ဝေဟင်မှာပျံသန်းရင်း နဲ့ ဆီဖြည့်နိုင်တဲ့ ဒရုန်းကို စမ်းသတ် အောင်မြင်သွားပြန်တဲ့ အမေရိကန်

Posted on

နော့သရော့ပ်ဂရမ်မန် X-47B စမ်းသပ်လေယာဉ် ဟာ မေရီလန်း နဲ့ ဗာဂျီးနီးယားကမ်းလွန် မှာ ပထမဆုံး မောင်းသူမဲ့ ဝေဟင်တွင်း ဆီဖြည့် တဲ့ လုပ်ငန်း ကို ပြီးမြောက် အောင်မြင် ခဲ့ ပါ တယ် ။

ဝေဟင်မှာပျံသန်းရင်း နဲ့ ဆီဖြည့်နိုင်တဲ့ ဒရုန်းကို စမ်းသတ် အောင်မြင်သွားပြန်တဲ့ အမေရိကန်

ဒီ ဒရုန်းယာဉ် ဟာ အိုမီဂါ K-707 ဆီတင်လေယာဉ်ကနေ ပေါင် ၄၀၀၀ ရှိတဲ့ ဆီ ပမာဏ ကို လက်ခံရယူနိုင်ခဲ့ ပါတယ်။

“ကျနော်တို့ရဲ့ ဒီကနေ့အောင်မြင်မှုဟာ အမေရိကန်ရေတပ်သမိုင်းအတွက် ထူးခြားသလောက် ဆန်းသစ်တဲ့ခြေလှမ်းတရပ်ပဲဖြစ်တယ်” လို့ လေယာဉ်တင်သင်္ဘောရဲ့ မောင်းသူမဲ့ ပျံသန်းရေး ပရိုဂရမ် မန်နေဂျာဖြစ်သူ ကပ္ပတိန်ဘောဒူးအာ့တ်က ကြေညာချက်တခုမှာ ရေးသားခဲ့ပါတယ်။

ဝေဟင်မှာပျံသန်းရင်း နဲ့ ဆီဖြည့်နိုင်တဲ့ ဒရုန်းကို စမ်းသတ် အောင်မြင်သွားပြန်တဲ့ အမေရိကန်

“ပျံသန်းနေတုန်းမှာ ဆီကို အလိုအလျောက် ကူးပြောင်းလက်ခံနိုင်တဲ့ စွမ်းရည်က အနာဂတ် မောင်းသူမဲ့ လေယာဉ်တွေအတွက် ဆက်လက်ပျံသန်းနိုင်တဲ့အကွာအဝေး၊ ချိန်ညှိ လုပ်ဆောင်နိုင်မှု စတဲ့အပိုင်းတွေကို တိုးမြှင့်ပေးတဲ့အတွက် လေယာဉ်တင်သင်္ဘောတွေရဲ့ ဖြန့်ကြက်နိုင်တဲ့ ဧရိယာကိုလည်း အံ့မခန်း မြင့်တက်လာစေမှာဖြစ်တယ်။”လို့ သူကဆိုပါတယ်။

X-47B ဒရုန်းတိုက်လေယာဉ်ဟာ ၂၀၁၃ ခုနှစ်က သတ်မှတ်အချိန်အတွင်းမှာ ပျံသန်း ဆင်းသက်နိုင်ခဲ့ပါတယ်။

ဒီဒရုန်းယာဉ်တွေကို ဘယ်လိုစစ်ဆင်ရေးအမျိုးအစားတွေမှာ သုံးမလဲဆိုတာနဲ့ပက်သတ်ပြီး အာဏာပိုင်တွေအနေနဲ့ အခြေအတင်ဆွေးနွေးနေဆဲမို့ ရေတပ်ကတိုးချဲ့လာတဲ့ လေယာဉ်တင် သင်္ဘောဆိုင်ရာ မောင်းသူမဲ့ ပျံသန်းရေး ပရိုဂရမ်ရဲ့ ရှေ့အစီအစဉ်တွေကို ယာယီရပ်တန့်ထားရပါတယ်။

အနာဂတ် မောင်းသူမဲ့လေယာဉ်တွေဟာ ဝေဟင်တွင်းဆီဖြည့်ခြင်းလို စံချိန်မီတာဝန်တွေကို ထမ်းဆောင်နိုင်သလို လေယာဉ်တင်သင်္ဘောလေအုပ်ရဲ့ အစိတ်အပိုင်းတရပ်အဖြစ် မောင်းသူပါ လေယာဉ်တွေနဲ့တွဲဖက်ပြီး စင်းလုံးချော ပျံသန်းနိုင်ခဲ့တယ်ဆိုတာကို ပြီးခဲ့တဲ့ သရုပ်ပြပျံသန်းမှုက အခိုင်အမာ သက်သေထူခဲ့ပြီလို့ ဗာဂျီးနီးယားပြည်နယ်ဖောလ်စ်ချာ့ခ်ျမြို့မှာရှိတဲ့ နော့သရော့ပ်ဂရမ်မန် လေယာဉ် ကုမ္ပဏီက ဆိုပါတယ်။

Post navigation

Leave a Reply

Your email address will not be published. Required fields are marked *