ဝူဟန္ဗိုင္းရပ္စ္ ( ရွိ / မရွိ ) ကို ျမန္မာႏိုင္ငံရွိဓါတ္ခြဲခန္းတြင္ ယေန ့ညေန ( သို ့) မနက္ျဖန္မွစ၍ စစ္ေဆးႏိုင္ေတာ့မည္

ဝူဟန္ဗိုင္းရပ္ စမ္းသပ္ရွာေဖြရာ တြင္ အသုံးျပဳမည့္ Reagent အခု ၁၀၀ (၂၅ ဦးစာ) ရန္ကုန္ကိုေရာက္ရွိလာျပီျဖစ္ျပီး Custom ကိစၥျပီးပါက ယေန႔ ညေန သို ့မနက္ျဖန္တြင္ အမ်ိဳးသား ဓာတ္ခြဲခန္း ( NHL ) တြင္ စတင္စစ္ေဆးနိုင္ေတာ့မွာျဖစ္ ပါတယ္ ။ ၁၂ ရက္ေန႔ တြင္ ေနာက္ထပ္ Reagent အခု ၁၀၀ ( ၂၅ဦး ) စာ Reagent မ်ား ထပ္မံေရာက္ရွိမည္ျဖစ္ျပီး ( ၁၇ ) ရက္ေန႔ တြင္ ေနာက္ထပ္ ၅၀၀ ( ၁၂၅ ဦး ) စာထပ္မံေရာက္ရွိမည္ျဖစ္ ပါ သည္။

ဝူဟန္ဗိုင္းရပ္စ္ ( ရွိ / မရွိ ) ကို ျမန္မာႏိုင္ငံရွိဓါတ္ခြဲခန္းတြင္ ယေန ့ညေန ( သို ့) မနက္ျဖန္မွစ၍ စစ္ေဆးႏိုင္ေတာ့မည္

– ထို Reagent မ်ားကို ထိုင္း ၊ ဂ်ပန္ႏွင့္ ကုလ မွ ေပးပို ့ျခင္းျဖစ္သည္ ။

– ထို့ေၾကာင့္ ထိုင္းနိုင္ငံ သို့ ေပးပို ့စစ္ေဆးစရာ မလိုဘဲ ဝူဟန္ဗိုင္းရပ္ ရွိ မရွိကို ျမန္မာျပည္တြင္ စစ္ေဆးႏိုင္မည္ျဖစ္ပါသည္။

– အမ်ားစု ေျပာေနၾကသလို စမ္းသပ္သည့္စက္ မရွိဆိုသည္မွာ မဟုတ္ပါ။ ဓာတ္ခြဲစမ္းသပ္သည့္ PCR စက္သည္ အစထဲက ရွိျပီး ပိုးအသစ္ကို ဓာတ္ခြဲရန္ လိုအပ္သည့္ Reagent သာ မရွိျခင္းျဖစ္သည္။ယခုအခါ ထို Reagent ရရွိျပီျဖစ္၍ စတင္ဓာတ္ခြဲနိုင္ေတာ့မည္ ျဖစ္ပါသည္။

ဝူဟန္ဗိုင္းရပ္စ္ ( ရွိ / မရွိ ) ကို ျမန္မာႏိုင္ငံရွိဓါတ္ခြဲခန္းတြင္ ယေန ့ညေန ( သို ့) မနက္ျဖန္မွစ၍ စစ္ေဆးႏိုင္ေတာ့မည္

Source – Khin Khin Gyi
ref:The Ladies News
Photo:LKT

Unicode

ဝူဟန်ဗိုင်းရပ် စမ်းသပ်ရှာဖွေရာတွင် အသုံးပြုမည့် Reagent အခု ၁၀၀ ( ၂၅ ဦးစာ) ရန်ကုန်ကို ရောက်ရှိလာပြီဖြစ်ပြီး Custom ကိစ္စပြီးပါက ယနေ့ညနေ သို ့မနက်ဖြန်တွင် အမျိုးသား ဓာတ်ခွဲခန်း(NHL) တွင် စတင်စစ်ဆေးနိုင်တော့မှာဖြစ်ပါတယ်။ ၁၂ ရက်နေ့တွင် နောက်ထပ် Reagent အခု ၁၀၀ (၂၅ဦး)စာ Reagent များ ထပ်မံရောက်ရှိမည်ဖြစ်ပြီး ၁၇ ရက်နေ့တွင် နောက်ထပ် ၅၀၀ (၁၂၅ ဦး)စာထပ်မံရောက်ရှိမည်ဖြစ်ပါသည်။

– ထို Reagent များကို ထိုင်း၊ ဂျပန်နှင့် ကုလမှ ပေးပို ့ခြင်းဖြစ်သည်။

– ထို့ကြောင့် ထိုင်းနိုင်ငံသို့ ပေးပို ့စစ်ဆေးစရာ မလိုဘဲ ဝူဟန်ဗိုင်းရပ် ရှိ မရှိကို မြန်မာပြည်တွင် စစ်ဆေးနိုင်မည်ဖြစ်ပါသည်။

– အများစု ပြောနေကြသလို စမ်းသပ်သည့်စက် မရှိဆိုသည်မှာ မဟုတ်ပါ။ ဓာတ်ခွဲစမ်းသပ်သည့် PCR စက်သည် အစထဲက ရှိပြီး ပိုးအသစ်ကို ဓာတ်ခွဲရန် လိုအပ်သည့် Reagent သာ မရှိခြင်းဖြစ်သည်။ယခုအခါ ထို Reagent ရရှိပြီဖြစ်၍ စတင်ဓာတ်ခွဲနိုင်တော့မည် ဖြစ်ပါသည်။

Source – Khin Khin Gyi
ref:The Ladies News
Photo:LKT

Add a Comment

Your email address will not be published. Required fields are marked *