္ ခံရသၫ့္ ျဖစ္စဉ္က်ူးလြန္သူကို လည္း ယမန္ေန့အထိ ဖမ္းမမိ ေသးေၾကာင္း ဗဟန္းၿမိဳ႔မရဲစခန္း မွ ရဲအရာရိွတစ္ဦးကေျပာသည္။

‘‘ရွာေဖြေနဆဲပါပဲ။ ဒီအခ်ိန္ အထိ တရားခံ ဖမ္းမမိေသးပါဘူး’’ ဟု ေဖေဖာ္ဝါရီ ၉ ရက္တြင္ ၄ ကေျပာသည္။ CB ဘဏ္ႏွင့္ The AVENUE အထည္ဆိုင္ျဖစ္စဉ္မ်ားႏွင့္ ပတ္သက္၍ သက္ဆိုင္ရာ ရဲစခန္းမ်ား က ရာဇသတ္ႀကီးပုဒ္မ ၃၉၂ (လုယက္မႈ) ျဖင့္အမႈဖြင့္ထားသည္။

Unicode

CB ဘဏ် ဓားပြတိုက်ခံ ရသည့်ဖြစ်စဉ်မှ ကျူးလွန်သူများ ကို သုံးရက်အကြာ ယမန်နေ့အထိ ဖမ်းမမိသေးကြောင်း မြောက်ဒဂုံ မြို့မရဲစခန်းမှူး ဒုရဲမှူးသက်နိုင်ဦး ကပြောသည်။

ဖေဖော်ဝါရီ ၇ ရက်နံနက် တွင်ဖြစ်ပွားခဲ့သော မြောက်ဒဂုံ မြို့နယ် ပင်လုံလမ်းရှိ CB ဘဏ် ဓားပြတိုက်မှုတွင် ကျူးလွန်သူများ အသုံးပြုသည်ဟု ယူဆရသော မော်တော်ယာဉ်ကိုသာ သိမ်း ဆည်းရမိပြီးအမှုဖြစ်စဉ်နှင့် ပတ် သက်မှုရှိ၊ မရှိ စစ်ဆေးနေကြောင်း ၄ကပြောသည်။

‘‘ဘာမှ မထူးသေးပါဘူး။ လိုက်နေကြတုန်းပါပဲ’’ ဟု ဒုရဲမှူး သက်နိုင်ဦးကပြောသည်။ CB ဘဏ်အမှုဖြစ်စဉ်တွင် ကျူးလွန် သူအနည်းဆုံးနှစ်ဦးခန့် ရှိနိုင် ကြောင်း ရန်ကုန် တိုင်းရဲတပ်ဖွဲ့က ပြောကြားထားသည်။ အလားတူဖေဖော်ဝါရီ ၇ ရက်ညက ဗဟန်းမြို့နယ်ကမ္ဘာ အေးဘုရားလမ်း ရှိ The AVENUE အထည်ဆိုင်ဓားပြတိုက် လုယက် ခံရသည့် ဖြစ်စဉ်ကျူးလွန်သူကို လည်း ယမန်နေ့အထိ ဖမ်းမမိ သေးကြောင်း ဗဟန်းမြို့မရဲစခန်း မှ ရဲအရာရှိတစ်ဦးကပြောသည်။

‘‘ရှာဖွေနေဆဲပါပဲ။ ဒီအချိန် အထိတရားခံဖမ်းမမိသေးပါဘူး’’ ဟု ဖေဖော်ဝါရီ ၉ ရက်တွင် ၄ ကပြောသည်။ CB ဘဏ်နှင့် The AVENUE အထည်ဆိုင်ဖြစ်စဉ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ရဲစခန်းများ က ရာဇသတ်ကြီးပုဒ်မ ၃၉၂ (လုယက်မှု) ဖြင့်အမှုဖွင့်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *