သဘာဝကျတဲ့ သရုပ်ဆောင်ချက်တွေကြောင့် မိနစ်ပိုင်းအတွင်းမှာ ကြည့်ရှု့သူများပြားခဲ့တဲ့ ဖြိုးမြတ်အောင်ရဲ့ ဘယ်သူဘာပြောပြော Music ဗီဒီယို
Posted on
မိနစ်ပိုင်းအတွင်းမှာ ကြည့်ရှု့သူများပြားခဲ့တဲ့ ဖြိုးမြတ်အောင်ရဲ့ ဘယ်သူဘာပြောပြော Music ဗီဒီယို
မိနစ်ပိုင်းအတွင်းမှာ ကြည့်ရှု့သူများပြားခဲ့တဲ့ ဖြိုးမြတ်အောင်ရဲ့ ဘယ်သူဘာပြောပြော Music ဗီဒီယို
မိနစ်ပိုင်းအတွင်းမှာ ကြည့်ရှု့သူများပြားခဲ့တဲ့ ဖြိုးမြတ်အောင်ရဲ့ ဘယ်သူဘာပြောပြော Music ဗီဒီယို
Unicode
Myanmar Idol Season(3) ရဲ့ Winner ဆုရှင် ဖြိုးမြတ်အောင် ကတော့ အနုပညာ ခရီးလမ်းမှာ အောင်မြင်နေတဲ့ အနုပညာရှင် ကြယ်တစ်ပွင့်ဖြစ်လို့နေပါပြီနော်..။ အမာခံ ပရိသတ်တွေရဲ့ ဝန်းရံချစ်ခင်မှုတွေကို ရရှိပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်..။ ဖြိုးမြတ်အောင် ကတော့ တစ်ကိုယ်တော်အခွေ (၂)ခွေ ထွက်ရှိထားပြီး နှစ်ခွေစလုံးဟာ ပရိသတ်တွေရဲ့ အထူးနှစ်ခြိုက် အားပေးမှုကို ခံခဲ့ရပါတယ်..။
ဖြိုးမြတ်အောင် ရဲ့ “ဒုတိယဘုရားသခင်” သီချင်းဟာ သီချင်း ထွက်ထွက်ချင်းမှာပဲ JQOX မှာ နံပါတ်(၁)နေရာ ကို ရရှိခဲ့တာပါ..။ အခု တစ်ခေါက်မှာလည်း JQOX မှာ “ဘယ်သူဘာပြောပြော” Music ဗီဒီယိုလေးကို တင်လာခဲံ့ပြီးတဲ့နောက်မှာ မိနစ်ပိုင်းအတွင်း မှာ ကြည့်ရှု့သူ အများအပြားနဲ့ အားပေးခြင်းကို ရရှိနေပါတယ်..။
“ဘယ်သူဘာပြောပြော” သီချင်း ကို တေးရေးထူးပိုင်က ရေးဖွဲ့ထားပြီး ဖြိုးမြတ်အောင်က ခံစားချက်အပြည့်နဲ့ သီဆိုထားပြီး Music ဗီဒီယိုထဲမှာလည်း ပီပြင်လွန်းတဲ့ ကာရိုက်တာ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေရဲ့ အထူးနှစ်သက် သဘောကျခြင်းကို ခံနေရတာပါ လို့ပြောရင် မှားမယ် မထင်တော့ပါဘူးနော်။ ပရိသတ်ကြီး အတွက် ဖြိုးမြတ်အောင် အမိုက်စားသရုပ်ဆောင်ပြီး ခံစားသီဆိုထားတဲ့ “ ဘယ်သူဘာပြောပြော” Music ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ #JOOX Myanmar
Leave a Reply
Your email address will not be published. Required fields are marked *