ဖိလစ္ပိုင္ႏိုင္ငံေတာင္ပိုင္းတြင္ ၀က္အျပင္းဖ်ားေရာဂါ ေခၚ ဝက္တုပ္ေကြး ကူးစက္ ျဖစ္ပြားေန

Posted on

ႏုိင္ငံ့၀က္ေကာင္ေရ ၁၂.၈ သန္းအနက္ သုံးပုံတစ္ပုံ နီးပါးေလာက္ရွိေနတဲ့ ဖိလစ္ပုိင္ေတာင္ပုိင္း မွာ အာဖရိက ၀က္အျပင္းဖ်ားေရာဂါေခၚ ၀က္တုပ္ေကြး ကူးစက္ျဖစ္ပြားေနေၾကာင္း ဖိလစ္ပုိင္အာဏာပုိင္ေတြက ေဖေဖာ္ဝါရီ (၉) ရက္ တနဂၤေႏြေန႕မွာ အတည္ျပဳခဲ့ေျပာၾကား ခဲ့ပါတယ္ ။

ဒါ့အျပင္ ႏုိင္ငံေျမာက္ပုိင္း ျပည္နယ္အခ်ဳိ႕ မွာလည္း ေရာဂါပုိးျဖစ္ပြားတာ ကုိ ထပ္မံ ေဖာ္ထုတ္ေတြ႕ရွိထားေၾကာင္း စုိက္ပ်ဳိးေရးဦးစီးဌာနက ေျပာပါတယ္ ။

ဖိလစ္ပိုင္ႏိုင္ငံေတာင္ပိုင္းတြင္ ၀က္အျပင္းဖ်ားေရာဂါ ေခၚ ဝက္တုပ္ေကြး ကူးစက္ ျဖစ္ပြားေန

ကမာၻေပၚမွာ ဒႆမေျမာက္ အႀကီးဆုံး ၀က္စားသုံးႏုိင္ငံျဖစ္ကာ သမၼတေျမာက္ အႀကီးဆုံး ၀က္တင္သြင္းႏုိင္ငံျဖစ္တဲ့ ဖိလစ္ပုိင္မွာ ၀က္တုပ္ေကြးေရာဂါ ကူးစက္ျဖစ္ပြားေၾကာင္း ၂၀၁၉ ခုႏွစ္ စက္တင္ဘာမွာ ပထမဆုံး သတင္းထုန္ျပန္ထားပါတယ္။ ႏုိင္ငံေျမာက္ပုိင္း လူဇုံကၽြန္းေပၚက ၿမိဳ႕ေတာ္မနီလာအနီး ၀က္ၿခံေတြမွာ ယင္းေရာဂါပုိး ကူးစက္ခံထားရတာ စတင္ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံေတာင္ပိုင္းတြင္ ၀က္အျပင္းဖ်ားေရာဂါ ေခၚ ဝက္တုပ္ေကြး ကူးစက္ ျဖစ္ပြားေန

ဒါေပမဲ့လည္း ေတာင္ပုိင္းျပည္နယ္ ဒါဗာအုိ အုိစီဒန္တဲလ္မွ ၀က္ေတြရဲ႕ နမူနာေတြကုိ စစ္ေဆးခဲ့ရာမွာ ယင္း ကူးစက္ျမန္ေရာဂါ ကူးစက္ခံထားရတယ္ဆုိတာ ေတြ႕ရွိခဲ့ေၾကာင္း လြန္ခဲ့တဲ့ သီတင္းတစ္ပတ္ခန္ ့မွာ ဖိလစ္ပိုင္စုိက္ပ်ဳိးေရးဦးစီးဌာနက ေျပာဆုိပါတယ္။ ယင္းေရာဂါဟာ ၀က္ေတြကုိ ေသေက်ပ်က္စီးေစေပမယ့္ ယခုအခ်ိန္ထိ လူသားေတြကုိေတာ့ ဒုကၡေပးျခင္းမရွိေသးပါဘူး။

ဖိလစ္ပိုင္ ေတာင္ပုိင္း မင္ဒါနာအုိကၽြန္းေပၚက ဒါဗာအုိစီးတီးရွိ ၀က္ေကာင္ေရ ၂၃၉၈ ေကာင္ရွိတဲ့ ေက်းရြာႏွစ္ရြာမွာ ၀က္ ၄၀၇ ေကာင္ကုိ သုတ္သင္ပစ္လုိက္ရတယ္လုိ ့ တနဂၤေႏြေန ့မွာ ဦးစီးဌာနက ေျပာဆုိပါတယ္။ အစုိးရရဲ႕ ကိန္းဂဏန္းအခ်က္အလက္ေတြအရ ယင္း ကၽြန္းေဒသမွာ ၀က္ေကာင္ေရ ၃.၇ သန္းရွိတာေၾကာင့္ တစ္ႏုိင္ငံလုံး ၀က္ေကာင္ေရ စုစုေပါင္းရဲ႕ ၂၉ ရာခုိင္ႏႈန္းရွိေနတာပါ။

ဖိလစ္ပိုင္ႏိုင္ငံေတာင္ပိုင္းတြင္ ၀က္အျပင္းဖ်ားေရာဂါ ေခၚ ဝက္တုပ္ေကြး ကူးစက္ ျဖစ္ပြားေန

ေရာဂါပုိး ပ်ံ႕ႏွံ႕မႈကုိ ထိထိေရာက္ေရာက္ ထိန္းခ်ဳပ္ကုိင္တြယ္မႈလုပ္ဖုိ႕ ၀က္ေမြးျမဴေရးလုပ္ငန္းေခါင္ေဆာင္ပုိင္းနဲ႕ မင္ဒါနာအုိ အစုိးရ တာ၀န္ရွိသူေတြကုိ စုိက္ပ်ဳိးေရး အတြင္း၀န္ ၀ီလီယမ္ဒါးက အႀကဳံျပဳတုိက္တြန္းခဲ့ေၾကာင္း ဦးစီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။

Ref – CNA

Unicode

နိုင်ငံ့ဝက်ကောင်ရေ ၁၂.၈ သန်းအနက် သုံးပုံတစ်ပုံ နီးပါးလောက်ရှိနေတဲ့ ဖိလစ်ပိုင်တောင်ပိုင်း မှာ အာဖရိက ဝက်အပြင်းဖျားရောဂါခေါ် ဝက်တုပ်ကွေး ကူးစက်ဖြစ်ပွားနေကြောင်း ဖိလစ်ပိုင်အာဏာပိုင်တွေက ဖေဖော်ဝါရီ (၉) ရက် တနင်္ဂနွေနေ့မှာ အတည်ပြုခဲ့ပြောကြား ခဲ့ပါတယ် ။

ဒါ့အပြင် နိုင်ငံမြောက်ပိုင်း ပြည်နယ်အချို့ မှာလည်း ရောဂါပိုးဖြစ်ပွားတာ ကို ထပ်မံ ဖော်ထုတ်တွေ့ရှိထားကြောင်း စိုက်ပျိုးရေးဦးစီးဌာနက ပြောပါတယ် ။

ကမ္ဘာပေါ်မှာ ဒဿမမြောက် အကြီးဆုံး ဝက်စားသုံးနိုင်ငံဖြစ်ကာ သမ္မတမြောက် အကြီးဆုံး ဝက်တင်သွင်းနိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်မှာ ဝက်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားကြောင်း ၂၀၁၉ ခုနှစ် စက်တင်ဘာမှာ ပထမဆုံး သတင်းထုန်ပြန်ထားပါတယ်။ နိုင်ငံမြောက်ပိုင်း လူဇုံကျွန်းပေါ်က မြို့တော်မနီလာအနီး ဝက်ခြံတွေမှာ ယင်းရောဂါပိုး ကူးစက်ခံထားရတာ စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့လည်း တောင်ပိုင်းပြည်နယ် ဒါဗာအို အိုစီဒန်တဲလ်မှ ဝက်တွေရဲ့ နမူနာတွေကို စစ်ဆေးခဲ့ရာမှာ ယင်း ကူးစက်မြန်ရောဂါ ကူးစက်ခံထားရတယ်ဆိုတာ တွေ့ရှိခဲ့ကြောင်း လွန်ခဲ့တဲ့ သီတင်းတစ်ပတ်ခန့်မှာ ဖိလစ်ပိုင်စိုက်ပျိုးရေးဦးစီးဌာနက ပြောဆိုပါတယ်။ ယင်းရောဂါဟာ ဝက်တွေကို သေကျေပျက်စီးစေပေမယ့် ယခုအချိန်ထိ လူသားတွေကိုတော့ ဒုက္ခပေးခြင်းမရှိသေးပါဘူး။

ဖိလစ်ပိုင် တောင်ပိုင်း မင်ဒါနာအိုကျွန်းပေါ်က ဒါဗာအိုစီးတီးရှိ ဝက်ကောင်ရေ ၂၃၉၈ ကောင်ရှိတဲ့ ကျေးရွာနှစ်ရွာမှာ ဝက် ၄၀၇ ကောင်ကို သုတ်သင်ပစ်လိုက်ရတယ်လို့ တနင်္ဂနွေနေ့မှာ ဦးစီးဌာနက ပြောဆိုပါတယ်။ အစိုးရရဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ ယင်း ကျွန်းဒေသမှာ ဝက်ကောင်ရေ ၃.၇ သန်းရှိတာကြောင့် တစ်နိုင်ငံလုံး ဝက်ကောင်ရေ စုစုပေါင်းရဲ့ ၂၉ ရာခိုင်နှုန်းရှိနေတာပါ။

ရောဂါပိုး ပျံ့နှံ့မှုကို ထိထိရောက်ရောက် ထိန်းချုပ်ကိုင်တွယ်မှုလုပ်ဖို့ ဝက်မွေးမြူရေးလုပ်ငန်းခေါင်ဆောင်ပိုင်းနဲ့ မင်ဒါနာအို အစိုးရ တာဝန်ရှိသူတွေကို စိုက်ပျိုးရေး အတွင်းဝန် ဝီလီယမ်ဒါးက အကြုံပြုတိုက်တွန်းခဲ့ကြောင်း ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

Ref – CNA

Leave a Reply

Your email address will not be published. Required fields are marked *