ထိုင်းနိုင်ငံမှာ လူပေါင်းများစွာ သေဆုံးဒဏ်ရာရစေခဲ့တဲ့ သေနတ်သမားကို အသေပစ်ဖမ်းလိုက်ပြီ ဟုဆို
Posted on
ထိုင်းနိုင်ငံမှာ လူပေါင်းများစွာ သေဆုံးဒဏ်ရာရစေခဲ့တဲ့ သေနတ်သမားကို အသေပစ်ဖမ်းလိုက်ပြီ ဟုဆို
ထိုင်းနိုင်ငံမှာ လူပေါင်းများစွာ သေဆုံးဒဏ်ရာရစေခဲ့တဲ့ သေနတ်သမားကို အသေပစ်ဖမ်းလိုက်ပြီ ဟုဆို
ထိုင်းနိုင်ငံမှာ လူပေါင်းများစွာ သေဆုံးဒဏ်ရာရစေခဲ့တဲ့ သေနတ်သမားကို အသေပစ်ဖမ်းလိုက်ပြီ ဟုဆို
Unicode
ထိုင်းနိုင်ငံ ခိုရတ်မှာ လူ ၂၁ ဦးကိုပစ်သတ်ပြီး လူပေါင်းများစွာဒဏ်ရာရစေခဲ့တဲ့ သေနတ်သမားကို ပစ်သတ်ဖမ်းဆီးလိုက်ပြီလို့ ဘီဘီစီ သတင်းဌာနမှာ သတင်းတက်လာပါပြီ။ မနေ့ ဖေဖော်ဝါရီ ၈ ၆ရက် ညနေပိုင်းက ပစ်ခတ်မှုတွေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး အခင်းဖြစ်ပွားတဲ့ ရှော့ပင်းမောကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဝန်းရံထားတာဖြစ်ပါတယ်။
ဒီကနေ့ မနက်ပိုင်းတက်လာတဲ့ ဘီဘီစီသတင်းဌာနရဲ့ သတင်းမှာတော့ သေဆုံးသူ ၂၀ ဦးရှိပြီး ဒဏ်ရာရသူ ၃၀ လောက်ရှိတယ်လို့ ဆိုပါတယ်။ ဒဏ်ရာရသူတွေထဲက ၁၀ ဦးလောက်ကလည်း အသက်အန္တရာယ်စိုးရိမ် ဘန်ကောက်မြို့တော် အရှေ့မြောက်ဖက်က ခိုရတ်မြို့မှာ လက်နက်ကိုင် စစ်သားတစ်ယောက်က အထက်အရာရှိ၊ ရဲဘော်ရဲဘက်တွေနဲ့ အရပ်သားတွေကို ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီတပ်ကြပ်ကြီးဟာ ဖေဖော်ဝါရီ ၈ ရက် ညနေပိုင်းတုန်းက စစ်စခန်း တစ်ခုထဲမှာ သူ့ရဲ့ အထက်အရာရှိနဲ့ ရဲဘော်ရဲဘက် နှစ်ယောက်ကို အရင်ဆုံး ပစ်သတ်ခဲ့တယ်လို့ ဖော်ပြပါတယ်။ အဲဒီနောက်မှာတော့ ဟမ်းဗီး ဂျစ်ကား တစ်စီးကို မောင်းနှင်သွားပြီး Terminal 21 ဈေးဝယ်စင်တာနားက အရပ်သားတွေကိုပါ ထပ်ပြီး ပစ်ခတ်ခဲ့ပြန်ပါတယ်။ အဲဒီ စစ်သားဟာ ဈေးဝယ်စင်တာထဲမှာ ပစ်ခတ်ပုံတွေကို Facebook ပေါ်မှာ တိုက်ရိုက် ဗီဒီယို ထုတ်လွှင့်ခဲ့သလို ရိုင်ဖယ် ကိုင်ထားတဲ့ Selfie ဓာတ်ပုံကို လည်း ဖော်ပြခဲ့ပါတယ်။ ဓာတ်ပုံ – အေအက်ဖ်ပီ
Leave a Reply
Your email address will not be published. Required fields are marked *