ဆရာမက ကျွန်မသား ရဲ့ ​ပါးနှစ်ဖက် ကို ဘယ်ပြန်ညာပြန် (၁၀) ချက်လောက်ရိုက်လိုက်တာ….အထက (၁) အင်းစိန်တွင်ဖြစ်ပွား

Posted on


၇.၂.၂၀၂၀ (ေ သာကြာနေ့) ညနေ (၅) နာရီ ကျောင်းဆင်းပြီး အိမ် သို့ရောက်ရောက်ချင်း ကလေးက အိမ်ကသိမှာ စိုးလို့ တခါမှ မလိမ်းဖူးတဲ့ ကျွန်မ ရဲ့ မိတ်ကပ်တွေ ယူလိမ်း လို့ ကျွန်မက မသင်္ကာလို့ မေးလိုက်မှ ကလေးက အကုန်ပြော ပတယ်…


ဆရာမက ကျွန်မသား ရဲ့ ​ပါးနှစ်ဖက် ကို ဘယ်ပြန်ညာပြန် (၁၀) ချက်လောက်ရိုက်လိုက်တာ….အထက (၁) အင်းစိန်တွင်ဖြစ်ပွား



ဆရာမက ကျွန်မသား ရဲ့ ​ပါးနှစ်ဖက် ကို ဘယ်ပြန်ညာပြန် (၁၀) ချက်လောက်ရိုက်လိုက်တာ….အထက (၁) အင်းစိန်တွင်ဖြစ်ပွား



ဆရာမက ကျွန်မသား ရဲ့ ​ပါးနှစ်ဖက် ကို ဘယ်ပြန်ညာပြန် (၁၀) ချက်လောက်ရိုက်လိုက်တာ….အထက (၁) အင်းစိန်တွင်ဖြစ်ပွား



ဆရာမက ကျွန်မသား ရဲ့ ​ပါးနှစ်ဖက် ကို ဘယ်ပြန်ညာပြန် (၁၀) ချက်လောက်ရိုက်လိုက်တာ….အထက (၁) အင်းစိန်တွင်ဖြစ်ပွား

crd..Mawsi Laypyay

Unicode

အထက ( ၁ ) အင်းစိန် ရဲ့ Grate 6( F ) အတန်းမှူး မှ ကျွန်မသား လင်းရောင်ရှိန် ကို ပါးရိုက်ခြင်း

၇.၂.၂၀၂၀ (သောကြာနေ့) ညနေ ၅ နာရီ ကျောင်းဆင်းပြီး အိမ်သို့ရောက်ရောက်ချင်း ကလေးက အိမ်ကသိမှာစိုးလို့ တခါမှမလိမ်းဖူးတဲ့ ကျွန်မရဲ့မိတ်ကပ်တွေယူလိမ်းလို့ ကျွန်မက မသင်္ကာလို့ မေးလိုက်မှ ကလေးက အကုန်ပြောပြတယ်…

ဒီနေ့ကျောင်း မှာ မုန့်စားကျောင်းဆင်းချိန် သူငယ်ချင်း နဲ့ စနှောက်ရင်း တွန်းလိုက်တာ သူ့သူငယ်ချင်းက ဆရာမ ကို သွားတိုင်တော့ ဆရာမက ကျောကုန်းကိုရိုက် လိုက်တယ်…

အဲ့ဒါနဲ့ အိမ်ကသားက သူ့သူငယ်ချင်းကို မင်းကြောင့်ငါအရိုက်ခံရတာဆိုပြီး ဆဲလိုက်တယ် ဘေးကတစ်ယောက်ကကြားပြီး ဆရာမကို သွားတိုင်တာ ဆရာမက ကျွန်မသားရဲ့ ပါးနှစ်ဖက်ကို ဘယ်ပြန်ညာပြန် ဆယ်ချက်လောက်ရိုက်လိုက်တယ်ပြောပါတယ်

မြင်တဲ့ သူငယ်ချင်းတွေက သနားလို့ ဝိုင်းငိုကြတယ်တဲ့။ကျွန်မလဲ စိတ်မကောင်းဖြစ်လွန်းလွန်းလို့ ငိုနေရတယ်။

ည ၉ နာရီမှ မျက်နှာသစ်တာတောင် နီရဲ ယောင်ကိုင်းနေတာ စစဖြစ်ချင်းဆို ဘယ်လောက်တောင်ဆိုးနေလိုက်မလဲ။

ကျွန်မပြောချင်တာ ဆရာမတစ်ယောက်က ကလေးတစ်ယောက် မလိမ္မာလို့ စကားများရန်ဖြစ်လို့ ဆုံးမတယ်ဆိုရင်တောင် တုတ်နဲ့ ရိုက်တာကို လက်ခံနိုင်တယ်

ခုဟာက ပါးကိုရိုက်တယ်ဆိုတော့ ဘယ်လိုမှ လက်မခံနိုင်လို့ မကျေနပ်လို့ ရေးတာပါ။
အားလုံးသိအောင် ဝိုင်းရှဲယ်ပေးကြပါ။

နောက်ထပ် ဒီလိုအဖြစ်မျိုးထပ်မဖြစ်အောင်လို့ ထိထိရောက်ရောက် အရေးယူပေးစေခြင်ပါတယ်။

crd..Mawsi Laypyay

Leave a Reply

Your email address will not be published. Required fields are marked *