တရုတ္ျပည္ရွန္ဟိုင္းတြင္ ဝူဟန္ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆး ကို တိရိစၦာန္မ်ား တြင္ စတင္ စမ္းသပ္ၿပီ

Posted on

ရွန္ ဟိုင္း ၊ ေဖေဖၚ၀ါရီ ၉

ဝူ ဟန္ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆး တစ္မ်ဳိး ကို တရုတ္ႏိုင္ငံရိွ ရွန္ဟိုင္းေဆးကုုမၺဏီတစ္ခုက ထုတ္လုပ္ႏိုင္ခဲ့ျပီး ယခုအခါ ၾကြက္မ်ားႏွင့္ စမ္းသပ္ေနျပီျဖစ္ေၾကာင္း သိရ သည္ ။

မည္သည့္ ကာကြယ္ေဆးမဆို လူမ်ားအတြက္ အသုံးမျပဳမီ တိရိစၦာန္မ်ားႏွင့္ ကနဦး စတင္စမ္းသပ္ရသည္ ပံုမွန္ျဖစ္စဥ္တစ္ခုျဖစ္သည္။ ယခုလည္း တရုတ္ႏိုင္ငံ ရွန္ဟိုင္းၿမိဳ႕ရွိ တုံဂ်ိတကၠသိုုလ္ မွ သုေတသီမ်ားသည္ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးနမူနာ ကို က်န္းမာေသာ ၾကြက္မ်ားတြင္ စမ္းသပ္ျခင္းျဖစ္သည္ ။

တရုတ္ျပည္ရွန္ဟိုင္းတြင္ ဝူဟန္ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆး ကို တိရိစၦာန္မ်ား တြင္ စတင္ စမ္းသပ္ၿပီ

ၾကြက္မ်ားႏွင့္ စမ္းသပ္ျခင္း သည္ ကာကြယ္ေဆးေလာင္းလ်ာအေနျဖင့္ ဗိုင္းရပ္စ္ကို ကာကြယ္တိုက္ခိုက္ႏိုင္ေသာ ထိေရာသည့္ ပဋိပစၥည္းမ်ား ထုတ္ေပးႏိုင္ျခင္းရွိမရွိကို ကနဦးစမ္းသပ္ခ်က္ သာျဖစ္ျပီး ၊ ထို႔ေနာက္တြင္ အဆိပ္သင့္မႈရွိမရွိကို ၾကြက္မ်ားထက္ၾကီးမားသည့္ ေမ်ာက္ကဲ့သို႔ေသာ တိရိစၦာန္မ်ားႏွင့္ စမ္းသပ္ရဦးမည္ဟု တုန္ဂ်ိတကၠသိုလ္၏ ေအာက္တြင္ရွိေသာ အေရွ႔ရွန္ဟိုင္းေဆးရုံအုပ္ လ်ဴခ်ြန္မင္းကေျပာသည္။ ထိုသို႔စမ္းသပ္ျပီးလွ်င္မူ ေဆးကုသမႈဆိုင္ရာ စမ္းသပ္မႈကို ျပဳလုပ္ရဦးမည္ျဖစ္ေၾကာင္းသိရသည္။

တရုတ္ျပည္ရွန္ဟိုင္းတြင္ ဝူဟန္ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆး ကို တိရိစၦာန္မ်ား တြင္ စတင္ စမ္းသပ္ၿပီ

လက္ရွိအခ်ိန္တြင္ ျပန္႔ပြားေနေသာ ႏိုဗယ္ကိုရိုနာဗိုင္းရပ္စ္ျပန္႔ပြားမႈရပ္တန္႔ေရးအတြက္ ကမၻာတစ္၀န္းမွ ေဆးကုမၺဏီမ်ား၊ ေဆးဖက္ဆိုင္ရာတကၠသိုလ္မ်ား ပညာရွင္မ်ား ေန႔စဥ္ပင္ ၾကိဳးပမ္းအားထုတ္ေနၾကသည္။

Ref – CGTN

Unicode

ရှန်ဟိုင်း ၊ ဖေဖေါ်ဝါရီ ( ၉ )

ဝူဟန် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး တစ်မျိုး ကို တရုတ်နိုင်ငံရှိ ရှန်ဟိုင်းဆေးကုုမ္ဗဏီတစ်ခုက ထုတ်လုပ်နိုင်ခဲ့ပြီး ယခုအခါ ကြွက်များနှင့် စမ်းသပ်နေပြီဖြစ်ကြောင်း သိရသည် ။

မည်သည့်ကာကွယ်ဆေးမဆို လူများအတွက် အသုံးမပြုမီ တိရိစ္ဆာန်များနှင့် ကနဦး စတင်စမ်းသပ်ရသည် ပုံမှန်ဖြစ်စဉ်တစ်ခုဖြစ်သည်။ ယခုလည်း တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ တုံဂျိတက္ကသိုုလ်မှ သုတေသီများသည် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးနမူနာ ကို ကျန်းမာသော ကြွက်များတွင် စမ်းသပ်ခြင်းဖြစ်သည် ။

ကြွက်များနှင့် စမ်းသပ်ခြင်းသည် ကာကွယ်ဆေးလောင်းလျာအနေဖြင့် ဗိုင်းရပ်စ်ကို ကာကွယ်တိုက်ခိုက်နိုင်သော ထိရောသည့် ပဋိပစ္စည်းများ ထုတ်ပေးနိုင်ခြင်းရှိမရှိကို ကနဦးစမ်းသပ်ချက် သာဖြစ်ပြီး ၊ ထို့နောက်တွင် အဆိပ်သင့်မှုရှိမရှိကို ကြွက်များထက်ကြီးမားသည့် မျောက်ကဲ့သို့သော တိရိစ္ဆာန်များနှင့် စမ်းသပ်ရဦးမည်ဟု တုန်ဂျိတက္ကသိုလ်၏ အောက်တွင်ရှိသော အရှေ့ရှန်ဟိုင်းဆေးရုံအုပ် လျူချွန်မင်းကပြောသည်။ ထိုသို့စမ်းသပ်ပြီးလျှင်မူ ဆေးကုသမှုဆိုင်ရာ စမ်းသပ်မှုကို ပြုလုပ်ရဦးမည်ဖြစ်ကြောင်းသိရသည်။

လက်ရှိအချိန်တွင် ပြန့်ပွားနေသော နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုရပ်တန့်ရေးအတွက် ကမ္ဘာတစ်ဝန်းမှ ဆေးကုမ္ဗဏီများ၊ ဆေးဖက်ဆိုင်ရာတက္ကသိုလ်များ ပညာရှင်များ နေ့စဉ်ပင် ကြိုးပမ်းအားထုတ်နေကြသည်။

Ref – CGTN

Leave a Reply

Your email address will not be published. Required fields are marked *