ဝူဟန္ဗိုင္းရပ္စ္ ကာကြယ္ေရး အတြက္ ျမန္မာအစိုးရ ႏွာေခါင္းစည္း ( ၅ ) သန္းျဖန္႕ေဝေပး မည္

ျမန္မာႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ျဖစ္ပြားသည့္ ျပင္းထန္အဆုတ္ေရာင္ေရာဂါကူးစက္ပ်ံ႕ႏွံမႈမရွိေစေရး အတြက္ ကာကြယ္ထိန္းခ်ဳပ္ႏိုင္ရန္က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ႏွာေခါင္းစည္း( Surgical Mask ) ( ၅ ) သန္း ျဖန႔္ေဝ ေပးသြားမည္ ျဖစ္ေၾကာင္း ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာသာထြန္းေက်ာ္က ေျပာသည္ ။

ဝူ ဟန္ ကိုရိုနာဗိုင္းရပ္စ္ ျမန္မာႏိုင္ငံသို႔ ကူးစက္ျပန႔္ပြားမႈ မရွိေစေရး အတြက္ က်န္းမာေရးဝန္ႀကီးဌာနက ကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနမႈအား သတင္း မီဒီယာမ်ားႏွ င့္ ေတြ႕ဆုံရွင္းလင္းပြဲ တြင္ က်န္းမာေရးဝန္ႀကီးဌာန က ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာ သာထြန္းေက်ာ္က ယခုကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္ သည္ ။

ဝူဟန္ဗိုင္းရပ္စ္ ကာကြယ္ေရး အတြက္ ျမန္မာအစိုးရ ႏွာေခါင္းစည္း ( ၅ ) သန္းျဖန္႕ေဝေပး မည္

“ကြၽန္ေတာ္တို႔အတြက္ ျပည္ပႏိုင္ငံကေထာက္ပံ့တဲ့ ႏွာေခါင္းစည္း (၅)သန္း ရဖို႔ ရွိတယ္။ အခု ရန္ကုန္ဆိပ္ကမ္းကို ေရာက္ေနပါၿပီ။ မၾကာခင္ျဖန႔္ေဝေပးေတာ့မွာျဖစ္ပါတယ္ ။ ဒီႏွာေခါင္းစည္း ၅ သန္းကို ျပည္သူေတြဆီ ျဖန႔္ေဝေပးလိုက္ရင္ ေဈးတင္ေရာင္းခ်ေန တာေတြ အလိုအေလ်ာက္ ရပ္တန႔္သြားမွာပါ” ဟု ၎က ေျပာသည္။

အဆိုပါဗိုင္းရပ္စ္ေရာဂါသတင္းေၾကာင့္ လက္ရွိတြင္ မႏၲေလးၿမိဳ႕ရွိ ေဈးဆိုင္အခ်ိဳ႕တြင္ ႏွာေခါင္းစည္းျပတ္လပ္မႈ မ်ားျဖစ္ေပၚေနၿပီး ေရာင္းခ်သည့္ ဆိုင္အခ်ိဳ႕တြင္လည္း ႏွာေခါင္းစည္း ၁၀ ခုပါ တစ္ထုပ္လွ်င္ ေငြက်ပ္ ၂၀၀၀ မွ ၃၀၀၀ အထိ ေဈးေခၚေရာင္းခ်မႈမ်ားရွိေနရာ လူမႈအဖြဲ႕အစည္းမ်ား၊ ပရဟိတအသင္းမ်ားႏွင့္ ေစတနာရွင္အလႉရွင္မ်ားကလည္း လူစည္ကားရာေဈးမ်ား၊ ေက်ာင္းမ်ားႏွင့္ ကားဂိတ္မ်ားတြင္ အခမဲ့လိုက္လံေဝငွေပးလ်က္ ရွိသည္။

က်န္းမာေရးဝန္ႀကီးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာ သာထြန္းေက်ာ္ႏွင့္ အဖြဲ႕သည္ ေဖေဖာ္ဝါရီ ၇ ရက္က မႏၲေလးၿမိဳ႕ရွိ ကန္ေတာ္နဒီေဆး႐ုံတြင္ က်န္းမာေရးေစာင့္ၾကပ္ၾကည့္ရႈမႈခံယူေနၾကသည့္ ေက်ာင္းသား ေက်ာင္းသူမ်ား၏ က်န္းမာေရးအေျခအေနႏွင့္ ေနထိုင္စားေသာက္ေရးကိစၥရပ္မ်ား ႏွင့္ ပတ္သက္၍ လာေရာက္ေမးျမန္း အားေပးစကားေျပာၾကားခဲ့ၿပီး ညပိုင္းတြင္ သတင္းမီဒီယာမ်ားႏွင့္ ေတြ႕ဆုံကာ ျမန္မာႏိုင္ငံတြင္ အဆိုပါ ဗိုင္းရပ္စ္ကူးစက္ျပန႔္ပြားမႈမရွိေစေရးအတြက္ ကာကြယ္တားဆီးေရး လုပ္ငန္းမ်ားကို အရွိန္အဟုန္ျမႇင့္ကာ ႀကိဳးစားလုပ္ေဆာင္ေနေၾကာင္း ေျပာၾကားခဲ့သည္။

Ref – MOI

Unicode

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသည့် ပြင်းထန်အဆုတ်ရောင် ရောဂါ ကူးစက်ပျံ့နှံမှုမရှိစေရေး အတွက် ကာကွယ် ထိန်းချုပ်နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နှာခေါင်းစည်း ( Surgical Mask ) ငါးသန်း ဖြန့်ဝေ ပေးသွားမည် ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော် က ပြောသည် ။

ဝူဟန် ကိုရိုနာဗိုင်းရပ်စ် မြန်မာနိုင်ငံသို့ ကူးစက်ပြန့်ပွားမှုမရှိစေရေး အတွက် ကျန်းမာရေးဝန်ကြီးဌာနက ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား သတင်းမီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲတွင် ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့အတွက် ပြည်ပနိုင်ငံကထောက်ပံ့တဲ့ နှာခေါင်းစည်း (၅)သန်း ရဖို့ ရှိတယ်။ အခု ရန်ကုန်ဆိပ်ကမ်းကို ရောက်နေပါပြီ။ မကြာခင်ဖြန့်ဝေပေးတော့မှာဖြစ်ပါတယ်။ ဒီနှာခေါင်းစည်း ငါးသန်းကို ပြည်သူတွေဆီ ဖြန့်ဝေပေးလိုက်ရင် ဈေးတင်ရောင်းချနေ တာတွေ အလိုအလျောက် ရပ်တန့်သွားမှာပါ” ဟု ၎င်းက ပြောသည်။

အဆိုပါဗိုင်းရပ်စ်ရောဂါသတင်းကြောင့် လက်ရှိတွင် မန္တလေးမြို့ရှိ ဈေးဆိုင်အချို့တွင် နှာခေါင်းစည်းပြတ်လပ်မှု များဖြစ်ပေါ်နေပြီး ရောင်းချသည့် ဆိုင်အချို့တွင်လည်း နှာခေါင်းစည်း ၁၀ ခုပါ တစ်ထုပ်လျှင် ငွေကျပ် ၂၀၀၀ မှ ၃၀၀၀ အထိ ဈေးခေါ်ရောင်းချမှုများရှိနေရာ လူမှုအဖွဲ့အစည်းများ၊ ပရဟိတအသင်းများနှင့် စေတနာရှင်အလှူရှင်များကလည်း လူစည်ကားရာဈေးများ၊ ကျောင်းများနှင့် ကားဂိတ်များတွင် အခမဲ့လိုက်လံဝေငှပေးလျက် ရှိသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်နှင့် အဖွဲ့သည် ဖေဖော်ဝါရီ ၇ ရက်က မန္တလေးမြို့ရှိ ကန်တော်နဒီဆေးရုံတွင် ကျန်းမာရေးစောင့်ကြပ်ကြည့်ရှုမှုခံယူနေကြသည့် ကျောင်းသား ကျောင်းသူများ၏ ကျန်းမာရေးအခြေအနေနှင့် နေထိုင်စားသောက်ရေးကိစ္စရပ်များ နှင့် ပတ်သက်၍ လာရောက်မေးမြန်း အားပေးစကားပြောကြားခဲ့ပြီး ညပိုင်းတွင် သတင်းမီဒီယာများနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံတွင် အဆိုပါ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကာကွယ်တားဆီးရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ကာ ကြိုးစားလုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။

Ref – MOI

Add a Comment

Your email address will not be published. Required fields are marked *