ဘဝသက်တမ်း တစ်ဝက်လောက်ထိ အရေးပါခဲ့တဲ့ အရာကို ရွှေမှုံမကြိုက်လို့ စွန့်လွှတ်ခဲ့တယ်ဆိုတဲ့ ရွှေထူးဗီဒီယိုဖိုင်

Posted on


ဘဝသက်တမ်း တစ်ဝက်လောက်ထိ အရေးပါခဲ့တဲ့ အရာကို ရွှေမှုံမကြိုက်လို့ စွန့်လွှတ်ခဲ့တယ်ဆိုတဲ့ ရွှေထူးဗီဒီယိုဖိုင်


ဘဝသက်တမ်း တစ်ဝက်လောက်ထိ အရေးပါခဲ့တဲ့ အရာကို ရွှေမှုံမကြိုက်လို့ စွန့်လွှတ်ခဲ့တယ်ဆိုတဲ့ ရွှေထူးဗီဒီယိုဖိုင်
ဘဝသက်တမ်း တစ်ဝက်လောက်ထိ အရေးပါခဲ့တဲ့ အရာကို ရွှေမှုံမကြိုက်လို့ စွန့်လွှတ်ခဲ့တယ်ဆိုတဲ့ ရွှေထူးဗီဒီယိုဖိုင်


Unicode

ရွှေထူး ကတော့ နိုင်ငံကျော် အဆိုတော်တစ်ဦးဖြစ်ပြီး သူ့ရဲ့သီချင်းတွေဟာ ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားလေ့ ရှိတာဖြစ်ပါတယ်။ သူ့ကို အားပေးတဲ့ ပရိသတ်တွေထဲမှာ နှုတ်ခမ်းနီမလေးတွေ အများအပြားဖြစ်သလို ယောကျာ်းလေး ပရိသတ်တွေရဲ့ အားပေးခြင်းလည်း ရရှိသူလို့ဆိုနိုင်ပါတယ်။ ရွှေထူး ကတော့ အဆိုပိုင်းအပြင် အခုနောက်ပိုင်းမှာ ရုပ်ရှင် သရုပ်ဆောင်ဘက်ပါ ကူးပြောင်းလာတာပဲ ဖြစ်ပါတယ်။ ရုပ်ရှင်သရုပ်ဆောင်ဘက်မှာလည်း တက်သစ်စသရုပ်ဆောင်ဖြစ်ပေမယ့် တကယ့် ဝါရင့်အနုပညာရှင်တွေဆီကရသလောက် ပညာတွေကို သင်ယူလေ့ရှိသူတစ်ဦးပါပဲနော်။

ရွှေထူးရဲ့ အိမ်ထောင်ရေးကတော့ ရွှေထူး လို့ပြောလိုက်တာနဲ့ ရွှေမှုံကိုပါတွဲပြီး တွေးမိရလောက်တဲ့ထိ ချစ်ကြတဲ့ ဇနီးမောင်နှံပါပဲနော်။ သူ့ရဲ့ ဘဝတစ်ဝက်လောက်ထိ အရေးပါခဲ့တဲ့ ဂိမ်းဆော့တာကို ချစ်ရတဲ့ဇနီးလေး ရွှေမှုံကြောင့် စွန့်လွှတ်ခဲ့တယ် လို့ပြောပြခဲ့ပါတယ်။ စွန့်လွှတ်ခဲ့တာကလည်း ရွှေမှုံစိတ်ဆင်းရဲနေရင် ကိုယ်တိုင်လည်း စိတ်ဆင်းရဲရတာကြောင့် မိန်းမမကြိုက်သမျှ အကုန်ရှောင်တယ်လို့ ဖြေကြားခဲ့ပါတယ်။

ရွှေထူးရဲ့ အလိုက်လိုက်အလျှော့ပေးမှုတွေကြောင့် ရွှေမှုံကလည်း အခုနောက်ပိုင်းမှာ စိတ်ကောက်တာလေးတွေ လျှော့လာပြီး လူကြီးဆန်ရင်ကျက်လာတယ်လို့ ပြောပြခဲ့ပါတယ်။ အိမ်ထောင်ရေးမှာ တစ်ယောက်နဲ့တစ်ယောက် Respect ထားပြီး ရှေ့ဆက်နေကြောင်းလည်း ရင်ဖွင့်ပြောပြခဲ့ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် တုန်နေအောင်ချစ်ကြတဲ့ ရွှေနှစ်ရွှေစုံတွဲကတော့ ဝေဖန်တိုက်ခိုက်မှုတွေ များစွာထဲကနေ တည်ဆောက်ခဲ့ ကြတာဆိုလည်း မမှားပါဘူးနော်။ ပရိသတ်ကြီးလည် ရွှေထူးတို့စုံတွဲကို ချစ်ခင်အားပေးရင် မှတ်ချက်တစ်ခုခု ပေးခဲ့ပါဦးနော်။ Video Source: Exclusive On CeleConnections

Leave a Reply

Your email address will not be published. Required fields are marked *