လူသားမ်ားစြာေသဆုံးနိုင္တဲ့ ကမၻာဖ်က္ၿဂိဳဟ္သိမ္ဝင္တိုက္နိုင္မယ့္ ျဖစ္နိုင္ဖြယ္ေန႔ရက္မ်ားကို နာဆာ ထုတ္ျပန္

Posted on

နာဆာသိပၸံပညာရွင္ ေတြသာမက ၊ အလြန္တက္ကၽြမ္းနားလည္တဲ့ အာကသပညာရွင္ေတြဟာ ကမၻာေျမဆီကိုဝင္တိုက္နိုင္ေျခရွိတဲ့ ၿဂိဳဟ္သိမ္ႀကီးတစ္လုံးေၾကာင့္ အေတာ္ေလးစိတ္ပူေနၾကတယ္လို႔ဆိုပါတယ္ …

အဲဒီၿဂိဳဟ္သိမ္ရဲ့နာမည္ကေတာ့ အယ္ပိုဖြင့္(စ္) ျဖစ္ပါတယ္။ DailyStar သတင္းစာရဲ့ ေဖာ္ျပခ်က္အရ အဆိုပါ ၿဂိဳဟ္သိမ္ဟာ အာကသထဲကေနအရွိန္ျပင္းစြာနဲ႔ လြင့္ပ်ံ လာေနၿပီး ၊ ကမၻာ အတြက္ေတာ့ ေကာင္းတဲ့ သက္ေရာက္မႈေတြ ယူေဆာင္လာ မွာ မဟုတ္ပါဘူး တဲ့။

ကမၻာကို အဲဒီၿဂိဳဟ္သိမ္သာ ဝင္တိုက္မယ္ဆို လူ သန္းနဲ႔ခ်ီ အခ်ိန္အနည္းငယ္အတြင္း ေသဆုံးမွာပါ။

လူသားမ်ားစြာေသဆုံးနိုင္တဲ့ ကမၻာဖ်က္ၿဂိဳဟ္သိမ္ဝင္တိုက္နိုင္မယ့္ ျဖစ္နိုင္ဖြယ္ေန႔ရက္မ်ားကို နာဆာ ထုတ္ျပန္

နာဆာ ရဲ့ ကနဦးတြက္ခ်က္မႈေတြအရ ဒီၿဂိဳဟ္နဲ႔ ကမၻာတို႔ လြဲေခ်ာ္ဖို႔ အလြန္က်ဥ္းေျမာင္းတဲ့ အခြင့္အေရးသာရွိၿပီး၊ ကမၻာကို ဝင္တိုက္နိုင္ဖြယ္ရွိတဲ့ ေန႔ရက္နဲ႔ ခုႏွစ္ေတြကို နာဆာ က အသိေပးထုတ္ျပန္ခဲ့ပါတယ္။

အဲဒီ အယ္ပိုဖြင့္(စ္) ၿဂိဳဟ္သိမ္ဟာ (၁၂၁၄)အက်ယ္ရွိပါတယ္။

ကမၻာကို ဝင္တိုက္မယ့္အရွိန္နဲ႔ တြက္ခ်က္ၾကည့္ရင္ေတာ့ ကမၻာေပၚကို တန္ေပါင္း (၁၂၀၀)မီဂါတန္ရွိတဲ့ ေက်ာက္ခဲႀကီးတစ္လုံးနဲ႔ ထုလိုက္သလိုျဖစ္ေစမယ္လို႔ ဆိုပါတယ္။

သို႔မဟုတ္ (၁.၂)သန္း ကီလိုတန္ရွိတဲ့ Kinetic Energy နဲ႔ ညီမၽွတယ္လို႔ တြက္ခ်က္ထားပါတယ္။

လူသားမ်ားစြာေသဆုံးနိုင္တဲ့ ကမၻာဖ်က္ၿဂိဳဟ္သိမ္ဝင္တိုက္နိုင္မယ့္ ျဖစ္နိုင္ဖြယ္ေန႔ရက္မ်ားကို နာဆာ ထုတ္ျပန္

အဆိုပါ အယ္ပိုဖြင့္(စ္) ဟာ ၿပီးခဲ့တဲ့ ေအာက္တိုဘာ(၃၁)မွ နိုဝဘၤာ(၁၃)အတြင္း ကမၻာနဲ႔အနီးဆုံး မိုင္(၁၉၀၀၀)အကြာကို ေရာက္လာခဲ့ၿပီး၊

ဒီအကြာအေဝးဟာ အာကာသယာဥ္တစ္ခ်ိဳ႕ ကမၻာကို လွည့္ပတ္ေနတဲ့ ေျမျပင္အကြာအေဝးနဲ႔ တူညီေနပါတယ္။ (၂၀၂၉)မွာ အယ္ပိုဖြင့္(စ္) ဟာ ကမၻာကို ပိုၿပီး နီးကပ္စြာ ျဖတ္သန္းမွာပါ။

ဒီအႀကိမ္မွာ ကမၻာကို မတိုက္ေသးဘူးဆိုရင္ေတာင္ တိုက္နိုင္ဖြယ္ရွိတဲ့ ေန႔ရက္ေတြကို နာဆာက အခုလို ထုတ္ျပန္ထားပါတယ္။

ယင္းေန႔ရက္ေတြကေတာ့ (၂၀၆၀)ခု ဧၿပီလ (၁၂)ရက္၊ (၂၀၆၅)ခု ဧၿပီလ(၁၁)ရက္၊ (၂၀၆၈)ခု ဧၿပီ(၁၂)ရက္၊ ယင္းႏွစ္ ေအာက္တိုဘာ (၁၀)ရက္-(၂၀၇၆) ခုႏွစ္ ဧၿပီ(၁၃)ရက္၊

(၂၀၇၇)ခုႏွစ္ ဧၿပီ(၁၃)ရက္၊ (၂၀၇၈) ခုႏွစ္ ဧၿပီ(၁၃)ရက္၊ (၂၀၈၉)ခုႏွစ္ ေအာက္တိုဘာ (၁၀)ရက္၊ (၂၀၉၁)ခုႏွစ္ ဧၿပီလ(၁၃)ရက္၊

(၂၁၀၃)ခုႏွစ္ ဧၿပီလ (၁၄)ရက္တို႔ျဖစ္ေၾကာင္း သိရပါတယ္။ ကမၻာကို ဝင္တိုက္ခဲ့မယ္ဆိုရင္ ဟီရိုရွီးမားကိုက်ဲခ်တဲ့ အႏုျမဴဗုံးထက္ (၁၅)ဆ ပိုၿပီး ျပင္းထန္မယ္လို႔ သိရပါတယ္။

Unicode

နာဆာ သိပ္ပံပညာရှင်တွေသာမက၊ အလွန်တက်ကျွမ်းနားလည်တဲ့ အာကသပညာရှင်တွေဟာ ကမ္ဘာမြေဆီကို ဝင်တိုက်နိုင်ခြေရှိတဲ့ ဂြိုဟ်သိမ်ကြီးတစ်လုံးကြောင့် အတော်လေး စိတ်ပူနေကြတယ်လို့ ဆိုပါတယ်။

အဲဒီဂြိုဟ်သိမ်ရဲ့နာမည်ကတော့ အယ်ပိုဖွင့်(စ်) ဖြစ်ပါတယ်။ DailyStar သတင်းစာရဲ့ ဖော်ပြချက်အရ အဆိုပါ ဂြိုဟ်သိမ်ဟာ အာကသထဲကနေ အရှိန်ပြင်းစွာနဲ့ လွင့်ပျံလာနေပြီး၊ ကမ္ဘာအတွက်တော့ ကောင်းတဲ့ သက်ရောက်မှုတွေ ယူဆောင်လာမှာ မဟုတ်ပါဘူးတဲ့။

ကမ္ဘာကို အဲဒီဂြိုဟ်သိမ်သာ ဝင်တိုက်မယ်ဆို လူ သန်းနဲ့ချီ အချိန်အနည်းငယ်အတွင်း သေဆုံးမှာပါ။

နာဆာ ရဲ့ ကနဦးတွက်ချက်မှုတွေအရ ဒီဂြိုဟ်နဲ့ ကမ္ဘာတို့ လွဲချော်ဖို့ အလွန်ကျဉ်းမြောင်းတဲ့ အခွင့်အရေးသာရှိပြီး၊ ကမ္ဘာကို ဝင်တိုက်နိုင်ဖွယ်ရှိတဲ့ နေ့ရက်နဲ့ ခုနှစ်တွေကို နာဆာ က အသိပေးထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ အယ်ပိုဖွင့်(စ်) ဂြိုဟ်သိမ်ဟာ (၁၂၁၄)အကျယ်ရှိပါတယ်။

ကမ္ဘာကို ဝင်တိုက်မယ့်အရှိန်နဲ့ တွက်ချက်ကြည့်ရင်တော့ ကမ္ဘာပေါ်ကို တန်ပေါင်း (၁၂၀၀)မီဂါတန်ရှိတဲ့ ကျောက်ခဲကြီးတစ်လုံးနဲ့ ထုလိုက်သလိုဖြစ်စေမယ်လို့ ဆိုပါတယ်။

သို့မဟုတ် (၁.၂)သန်း ကီလိုတန်ရှိတဲ့ Kinetic Energy နဲ့ ညီမျှတယ်လို့ တွက်ချက်ထားပါတယ်။

အဆိုပါ အယ်ပိုဖွင့်(စ်) ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ(၃၁)မှ နိုဝင်္ဘာ(၁၃)အတွင်း ကမ္ဘာနဲ့အနီးဆုံး မိုင်(၁၉၀၀၀)အကွာကို ရောက်လာခဲ့ပြီး၊

ဒီအကွာအဝေးဟာ အာကာသယာဉ်တစ်ချို့ ကမ္ဘာကို လှည့်ပတ်နေတဲ့ မြေပြင်အကွာအဝေးနဲ့ တူညီနေပါတယ်။ (၂၀၂၉)မှာ အယ်ပိုဖွင့်(စ်) ဟာ ကမ္ဘာကို ပိုပြီး နီးကပ်စွာ ဖြတ်သန်းမှာပါ။

ဒီအကြိမ်မှာ ကမ္ဘာကို မတိုက်သေးဘူးဆိုရင်တောင် တိုက်နိုင်ဖွယ်ရှိတဲ့ နေ့ရက်တွေကို နာဆာက အခုလို ထုတ်ပြန်ထားပါတယ်။

ယင်းနေ့ရက်တွေကတော့ (၂၀၆၀)ခု ဧပြီလ (၁၂)ရက်၊ (၂၀၆၅)ခု ဧပြီလ(၁၁)ရက်၊ (၂၀၆၈)ခု ဧပြီ(၁၂)ရက်၊ ယင်းနှစ် အောက်တိုဘာ (၁၀)ရက်-(၂၀၇၆) ခုနှစ် ဧပြီ(၁၃)ရက်၊

(၂၀၇၇)ခုနှစ် ဧပြီ(၁၃)ရက်၊ (၂၀၇၈) ခုနှစ် ဧပြီ(၁၃)ရက်၊ (၂၀၈၉)ခုနှစ် အောက်တိုဘာ (၁၀)ရက်၊ (၂၀၉၁)ခုနှစ် ဧပြီလ(၁၃)ရက်၊

(၂၁၀၃)ခုနှစ် ဧပြီလ (၁၄)ရက်တို့ဖြစ်ကြောင်း သိရပါတယ်။ ကမ္ဘာကို ဝင်တိုက်ခဲ့မယ်ဆိုရင် ဟီရိုရှီးမားကိုကျဲချတဲ့ အနုမြူဗုံးထက် (၁၅)ဆ ပိုပြီး ပြင်းထန်မယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *