အေရးေပၚ ငလ်င္ သတိေပး ခ်က္ အားလံုး သိေအာင္ ရွယ္ေပး ပါဗ်

Posted on

အမ်ားျပည္သူ မ်ား သိေစဖို႔ ငလ်င္ဒဏ္ သတင္းကို မွ်ေဝလိုက္ ပါတယ္။ ပထမဦးစြာ အေနနဲ႔ ျမန္မာႏိုင္ငံအတြင္းမွာ ဘာေၾကာင့္ ငလ်င္လႈပ္ရလဲဆိုတာမွာ အေၾကာင္းႀကီးႏွစ္ခ်က္ ရွိေနပါတယ္။

(၁) အိႏၵိ ယႏိုင္ငံမွ ျမန္မာႏိုင္ငံ အတြင္း ေ႐ြ႕လ်ားလာတဲ့ အိႏၵိယျပတ္ေ႐ြ႕ေျမထု။ (၂) စစ္ကိုင္းျပတ္ေ႐ြ႕ေၾကာျဖစ္တဲ့ ျမန္မာႏိုင္ငံအတြင္းမွ အေနာက္ဘက္ကိုဦးတည္ေ႐ြ႕လ်ားေနတဲ့ ျပတ္ေ႐ြ႕ေျမထု။

စတဲ့အေၾကာင္းႀကီး ႏွစ္ခ်က္ေၾကာင့္ ျမန္မာႏိုင္ငံအတြင္းမွာ ငလ်င္မ်ားလႈပ္ေနရျခင္းျဖစ္ပါတယ္ ဆိုတာကို VOA သတင္းဌာနမွ ေဒၚခင္မ်ိဳးသက္ မွ ေမးျမန္းအင္တာဗ်ဴးထားၿပီး ျမန္မာႏိုင္ငံ ငလ်င္ေကာ္မတီ နာယက ေဒါက္တာ ဦးသိန္း ေျဖၾကားထားပါတယ္။ ငလ်င္ဒဏ္ အမ်ားဆုံးခံရဖြယ္ ႏွင့္ အျပင္းထံဆုံးခံရဖြယ္ ဧရိယာမ်ားအေနျဖင့္ ေျပာၾကားသြားရာမွာ –

1

(၁) မႏၲေလးးတိုင္း အေရွဘက္ျခမ္း (၂) ပဲခူးတိုင္း အေရွ႕ဘက္ျခမ္း (၃) ခ်င္းေတာင္တန္းေျမာက္ဘက္ျခမ္း / စစ္ကိုင္းတိုင္းေျမာက္ဘက္ျခမ္း စသည့္ ဧရိယာမ်ားျဖစ္ၾကၿပီး အႏၲရာယ္မ်ားႏွင့္လည္း ႀကဳံရဖြယ္ရွိပါေၾကာင္း ေျပာၾကားသြားပါတယ္။

တိုင္းအလိုက္ ခြဲျခားၿပီး ေျပာၾကားရာမွာေတာ့.- (၁) ရန္ကုန္တိုင္းအတြင္းမွာဆိုရင္ျဖင့္ ရန္ကုန္ၿမိဳ႕ဧရိယာ၏ အေရွဘက္အျခမ္းရွိ စစ္ကိုင္းျပတ္ေ႐ြ႕ေၾကာျဖင့္ ၁၅-၂၀ မိုင္နီးစပ္လွ်က္ရွိေနေသာ ဒဂုံေတာင္/ေျမာက္၊ အေရွ႕ဒဂုံ၊ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္မ်ား ျဖစ္ၾကပါတယ္။ ေျမေပ်ာ့ဧရိယာမ်ားျဖစ္ၾကသည့္အတြက္လည္း အျခားေနရာမ်ားႏွင့္ႏႈိင္းလွ်င္ ပိုမိုခံရဖြယ္ရွိပါေၾကာင္း ေျပာၾကားသြားပါတယ္။ (၂) မႏၲေလးတိုင္းအတြင္းမွာဆိုရင္ျဖင့္ တစ္ႏိုင္ငံလုံးအတိုင္းအတာအေနျဖင့္ အမ်ားဆုံးခံရဖြယ္ရွိပါတယ္။ ရစ္ခ်က္တာစေကး ၉ – ၁၀ အထိေအာင္ လႈပ္ႏိုင္ဖြယ္ရွိပါတယ္။ စစ္ကိုင္းျပတ္ေ႐ြ႕ေၾကာျဖင့္ ၆-၇ မိုင္ေလာက္ ကပ္လွ်က္ရွိေနေသာ မႏၲေလးအေနာက္ဘက္ျခမ္းပိုင္းမွာေတာ့ ေျမေပ်ာ့မ်ားျဖစ္သည့္အေလ်ာက္ အပ်က္အစီးပို၍ မ်ားပါမယ္။ ခန္႔မွန္းေျခအားျဖင့္ ၈၅-၈၆ လမ္း၏အေရွ႕ဘက္ေတြက ပို၍ အပ်က္အစီးမ်ားႏိုင္ပါတယ္။

2

(၃) ေနျပည္ေတာ္ အေနျဖင့္ေတာ့ ပ်ဥ္းမနားထက္စာလွ်င္ ပို၍ ခံရဖြယ္ရွိပါတယ္။ ပ်ဥ္းမနားက စစ္ကိုင္းျပတ္ေ႐ြ႕ေၾကာႏွင့္ ၁၀ မိုင္ေလာက္ နီးကပ္ေပမယ့္ ေနျပည္ေတာ္၏တစ္ခ်ိဳ႕ေနရာေတြက ၁-၂ မိုင္ေလာက္အထိ ကပ္ေနတဲ့ေနရာေတြ ရွိေနပါတယ္။ ငလ်င္အႏၲရယ္ ႀကီးမားစြာ ခံရႏိုင္ဖြယ္မွာ ရွေနေပမယ့္ အထပ္ျမင့္အေဆာက္အဦးမ်ား ရွိမေနျခင္းေၾကာင့္ ေဘးက်ေရာက္မႈေတာ့ နည္းပါလိမ့္မယ္။

ျမန္မာႏိုင္ငံအတြင္းမွာရွိေနတဲ့ ၿမိဳ႕ႀကီးမ်ားအေနျဖင့္ ငလ်င္ဒဏ္ခံရဖြယ္ၿမိဳ႕ႀကီးမ်ားကို ျမန္မာျပည္ ေတာင္ဘက္ဖ်ားမွ စတင္ကာ ေျပာျပရရင္ျဖင့္ – (၁) ပဲခူး (၂) ျဖဴး (၃) ေတာင္ငူ (၄) ေနျပည္ေတာ္ / ပ်ဥ္းမနား (၅) သာစည္ (၆) သဲေတာ္ (၇) ၀မ္းတြင္း (၈) မႏၲေလး (၉) စစ္ကိုင္း (၁၀) တေကာင္း (၁၁) သပိတ္က်ဥ္း (၁၂) ပူတာအို (၁၃) ဟုမၼလင္း (၁၄) ကေလး၀ (၁၅) ေ႐ႊဘို (၁၆) မုံ႐ြာ (၁၇) ေက်ာက္ဆည္ (၁၈) မိတ္ထီလာ စတဲ့ၿမိဳ႕ႀကီးေတြဟာ ငလ်င္ဒဏ္ခံရဖြယ္ ရွိပါေၾကာင္း ျမန္မာႏိုင္ငံ ငလ်င္ေကာ္မတီ နာယက ဦးသိန္း ေျပာၾကားသြားခ်က္ကို ေစတနာေရွ႕ထား ေမတၱာထားကာ သတၱဝါအမ်ား ေဘးအႏၲရယ္မွ ႀကိဳတင္ ကာကြယ္ ေရွာင္ရွား လြတ္ေျမာက္ ႏိုင္ပါေစေၾကာင္း က႐ုဏာထားကာ ေရးသားအသိေပး လိုက္ရပါတယ္ခင္ဗ်ာ။ မူရင္း စာေရးသူအား credit ေပးပါသည္

Unicode

အများပြည်သူ များ သိစေဖို့ ငလျင်ဒဏ် သတင်းကို မျှဝေလိုက် ပါတယ်။ ပထမဦးစွာ အနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ ဘာကြောင့် ငလျင်လှုပ်ရလဲဆိုတာမှာ အကြောင်းကြီးနှစ်ချက် ရှိနေပါတယ်။

(၁) အိန္ဒိ ယနိုင်ငံမှ မြန်မာနိုင်ငံ အတွင်း ရွေ့လျားလာတဲ့ အိန္ဒိယပြတ်ရွေ့မြေထု။ (၂) စစ်ကိုင်းပြတ်ရွေ့ကြောဖြစ်တဲ့ မြန်မာနိုင်ငံအတွင်းမှ အနောက်ဘက်ကိုဦးတည်ရွေ့လျားနေတဲ့ ပြတ်ရွေ့မြေထု။ စတဲ့အကြောင်းကြီး နှစ်ချက်ကြောင့် မြန်မာနိုင်ငံအတွင်းမှာ ငလျင်များလှုပ်နေရခြင်းဖြစ်ပါတယ် ဆိုတာကို VOA သတင်းဌာနမှ ဒေါ်ခင်မျိုးသက် မှ မေးမြန်းအင်တာဗျူးထားပြီး မြန်မာနိုင်ငံ ငလျင်ကော်မတီ နာယက ဒေါက်တာ ဦးသိန်း ဖြေကြားထားပါတယ်။ ငလျင်ဒဏ် အများဆုံးခံရဖွယ် နှင့် အပြင်းထံဆုံးခံရဖွယ် ဧရိယာများအနေဖြင့် ပြောကြားသွားရာမှာ –

(၁) မန္တလေးးတိုင်း အရှေဘက်ခြမ်း (၂) ပဲခူးတိုင်း အရှေ့ဘက်ခြမ်း (၃) ချင်းတောင်တန်းမြောက်ဘက်ခြမ်း / စစ်ကိုင်းတိုင်းမြောက်ဘက်ခြမ်း စသည့် ဧရိယာများဖြစ်ကြပြီး အန္တရာယ်များနှင့်လည်း ကြုံရဖွယ်ရှိပါကြောင်း ပြောကြားသွားပါတယ်။ တိုင်းအလိုက် ခွဲခြားပြီး ပြောကြားရာမှာတော့.- (၁) ရန်ကုန်တိုင်းအတွင်းမှာဆိုရင်ဖြင့် ရန်ကုန်မြို့ဧရိယာ၏ အရှေဘက်အခြမ်းရှိ စစ်ကိုင်းပြတ်ရွေ့ကြောဖြင့် ၁၅-၂၀ မိုင်နီးစပ်လျှက်ရှိနေသော ဒဂုံတောင်/မြောက်၊ အရှေ့ဒဂုံ၊ ဒဂုံဆိပ်ကမ်းမြို့နယ်များ ဖြစ်ကြပါတယ်။ မြေပျော့ဧရိယာများဖြစ်ကြသည့်အတွက်လည်း အခြားနေရာများနှင့်နှိုင်းလျှင် ပိုမိုခံရဖွယ်ရှိပါကြောင်း ပြောကြားသွားပါတယ်။ (၂) မန္တလေးတိုင်းအတွင်းမှာဆိုရင်ဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အများဆုံးခံရဖွယ်ရှိပါတယ်။ ရစ်ချက်တာစကေး ၉ – ၁၀ အထိအောင် လှုပ်နိုင်ဖွယ်ရှိပါတယ်။ စစ်ကိုင်းပြတ်ရွေ့ကြောဖြင့် ၆-၇ မိုင်လောက် ကပ်လျှက်ရှိနေသော မန္တလေးအနောက်ဘက်ခြမ်းပိုင်းမှာတော့ မြေပျော့များဖြစ်သည့်အလျောက် အပျက်အစီးပို၍ များပါမယ်။

ခန့်မှန်းခြေအားဖြင့် ၈၅-၈၆ လမ်း၏အရှေ့ဘက်တွေက ပို၍ အပျက်အစီးများနိုင်ပါတယ်။ (၃) နေပြည်တော် အနေဖြင့်တော့ ပျဉ်းမနားထက်စာလျှင် ပို၍ ခံရဖွယ်ရှိပါတယ်။ ပျဉ်းမနားက စစ်ကိုင်းပြတ်ရွေ့ကြောနှင့် ၁၀ မိုင်လောက် နီးကပ်ပေမယ့် နေပြည်တော်၏တစ်ချို့နေရာတွေက ၁-၂ မိုင်လောက်အထိ ကပ်နေတဲ့နေရာတွေ ရှိနေပါတယ်။ ငလျင်အန္တရယ် ကြီးမားစွာ ခံရနိုင်ဖွယ်မှာ ရှနေပေမယ့် အထပ်မြင့်အဆောက်အဦးများ ရှိမနေခြင်းကြောင့် ဘေးကျရောက်မှုတော့ နည်းပါလိမ့်မယ်။ မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့ မြို့ကြီးများအနေဖြင့် ငလျင်ဒဏ်ခံရဖွယ်မြို့ကြီးများကို မြန်မာပြည် တောင်ဘက်ဖျားမှ စတင်ကာ ပြောပြရရင်ဖြင့် – (၁) ပဲခူး (၂) ဖြူး (၃) တောင်ငူ (၄) နေပြည်တော် / ပျဉ်းမနား (၅) သာစည် (၆) သဲတော် (၇) ၀မ်းတွင်း (၈) မန္တလေး (၉) စစ်ကိုင်း (၁၀) တကောင်း (၁၁) သပိတ်ကျဉ်း (၁၂) ပူတာအို (၁၃) ဟုမ္မလင်း (၁၄) ကလေးဝ (၁၅) ရွှေဘို (၁၆) မုံရွာ (၁၇) ကျောက်ဆည် (၁၈) မိတ်ထီလာ စတဲ့မြို့ကြီးတွေဟာ ငလျင်ဒဏ်ခံရဖွယ် ရှိပါကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီ နာယက ဦးသိန်း ပြောကြားသွားချက်ကို စေတနာရှေ့ထား မေတ္တာထားကာ သတ္တဝါအများ ဘေးအန္တရယ်မှ ကြိုတင် ကာကွယ် ရှောင်ရှား လွတ်မြောက် နိုင်ပါစေကြောင်း ကရုဏာထားကာ ရေးသားအသိပေး လိုက်ရပါတယ်ခင်ဗျာ။ မူရင်း စာရေးသူအား credit ပေးပါသည်

Leave a Reply

Your email address will not be published. Required fields are marked *