သူ(မ)ရဲ့ ဘယ်ဘက်နံရိုး မှာ ကင်ဆာအစက်လေးတွေ ထပ်မံတွေ့ရှိရတယ်ဆိုတဲ့ မီးမီခဲ

Posted on


သူ(မ)ရဲ့ ဘယ်ဘက်နံရိုး မှာ ကင်ဆာအစက်လေးတွေ ထပ်မံတွေ့ရှိရတယ်ဆိုတဲ့ မီးမီခဲ



သူ(မ)ရဲ့ ဘယ်ဘက်နံရိုး မှာ ကင်ဆာအစက်လေးတွေ ထပ်မံတွေ့ရှိရတယ်ဆိုတဲ့ မီးမီခဲ


သူ(မ)ရဲ့ ဘယ်ဘက်နံရိုး မှာ ကင်ဆာအစက်လေးတွေ ထပ်မံတွေ့ရှိရတယ်ဆိုတဲ့ မီးမီခဲ


Unicode

အဆိုတော် မီးမီးခဲ ဟာ ဖေဖော်ဝါရီလ(၅)ရက်နေ့က ဩစတြေးလျနိုင်ငံ မှာ (၃)လ(၁)ကြိမ် ဆေးစစ်မှုခံယူခဲ့တာဖြစ်ပြီး ဆေးစစ်ချက်အဖြေ မှာ ဘယ်ဘက်နံရိုး မှာကင်ဆာအစက်လေးတွေ ထပ်မံတွေ့ရှိရတဲ့အကြောင်းကို “God Is God to me ဟာလေလုယာ ဘုရားပေးတဲ့ ကျေးဇူးဂရုဏာတော်ကြောင့် , အဖြေရလဒ်ကတော့ စိုးရိမ်စရာ မရှိပါဘူး။ အသက်အန္တရာယ်ရှိတဲ့ အပိုင်းတွေကို မထိခိုက်ပါဘူး။ ဘယ်ဘက်နံရိုး မှာတော့ ကင်ဆာ အစက် လေးတွေ အနည်းငယ်တွေ့ပေမဲ့ ဓါတ်ကင်စရာတောင် မလိုပါဘူးလို့ဆရာဝန်တွေပြောပါတယ်။

ကျွန်မက ကင်ဆာ အဆင်(့၎) ဆိုတော့ ခန္ဒာကိုယ်ထဲမှာရှိနေတဲ့ ကင်ဆာ ထပ်မပြန့်ပွားအောင် ထိန်းချုပ်နေရတာပါ။ ဘာပဲဖြစ်ဖြစ် အသက်ရှင်နေသေးတာကို က အံသြဖွယ်ရာ ဘုရားပြုတဲ့အမှုအရာ တခုပါပဲ။ ဆုတောင်းမေတ္တာပို့ပေးကြတဲ့ မိသားစုသဖွယ် ချစ်ကြတဲ့ Fans များ အထူးကျေးဇူးတင်ပါတယ်နော်။ နောက်၃ လမှ ဆက်ပြီးစစ်ဆေးရမှာ ဖြစ်လို့ဆက်ပြီး သတိတရနဲ့ ဆက်လက်ဆုတောင်း ကူညီပါဦးလို့ To God Be The Glory” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ မီးမီးခဲကတော့ ရင်သားကင်ဆာ အဆင့်(၄)ကိုတော့ (၂၀၀၇)ခုနှစ်ထဲက စတင်ခံစားခဲ့ရတာဖြစ်ပြီး ယနေ့အချိန်အထိ ရောဂါဝေဒနာတွေ ခံစားခဲ့ရပေမဲ့လည်း စိတ်ဓာတ်ခိုင်မာစွာနဲ့ ဆေးကုသမှုတွေခံယူကာ အားတင်းရှေ့ဆက် လာခဲ့တာလည်းဖြစ်ပါတယ်။

ပရိသတ်ကြီးရေ အဆိုတော် မီးမီးခဲ ဟာ ဘယ်ဘက်နံရိုး မှာ ကင်ဆာအစက်လေးတွေ ထပ်မံတွေ့ရှိရပေမယ့်လည်း အသက်အန္တရာယ်ရှိတဲ့ အပိုင်းတွေကို မထိခိုက်တဲ့အတွက် စိုးရိမ်စရာမရှိပါဘူးတဲ့နော်။ ကင်ဆာအဆင့်(၄)ကိုလည်း ခန္ဒာကိုယ် ထဲမှာရှိနေတဲ့ ကင်ဆာ ထပ်မပြန့်ပွားအောင် ထိန်းချုပ်နေပါတယ်တဲ့ ။ Source: The Real Mee Mee Khel,

Leave a Reply

Your email address will not be published. Required fields are marked *