ချောတယ်ပြောလွန်းလို့ ဘန်ကောက် သွားပြီး SURGERY လုပ်ခဲ့ရတယ် ဆိုတဲ့ PROJECT K
Posted on
project-k
project-k
Unicode
မိန်းကလေး ပရိသတ်တွေရဲ့ အသည်းကျော် Project K အဖွဲ့ကတော့ ချောတယ်ပြောလွန်း လို့ ဘန်ကောက်သွားပြီး Surgery လုပ်ခဲ့တဲ့အကြောင်းကို “Project K ကို ချောတယ် ချောတယ်နဲ့ပြောကြလွန်းလို့ Bangkok ကို လှေလှော်သွားပြီးတော့ Surgery လုပ်ခဲ့လိုက်တယ်။ Just for fun ” လို့ သူ့တို့အဖွဲ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဗီဒီယိုဖိုင်လေးနဲ့ အတူ မျှဝေပေးထားပါတယ်။
လက်ရှိမှာ Boy Band အဖွဲ့ အဖြစ်ရပ်တည်နေတဲ့ Project K အဖွဲ့ကတော့ ကိုရီးယားနိုင်ငံက K – Pop Idol တွေနီးပါး ဖက်ရှင် အပြင်အဆင်တိုင်းမှာ စမတ်ကျလွန်းတဲ့ ခပ်မိုက်မိုက်ကောင်လေး(၇)ယောက် အဖွဲ့ပဲ ဖြစ်ပါတယ်။ အကဘက်မှာ ပဲအောင်မြင်ရုံတင် မကဘဲ အသံပိုင်းမှာလည်း ပါရမီပါတဲ့ သူတို့အဖွဲ့လေးဟာ မြန်မာနိုင်ငံမှာ မိန်ကလေး ပရိသတ်အားပေးမှု နံပါတ်(၁) လို့ဆိုနိုင်တဲ့ အဖွဲ့ပဲ ဖြစ်ပါတယ်။ Project – K ရဲ့ထွက်ရှိထားခဲ့တဲ့ ” Love ” သီချင်းလေးဟာလည်း ပရိသတ်တွေ ပါးစပ်ဖျားမှာရေပန်းစားခဲ့ပြီး TikTok တွေ မှာလည်း သူ့တို့အဖွဲ့ရဲ့ ” Love “သီချင်းလေးဟာ အတော်လေး နေရာယူထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ မိန်းကလေးပရိသတ်တွေ သာမက ကလေးတွေပါ ချစ်ခင်အားပေးခြင်းခံရတဲ့ အဖွဲ့ ဖြစ်ပြီး အဖွဲ့ဝင်တစ်ယောက်ချင်း စီတိုင်းဟာ အရည်အချင်း ပြည့်ဝတဲ့ သူတွေပဲ ဖြစ်ပါတယ်။
ပရိသတ်ကြီးရေ ကိုရီးယား အနုပညာရှင်တွေ လို့ ချောမောမောပြီး ဖက်ရှင် အပြင်အဆင်တိုင်းမှာ စမတ်ကျလွန်းတဲ့ ခပ်မိုက်မိုက်ကောင်လေး(၇)ယောက် အဖွဲ့ဖြစ်တဲ့ Project K အဖွဲ့ကတော့ ပရိသတ်တွေကို ချစ်စနိုးနဲ့ သူတို့ရဲ့ နုဂိုချောမောနေမှုကြီးကို အပျော်သဘောနဲ့ ဘန်ကောက်သွားပြီး Surgery လုပ်ခဲ့တယ်လို့ စနောက်ထားတာလည်းဖြစ်ပါတယ်နော်။ ခရစ်ဒစ် Cele Gabar
Leave a Reply
Your email address will not be published. Required fields are marked *