” က်န္းမာေရးေကာင္းၿပီး ျမန္မာနိုင္ငံကိုျမန္ျမန္ျပန္ခ်င္တယ္…၊ ေဆး႐ုံမွာ အၾကာႀကီးမေနခ်င္ဘူး… “–( ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ စကၤာပူက အိမ္အကူမိန္းကေလး )

Posted on

ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈ လိေမၼာ္ေရာင္အဆင့္ေၾကညာထားတဲ့ စင္ကာပူနိုင္ငံမွာအလုပ္လုပ္ေနတဲ့ ျမန္မာအမ်ိဳးသမီး မိန္းကေလးငယ္ တေစ္ယာက္ဟာ ၿပီးခဲ့တဲ့ ရက္ပိုင္းကပဲ ႏွာေစး၊ ေခ်ာင္းဆိုးျဖစ္ ၿပီး အိမ္အျပင္ဘက္ မွာ လဲက်လိဳ႕ ရဲေတြနဲ႕ သူနာျပဳတေယာက္ က ေဆး႐ုံပို႔ေဆာင္ေပးခဲ့ ရ ပါတယ္ ။

လက္ရွိမွာေတာ့ သူဘာျဖစ္တယ္ဆိုတာ တိတိက်က်မသိရေသးဘဲ ေဆး႐ုံကစစ္ေဆးေနတုန္း ျဖစ္ပါတယ္ ။ လူေနမႈ စရိတ္ျမင့္တဲ့ စင္ကာပူမွာ ေဆး႐ုံတက္ရတဲ့ စရိတ္ကို မေပးနိုင္ဘူးလို႔ သူ႕ ရဲ႕ အိမ္ရွင္က ေျပာလာတာေၾကာင့္ အခက္အခဲနဲ႕လည္း ႀကဳံေနရ ပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ

လက္ရွိ သူ႕ရဲ႕အေျခအေနကို ဒီဗြီဘီက ဆက္သြယ္ေမးျမန္းထားပါတယ္။

ေမး။ ညီမအေၾကာင္းကို မိတ္ဆက္ေပးပါဦး။

ေျဖ။ ညီမ နာမည္က ေအးျမင့္ခိုင္ပါ။ အသက္က ၂၈ ႏွစ္ပါ။ ဇာတိကေတာ့ ဟသၤာတ ကပါ။

ေမး။ အဲဒီမွာ ဘာအလုပ္လုပ္တာလဲ။

ေျဖ။ အိမ္အလုပ္လည္း ကူရပါတယ္။ Morning Market ေတြမွာ ေဈးလိုက္ေရာင္းရင္လည္း ကူေရာင္းရပါတယ္။

ေမး။ ေနမေကာင္းတာက ဘယ္လိုစျဖစ္တာလဲ။

ေျဖ။ ၿပီးခဲ့တဲ့ ဗုဒၶဟူး (ေဖေဖာ္ဝါရီ ၅ ရက္)ညက က်မရဲ႕ သူေဌးေသာက္ေနတဲ့ အေအးကို ယူေသာက္ၿပီး ကိုယ္ေတြ စ ပူလာတာပါ။ သူက လြန္ခဲ့တဲ့ တလေလာက္ကမွ တ႐ုတ္က ျပန္လာတာပါ။ ၿပီးေတာ့ ေခ်ာင္းဆိုးတယ္။ ဒါကို အိမ္ရွင္ကို ေျပာၿပီး ေဆးခန္းျပမယ္ဆိုေတာ့ သူက ေဆးခန္းကိုခ်ိန္းထားတယ္၊ ခ်ိန္းထားတယ္နဲ႕ အခ်ိန္ကို ေ႐ႊ႕ေ႐ႊ႕ေနတာ။ မျပျဖစ္ဘူး။ ဒါနဲ႕ ေသာၾကာေန႕ ညေန ၄ နာရီေလာက္မွာ ေဈးဝယ္ၿပီး ျပန္လာေတာ့ လမ္းမေလွ်ာက္နိုင္ေတာ့ဘူး။ အသက္ရႉၾကပ္လာတယ္။ ကားလမ္းေပၚျဖတ္ေနတုန္းမွာပဲ မူးၿပီး လဲက်သြားတယ္။ အနားမွာ ရွိတဲ့ ရဲေတြနဲ႕ သူနာျပဳတေယာက္က လူနာတင္ကားေခၚၿပီး ေဆးခန္းကို ပို႔လိုက္တာပါ။

ေမး။ ေဆးခန္းေရာက္ေတာ့ ဘာေတြစစ္လဲ။

ေျဖ။ သူတို႔ X-Ray ရိုက္တယ္။ ၿပီးေတာ့ ဘာေတြ႕တယ္ဆိုလဲေတာ့ ေသခ်ာမသိေတာ့ဘူး။ ေဆး႐ုံကိုပို႔လိုက္တယ္။ Tan Tock Seng ေဆး႐ုံပါ။ ေဆးခန္းကလည္း ဒီေဆး႐ုံကပါပဲ။ ဒီမွာကေတာ့ ေသြးစစ္တယ္။ ႏွာေခါင္း၊ အာေခါင္ေတြထဲက တံေတြးေတြကိုလည္း ယူစစ္တယ္။ အဖ်ားကေတာ့ အၿမဲတိုင္းတယ္။

ေမး။ အေျဖက ဘယ္လိုလဲ။

ေျဖ။ က်မ ေသခ်ာမသိဘူး။ မေန႕ညက ကိုယ္ထပ္ပူလာလို႔ အဲဒီလိုေတြ အားလုံး ျပန္စစ္ထားတယ္။

ေမး။ ေနရထိုင္ရတာေရာ ဘယ္လိုလဲ။

ေျဖ။ အစားအေသာက္ပ်က္တယ္။ ကိုယ္ပူတယ္။ ေခ်ာင္းဆိုးတယ္။ ေခ်ာင္းဆိုးရင္ လည္ေခ်ာင္း တအားနာလို႔ ဆိုးလို႔မေကာင္းဘူး။

ေမး။ အိမ္ရွင္ကေရာ ဘာေျပာလဲ။

ေျဖ။ ၿပီးခဲ့တဲ့ ရက္ေတြက လုံးဝ မဆက္သြယ္ဘူး။ ဒီမနက္မွ စာပို႔လာတယ္။ သူတို႔ကို မေျပာဘဲ ေဆး႐ုံသြားတက္လို႔ ေဆးဖိုး လုံးဝ မေပးနိုင္ဘူးတဲ့။ က်မက ကိုယ့္ဖာသာသြားတယ္လို႔ သူတို႔ ထင္ေနတာ။ တကယ္ေတာ့ အိမ္ရွင္က မေကာင္းဘူး။ ဒါေၾကာင့္ တျခားအိမ္ကို ေျပာင္းခဲ့ေသးတယ္။ သူတို႔က ကြန္ပလိန္းတက္လို႔ ျပန္လာရတာ။ ေဆး႐ုံစရိတ္အေၾကာင္းကို ညီမကို ပို႔ေပးတဲ့ ေအးဂ်င့္ကိုေတာ့ လွမ္းေျပာထားတယ္။ ဘာမွေတာ့ ျပန္မေျပာေသးဘူး။ Home ဆိုတဲ့ အဖြဲ႕အစည္းတခုကို ေျပာလိုက္ေတာ့ သူတို႔က ျမန္မာသံ႐ုံးကို အေၾကာင္းၾကားေပးမယ္လို႔ ေျပာပါတယ္။ (DVB ကေလ့လာၾကည့္ရာမွာေတာ့ ေဆး႐ုံဟာ စင္ကာပူအစိုးရရဲ႕ အႀကီးဆုံးေဆး႐ုံေတြထဲက တခုျဖစ္ၿပီး ကုန္က်စရိတ္နဲ႕ပတ္သက္ၿပီး ဘယ္လိုရွိတယ္ဆိုတာေတာ့ မသိရပါဘူး)

ေမး။ ေနာက္ထပ္ေရာ ဘာေျပာခ်င္ေသးလဲ။

ေျဖ။ က်မ ခုလို ျဖစ္ေနတာ ျမန္မာနိုင္ငံ အလုပ္သမားသံအရာရွိေတြ သိေစခ်င္တယ္။ ၿပီးေတာ့ က်န္းမာေရးေကာင္းၿပီး ျမန္မာနိုင္ငံကို ျမန္ျမန္ျပန္ခ်င္တယ္။ ေဆး႐ုံမွာ အၾကာႀကီးမေနခ်င္ဘူး။

ေျဖခဲ့ေပးတာ ေက်းဇူးပါ။ အျမန္ဆုံးေနေကာင္းပါေစ။

Unicode

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု လိမ္မော်ရောင်အဆင့်ကြေညာထားတဲ့ စင်ကာပူနိုင်ငံမှာအလုပ်လုပ်နေတဲ့ မြန်မာအမျိုးသမီးမိန်းကလေးငယ် တစေ်ယာက်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ နှာစေး၊ ချောင်းဆိုးဖြစ် ပြီး အိမ်အပြင်ဘက် မှာ လဲကျလို့ ရဲတွေ နဲ့ သူနာပြုတယောက်က ဆေးရုံပို့ဆောင်ပေးခဲ့ရပါတယ်။

လက်ရှိမှာတော့ သူဘာဖြစ်တယ်ဆိုတာ တိတိကျကျမသိရသေးဘဲ ဆေးရုံကစစ်ဆေးနေတုန်း ဖြစ်ပါတယ် ။ လူနေမှုစရိတ်မြင့်တဲ့ စင်ကာပူမှာ ဆေးရုံတက်ရတဲ့စရိတ်ကို မပေးနိုင်ဘူးလို့ သူ့ရဲ့ အိမ်ရှင်က ပြောလာတာကြောင့် အခက်အခဲနဲ့လည်း ကြုံနေရပါတယ်။

လက်ရှိ သူ့ရဲ့အခြေအနေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ညီမအကြောင်းကို မိတ်ဆက်ပေးပါဦး။

ဖြေ။ ညီမ နာမည်က အေးမြင့်ခိုင်ပါ။ အသက်က ၂၈ နှစ်ပါ။ ဇာတိကတော့ ဟင်္သာတ ကပါ။

မေး။ အဲဒီမှာ ဘာအလုပ်လုပ်တာလဲ။

ဖြေ။ အိမ်အလုပ်လည်း ကူရပါတယ်။ Morning Market တွေမှာ ဈေးလိုက်ရောင်းရင်လည်း ကူရောင်းရပါတယ်။

မေး။ နေမကောင်းတာက ဘယ်လိုစဖြစ်တာလဲ။

ဖြေ။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူး (ဖေဖော်ဝါရီ ၅ ရက်)ညက ကျမရဲ့ သူဌေးသောက်နေတဲ့ အအေးကို ယူသောက်ပြီး ကိုယ်တွေ စ ပူလာတာပါ။ သူက လွန်ခဲ့တဲ့ တလလောက်ကမှ တရုတ်က ပြန်လာတာပါ။ ပြီးတော့ ချောင်းဆိုးတယ်။ ဒါကို အိမ်ရှင်ကို ပြောပြီး ဆေးခန်းပြမယ်ဆိုတော့ သူက ဆေးခန်းကိုချိန်းထားတယ်၊ ချိန်းထားတယ်နဲ့ အချိန်ကို ရွှေ့ရွှေ့နေတာ။ မပြဖြစ်ဘူး။ ဒါနဲ့ သောကြာနေ့ ညနေ ၄ နာရီလောက်မှာ ဈေးဝယ်ပြီး ပြန်လာတော့ လမ်းမလျှောက်နိုင်တော့ဘူး။ အသက်ရှူကြပ်လာတယ်။ ကားလမ်းပေါ်ဖြတ်နေတုန်းမှာပဲ မူးပြီး လဲကျသွားတယ်။ အနားမှာ ရှိတဲ့ ရဲတွေနဲ့ သူနာပြုတယောက်က လူနာတင်ကားခေါ်ပြီး ဆေးခန်းကို ပို့လိုက်တာပါ။

မေး။ ဆေးခန်းရောက်တော့ ဘာတွေစစ်လဲ။

ဖြေ။ သူတို့ X-Ray ရိုက်တယ်။ ပြီးတော့ ဘာတွေ့တယ်ဆိုလဲတော့ သေချာမသိတော့ဘူး။ ဆေးရုံကိုပို့လိုက်တယ်။ Tan Tock Seng ဆေးရုံပါ။ ဆေးခန်းကလည်း ဒီဆေးရုံကပါပဲ။ ဒီမှာကတော့ သွေးစစ်တယ်။ နှာခေါင်း၊ အာခေါင်တွေထဲက တံတွေးတွေကိုလည်း ယူစစ်တယ်။ အဖျားကတော့ အမြဲတိုင်းတယ်။

မေး။ အဖြေက ဘယ်လိုလဲ။

ဖြေ။ ကျမ သေချာမသိဘူး။ မနေ့ညက ကိုယ်ထပ်ပူလာလို့ အဲဒီလိုတွေ အားလုံး ပြန်စစ်ထားတယ်။

မေး။ နေရထိုင်ရတာရော ဘယ်လိုလဲ။

ဖြေ။ အစားအသောက်ပျက်တယ်။ ကိုယ်ပူတယ်။ ချောင်းဆိုးတယ်။ ချောင်းဆိုးရင် လည်ချောင်း တအားနာလို့ ဆိုးလို့မကောင်းဘူး။

မေး။ အိမ်ရှင်ကရော ဘာပြောလဲ။

ဖြေ။ ပြီးခဲ့တဲ့ ရက်တွေက လုံးဝ မဆက်သွယ်ဘူး။ ဒီမနက်မှ စာပို့လာတယ်။ သူတို့ကို မပြောဘဲ ဆေးရုံသွားတက်လို့ ဆေးဖိုး လုံးဝ မပေးနိုင်ဘူးတဲ့။ ကျမက ကိုယ့်ဖာသာသွားတယ်လို့ သူတို့ ထင်နေတာ။ တကယ်တော့ အိမ်ရှင်က မကောင်းဘူး။ ဒါကြောင့် တခြားအိမ်ကို ပြောင်းခဲ့သေးတယ်။ သူတို့က ကွန်ပလိန်းတက်လို့ ပြန်လာရတာ။ ဆေးရုံစရိတ်အကြောင်းကို ညီမကို ပို့ပေးတဲ့ အေးဂျင့်ကိုတော့ လှမ်းပြောထားတယ်။ ဘာမှတော့ ပြန်မပြောသေးဘူး။ Home ဆိုတဲ့ အဖွဲ့အစည်းတခုကို ပြောလိုက်တော့ သူတို့က မြန်မာသံရုံးကို အကြောင်းကြားပေးမယ်လို့ ပြောပါတယ်။ (DVB ကလေ့လာကြည့်ရာမှာတော့ ဆေးရုံဟာ စင်ကာပူအစိုးရရဲ့ အကြီးဆုံးဆေးရုံတွေထဲက တခုဖြစ်ပြီး ကုန်ကျစရိတ်နဲ့ပတ်သက်ပြီး ဘယ်လိုရှိတယ်ဆိုတာတော့ မသိရပါဘူး)

မေး။ နောက်ထပ်ရော ဘာပြောချင်သေးလဲ။

ဖြေ။ ကျမ ခုလို ဖြစ်နေတာ မြန်မာနိုင်ငံ အလုပ်သမားသံအရာရှိတွေ သိစေချင်တယ်။ ပြီးတော့ ကျန်းမာရေးကောင်းပြီး မြန်မာနိုင်ငံကို မြန်မြန်ပြန်ချင်တယ်။ ဆေးရုံမှာ အကြာကြီးမနေချင်ဘူး။

ဖြေခဲ့ပေးတာ ကျေးဇူးပါ။ အမြန်ဆုံးနေကောင်းပါစေ။

Leave a Reply

Your email address will not be published. Required fields are marked *