ခုခ်ိန္ထိ ကံေကာင္းေနေသးတဲ့ ျမန္မာႏိုင္ငံ…ကိုရိုနာဗိုင္းရပ္စ္ အေျခအေနႏွင့္ သတိထားရမည့္ အခ်က္

Posted on

စင္ကာပူ မွာ ကိုရိုနာ ဗိုင္းရပ္စ္ေၾကာင့္ public panic ျဖစ္သြားတယ္။ အားလံုး ေျခာက္ျခားၿပီး အကုန္ ေျပး၀ယ္၊ ပစၥည္းျပတ္လပ္ ကုန္တယ္…

ေရးသားသူ – သကၠမိုးညိဳ

ျမန္မာႏိုင္ငံ မွာ ကံေကာင္းတာက အခုအထိ ေသခ်ာတဲ့ ကူးစက္လူနာ မေတြ႕ေသးဘူး။ အခုအခ်ိန္ အထိ ဆိုရင္ေတာ့ ရွိရဲ႕နဲ႕ မေတြ႕တာ မျဖစ္ဖို႕ မ်ားပါတယ္။ ဘာလို႕လဲဆိုေတာ့ ၀ူဟန္သည္ ေဆးရံုတက္ရတဲ့ အထိ ျဖစ္ေလ့ ရိွတာမို႕ပါ။ ဒါေၾကာင့္ မရိွေသးဘူးလို႕ပဲ အၾကမ္းဖ်င္း ယူရင္ ရႏိုင္ပါတယ္။ ဒါကလည္း တရုတ္နဲ႕ နယ္ခ်င္း စပ္ေနေတာ့ လာတာေတြသည္ ေလယာဥ္နဲ႕ ထက္ နယ္စပ္ကပဲ လာေနလို႕၊ ဒါမွမဟုတ္ ျမန္မာေတြရဲ႕ ေပေပေတေတ ေနလြန္းတာေၾကာင့္ immune က ေကာင္းေနလို႕ ေနမွာ။ (ရမ္းတုတ္တာ၊ အတည္မယူနဲ႕)

ထားပါေတာ့ ျမန္မာႏိုင္ငံ မွာ public panic ေခၚတဲ့ လူထု အေၾကာက္တရားနဲ႕ မႊန္သြားရင္ ေတာ္ေတာ္မ်ားမ်ား ထိခိုက္ကုန္မွာပါ။ အထူးသျဖင့္ ေစ်းကစားခ်င္တဲ့ ကုန္သယ္ေတြေၾကာင့္ ၀ူဟန္ေၾကာင့္ မဖ်ားရပဲ ေစ်းတက္လို႕ ငတ္ကုန္ၾကဦးမယ္။ ဒီေတာ့ အခုအခ်ိန္မွာ ၀ူဟန္ကို မမွတ္မသုန္ အေလးအနက္ထားၿပီး ျပည္သူတိုင္း ကာကြယ္ေနဖို႕ လိုပါတယ္။

သတိျပဳရန္ လိုက္နာရန္

စကားမစပ္၊ အခု ၾကားျဖတ္ေမးလိုက္ပါဦးမယ္။ ဒီေန႕ လက္ဘယ္ႏွစ္ခါ ေဆးလဲ။

ေဒသတြင္း ဗိုင္းရပ္စ္ အႏၱရာယ္သည္ ျမင့္မား အဆင့္မွာ ရိွေနတုန္း ပါပဲ။ ဒီေတာ့ လူၾကားထဲ သြားတာကို ေရွာင္ၾကပါ။ လက္ေဆးပါ။ အခု ပံုပါအေၾကာင္းအရာေတြကို ျဖစ္ႏိုင္သမွ် သတိရတိုင္း လိုက္နာပါ။ ငါတို႕နဲ႕ အေ၀းႀကီးလို႕ မထင္ပါနဲ႕။ ေသဆံုးႏွဳန္းက ၂% ပဲ ရိွတယ္ ဆိုေပမယ့္ တိုင္းျပည္က က်န္းမာေရး ေစာင့္ေရွာက္မွဳအရ ျမန္မာမွာ ျဖစ္ရင္ ၂ ထက္ ေက်ာ္ေကာင္း ေက်ာ္ႏိုင္တယ္။ ဒီေတာ့ က်န္းမာေအာင္ေန၊ လက္ေဆး၊ လူထူထူေရွာင္ စတဲ့ ပံုပါ လုပ္ငန္းေတြဟာ အဓိကေနရာမွာ ထားကို ထားရဦးမွာပါ။

ေဖ့စ္ဘုတ္ ဖတ္ခ်ိန္မရိွတဲ့ မိတ္ေဆြေတြကို ရွင္းျပပါ။ တခ်ိဳ႕ စိတ္ပါသူေတြက ဒီစာရြက္ေလးေတြကို မိတၱဴကူးေ၀ပါ။ အိမ္တံခါးမွာ၊ ဆိုင္မွာ ကပ္ထားပါ။ ဒါဟာ ဇီ၀ိတဒါနေခၚႏိုင္သလို ျပည္သူ႕က်န္းမာေရး အသိကို ျမွင့္တင္ေပးျခင္းပါပဲ။

ကိုယ့္အေလ့အထကပဲ ကိုယ့္ကို က်န္းမာေအာင္ လုပ္ေပးပါလိမ့္မယ္။

(ေမာင္တို႕ မယ္တို႕ လိုက္နာစို႕ ဆိုတာႀကီးေတာ့ ေက်ာ္ဖတ္လိုက္ပါဗ်ာ၊ ကဗ်ာဆန္ခ်င္လြန္းလို႕ ေနမွာပါ ဟီး။ ေျပာမိျပန္ဖီ)

သကၠမိုးညိဳ

Unicode

စင်ကာပူ မှာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် public panic ဖြစ်သွားတယ်။ အားလုံး ခြောက်ခြားပြီး အကုန် ပြေးဝယ်၊ ပစ္စည်းပြတ်လပ် ကုန်တယ်…

ရေးသားသူ – သက္ကမိုးညို

မြန်မာနိုင်ငံ မှာ ကံကောင်းတာက အခုအထိ သေချာတဲ့ ကူးစက်လူနာ မတွေ့သေးဘူး။ အခုအချိန် အထိ ဆိုရင်တော့ ရှိရဲ့နဲ့ မတွေ့တာ မဖြစ်ဖို့ များပါတယ်။ ဘာလို့လဲဆိုတော့ ဝူဟန်သည် ဆေးရုံတက်ရတဲ့ အထိ ဖြစ်လေ့ ရှိတာမို့ပါ။ ဒါကြောင့် မရှိသေးဘူးလို့ပဲ အကြမ်းဖျင်း ယူရင် ရနိုင်ပါတယ်။ ဒါကလည်း တရုတ်နဲ့ နယ်ချင်း စပ်နေတော့ လာတာတွေသည် လေယာဉ်နဲ့ ထက် နယ်စပ်ကပဲ လာနေလို့၊ ဒါမှမဟုတ် မြန်မာတွေရဲ့ ပေပေတေတေ နေလွန်းတာကြောင့် immune က ကောင်းနေလို့ နေမှာ။ (ရမ်းတုတ်တာ၊ အတည်မယူနဲ့)

ထားပါတော့ မြန်မာနိုင်ငံ မှာ public panic ခေါ်တဲ့ လူထု အကြောက်တရားနဲ့ မွှန်သွားရင် တော်တော်များများ ထိခိုက်ကုန်မှာပါ။ အထူးသဖြင့် ဈေးကစားချင်တဲ့ ကုန်သယ်တွေကြောင့် ဝူဟန်ကြောင့် မဖျားရပဲ ဈေးတက်လို့ ငတ်ကုန်ကြဦးမယ်။ ဒီတော့ အခုအချိန်မှာ ဝူဟန်ကို မမှတ်မသုန် အလေးအနက်ထားပြီး ပြည်သူတိုင်း ကာကွယ်နေဖို့ လိုပါတယ်။

စကားမစပ်၊ အခု ကြားဖြတ်မေးလိုက်ပါဦးမယ်။ ဒီနေ့ လက်ဘယ်နှစ်ခါ ဆေးလဲ။

ဒေသတွင်း ဗိုင်းရပ်စ် အန္တရာယ်သည် မြင့်မား အဆင့်မှာ ရှိနေတုန်း ပါပဲ။ ဒီတော့ လူကြားထဲ သွားတာကို ရှောင်ကြပါ။ လက်ဆေးပါ။ အခု ပုံပါအကြောင်းအရာတွေကို ဖြစ်နိုင်သမျှ သတိရတိုင်း လိုက်နာပါ။ ငါတို့နဲ့ အဝေးကြီးလို့ မထင်ပါနဲ့။ သေဆုံးနှုန်းက ၂% ပဲ ရှိတယ် ဆိုပေမယ့် တိုင်းပြည်က ကျန်းမာရေး စောင့်ရှောက်မှုအရ မြန်မာမှာ ဖြစ်ရင် ၂ ထက် ကျော်ကောင်း ကျော်နိုင်တယ်။ ဒီတော့ ကျန်းမာအောင်နေ၊ လက်ဆေး၊ လူထူထူရှောင် စတဲ့ ပုံပါ လုပ်ငန်းတွေဟာ အဓိကနေရာမှာ ထားကို ထားရဦးမှာပါ။

ဖေ့စ်ဘုတ် ဖတ်ချိန်မရှိတဲ့ မိတ်ဆွေတွေကို ရှင်းပြပါ။ တချို့ စိတ်ပါသူတွေက ဒီစာရွက်လေးတွေကို မိတ္တူကူးဝေပါ။ အိမ်တံခါးမှာ၊ ဆိုင်မှာ ကပ်ထားပါ။ ဒါဟာ ဇီဝိတဒါနခေါ်နိုင်သလို ပြည်သူ့ကျန်းမာရေး အသိကို မြှင့်တင်ပေးခြင်းပါပဲ။

ကိုယ့်အလေ့အထကပဲ ကိုယ့်ကို ကျန်းမာအောင် လုပ်ပေးပါလိမ့်မယ်။

(မောင်တို့ မယ်တို့ လိုက်နာစို့ ဆိုတာကြီးတော့ ကျော်ဖတ်လိုက်ပါဗျာ၊ ကဗျာဆန်ချင်လွန်းလို့ နေမှာပါ ဟီး။ ပြောမိပြန်ဖီ)

သက္ကမိုးညို

Leave a Reply

Your email address will not be published. Required fields are marked *