ဗစ္​တိုးရီးယား အမႈ တကယ္​ ၿပီးဆံုးသြား ၿပီလား?

Posted on

ေရး သား သူ – သကၠ မိုးညိဳ

ဗစ္ တိုးရီးယား အမွဳ နဲ႕ ပတ္သက္ၿပီး လာလာေမးၾကတယ္ ။ အမွဳက ၿပီးသြားၿပီဆို…၊ ဘာမွ လုပ္မရဘူးလား ၊ ဒီအတိုင္းပဲ ၿပီးသြားတာလား ။ ၿငိမ္ေနတယ္ေနာ္၊ ဘာညာ ဘာညာ ၊ တခ်ိဳ႕က အားမလို အားမရစိတ္နဲ႕ ေမးတာ ျဖစ္သလို၊ တခ်ိဳ႕က် ( ဒီေကာင္ေတြ ဘာဆက္လုပ္မွာလဲ ) ဆိုတာမ်ိဳး ဆြခ်င္တဲ့ အခံ နဲ႕ ေမးတာေတြ ရိွတယ္ ။ ဒီဘက္က တမင္ၿငိမ္ေနတာ ကို နားမလည္ ပါးမလည္ လာလာေမးၾကသူေတြ ရိွတယ္ ။ ထား ပါေတာ့…

(၁) ဗစ္ တိုးရီးယား အမွဳလို႕ ေျပာရင္ ကၽြန္ေတာ္တို႕ ခံယူတာက (သမီးေလး အမွန္တရား ရေရး လွဳပ္ရွားမွဳ) ကိုပဲ ကၽြန္ေတာ္တို႕ ေျပာတာ။ ေအာင္ႀကီးကို ရဲတပ္ဖြဲ႕က စြဲဆိုထားတဲ့ အမွဳသည္ ဒီဇင္ဘာ ၁၈ ရက္ေန႕က ေအာင္ႀကီးကို တရားရွင္ လႊတ္လိုက္ျခင္းနဲ႕အတူ ရံုးခ်ိန္းေတြ ရပ္သြားၿပီ။ ဒါေပမယ့္ ရက္ေပါင္း ၆၀ အတြင္း ျပင္ဆင္ခ်က္နဲ႕ တက္ႏိုင္တယ္ ဆိုတဲ့အတြက္ ရက္ေပါင္း ၆၀ ျပည့္မယ့္ ၁၈.၂.၂၀၂၀ အထိ ေစာင့္ရမယ္။ ေစာင့္ရမယ့္ ကိစၥကို ေစာင့္တာက ေအာင္ႀကီးအမွဳ ၿပီးမၿပီး ေစာင့္တာပဲ ျဖစ္တယ္။ ဗစ္တိုးရီးယား အမွန္တရား ရေရး ရွာေဖြမွဳ ရပ္တန္႕သြားတာ မဟုတ္ပါ။

ဗစ္​တိုးရီးယား အမႈ တကယ္​ ၿပီးဆံုးသြား ၿပီလား?

(၂) ဘာ ဆက္လုပ္မွာလဲ ဆိုေတာ့ …. အင္း၊ မေျပာဘူး။ ဘာလို႕လဲဆိုေတာ့ ဘယ္သူေတြ ဘာလုပ္ဦးမလဲ မသိလို႕။ ၀ယ္လင္တန္ကိုလား မသိဘူး။ စစ္ပြဲကို ဘယ္လိုတိုက္မွာလဲ လာေမးတယ္။ ဟင္… စစ္ပြဲက ငါက စတာမဟုတ္ဘူးကြ။ နပိုလီယန္ စတာ။ ဒီေတာ့ သူက ေျမာက္ဘက္က တိုက္ရင္ ငါက ေတာင္ဘက္က ခုခံရမွာ။ သူက ေတာင္ဘက္က တိုက္ရင္ ငါက ေျမာက္ဘက္က ခုခံရမွာ..တဲ့။ (မွားရင္ ျပင္ေပးပါ။ သေဘာတရားေလးပဲ ယူတာ) ဒီေတာ့ ဘယ္သူေတြ ဘာလုပ္မယ္မွန္း မသိပဲ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ ေအာ္ေနလို႕ မရပါဘူး။ တခုပဲ။ ကၽြန္ေတာ္တို႕ ရပ္သြားတာ မဟုတ္ပါဘူး။ ေစာင့္ေနတာပါ။

(၃) အ မွန္တရားက ဘာလဲဆိုတာ ဘြားဘြားႀကီး မျမင္ရရင္ေတာင္ ဘယ္သူေတြ ဘယ္လို လိမ္လည္ခဲ့တယ္ ဆိုတာကို အားလံုးသိေအာင္ ခ်ျပႏိုင္ခဲ့တာပဲ။ ဘယ္သူေတြ ဘယ္လို ေရွာင္သြားတယ္ဆိုတာလည္း ကၽြန္ေတာ္တို႕ ေျပာစရာမလိုပဲ ျမင္ၾကမွာပါ။ ဟိုဟာ မျပင္ရေသးလို႕၊ ဟိုဟာက ဟိုေအာက္မွာ မရိွလို႕ လို႕ လာေျပာၾကသူေတြလည္း စိတ္မ၀င္စားပါဘူး။ အစကတည္းက ျပည္သူကိုပဲ အားကိုးခဲ့တာပါ။

ဗစ္​တိုးရီးယား အမႈ တကယ္​ ၿပီးဆံုးသြား ၿပီလား?

(၄) သ မီးေလး ဗစ္တိုးရီးယားအတြက္ အမွန္တရား ရွာေဖြေရးသည္ မၿပီးျပတ္ေသးဘူး ဆိုတာပဲ ေျပာခ်င္ပါတယ္။ ကၽြန္ေတာ္တို႕ ရပ္တန္႕မွာ မဟုတ္ဘူး ဆိုတာလည္း ေျပာခ်င္ပါတယ္။

သကၠမိုးညိဳ

Unicode

ရေး သား သူ – သက္ကမိုးညို

ဗစ်တိုးရီးယား အမှု နဲ့ ပတ်သက်ပြီး လာလာမေးကြတယ် ။ အမှုက ပြီးသွားပြီဆို…၊ ဘာမှ လုပ်မရဘူးလား ၊ ဒီအတိုင်းပဲ ပြီးသွားတာလား ။ ငြိမ်နေတယ်နော်၊ ဘာညာ ဘာညာ ၊တချို့က အားမလို အားမရစိတ်နဲ့ မေးတာ ဖြစ်သလို၊ တချို့ကျ (ဒီကောင်တွေ ဘာဆက်လုပ်မှာလဲ) ဆိုတာမျိုးဆွချင်တဲ့ အခံနဲ့ မေးတာတွေ ရှိတယ်။ ဒီဘက်က တမင်ငြိမ်နေတာကို နားမလည် ပါးမလည် လာလာမေးကြသူတွေ ရှိတယ်။ ထားပါတော့…

(၁) ဗစ်တိုးရီးယား အမှုလို့ ပြောရင် ကျွန်တော်တို့ ခံယူတာက (သမီးလေး အမှန်တရား ရရေး လှုပ်ရှားမှု) ကိုပဲ ကျွန်တော်တို့ ပြောတာ။ အောင်ကြီးကို ရဲတပ်ဖွဲ့က စွဲဆိုထားတဲ့ အမှုသည် ဒီဇင်ဘာ ၁၈ ရက်နေ့က အောင်ကြီးကို တရားရှင် လွှတ်လိုက်ခြင်းနဲ့အတူ ရုံးချိန်းတွေ ရပ်သွားပြီ။ ဒါပေမယ့် ရက်ပေါင်း ၆၀ အတွင်း ပြင်ဆင်ချက်နဲ့ တက်နိုင်တယ် ဆိုတဲ့အတွက် ရက်ပေါင်း ၆၀ ပြည့်မယ့် ၁၈.၂.၂၀၂၀ အထိ စောင့်ရမယ်။ စောင့်ရမယ့် ကိစ္စကို စောင့်တာက အောင်ကြီးအမှု ပြီးမပြီး စောင့်တာပဲ ဖြစ်တယ်။ ဗစ်တိုးရီးယား အမှန်တရား ရရေး ရှာဖွေမှု ရပ်တန့်သွားတာ မဟုတ်ပါ။

(၂) ဘာဆက်လုပ်မှာလဲ ဆိုတော့ …. အင်း၊ မပြောဘူး။ ဘာလို့လဲဆိုတော့ ဘယ်သူတွေ ဘာလုပ်ဦးမလဲ မသိလို့။ ဝယ်လင်တန်ကိုလား မသိဘူး။ စစ်ပွဲကို ဘယ်လိုတိုက်မှာလဲ လာမေးတယ်။ ဟင်… စစ်ပွဲက ငါက စတာမဟုတ်ဘူးကွ။ နပိုလီယန် စတာ။ ဒီတော့ သူက မြောက်ဘက်က တိုက်ရင် ငါက တောင်ဘက်က ခုခံရမှာ။ သူက တောင်ဘက်က တိုက်ရင် ငါက မြောက်ဘက်က ခုခံရမှာ..တဲ့။ (မှားရင် ပြင်ပေးပါ။ သဘောတရားလေးပဲ ယူတာ) ဒီတော့ ဘယ်သူတွေ ဘာလုပ်မယ်မှန်း မသိပဲ ဆင်ဖမ်းမယ် ကျားဖမ်းမယ် အော်နေလို့ မရပါဘူး။ တခုပဲ။ ကျွန်တော်တို့ ရပ်သွားတာ မဟုတ်ပါဘူး။ စောင့်နေတာပါ။

(၃) အမှန်တရားက ဘာလဲဆိုတာ ဘွားဘွားကြီး မမြင်ရရင်တောင် ဘယ်သူတွေ ဘယ်လို လိမ်လည်ခဲ့တယ် ဆိုတာကို အားလုံးသိအောင် ချပြနိုင်ခဲ့တာပဲ။ ဘယ်သူတွေ ဘယ်လို ရှောင်သွားတယ်ဆိုတာလည်း ကျွန်တော်တို့ ပြောစရာမလိုပဲ မြင်ကြမှာပါ။ ဟိုဟာ မပြင်ရသေးလို့၊ ဟိုဟာက ဟိုအောက်မှာ မရှိလို့ လို့ လာပြောကြသူတွေလည်း စိတ်မဝင်စားပါဘူး။ အစကတည်းက ပြည်သူကိုပဲ အားကိုးခဲ့တာပါ။

(၄) သမီးလေး ဗစ်တိုးရီးယားအတွက် အမှန်တရား ရှာဖွေရေးသည် မပြီးပြတ်သေးဘူး ဆိုတာပဲ ပြောချင်ပါတယ်။ ကျွန်တော်တို့ ရပ်တန့်မှာ မဟုတ်ဘူး ဆိုတာလည်း ပြောချင်ပါတယ်။

သက္ကမိုးညို

Leave a Reply

Your email address will not be published. Required fields are marked *