” ထိုင်းရမ်ဘို သွန်မား နဲ့ တပ်မှူးကတော်တို့ ဘောင်ချာရှင်းမှုမှ စခဲ့တဲ့ ထိုင်းကပစ်ခတ်ပွဲ..”





” ထိုင်းရမ်ဘို သွန်မား နဲ့ တပ်မှူးကတော်တို့ ဘောင်ချာရှင်းမှုမှ စခဲ့တဲ့ ထိုင်းကပစ်ခတ်ပွဲ..”

တပ်မှူးကာနယ်ကို သတ်…






” ထိုင်းရမ်ဘို သွန်မား နဲ့ တပ်မှူးကတော်တို့ ဘောင်ချာရှင်းမှုမှ စခဲ့တဲ့ ထိုင်းကပစ်ခတ်ပွဲ..”








” ထိုင်းရမ်ဘို သွန်မား နဲ့ တပ်မှူးကတော်တို့ ဘောင်ချာရှင်းမှုမှ စခဲ့တဲ့ ထိုင်းကပစ်ခတ်ပွဲ..”






” ထိုင်းရမ်ဘို သွန်မား နဲ့ တပ်မှူးကတော်တို့ ဘောင်ချာရှင်းမှုမှ စခဲ့တဲ့ ထိုင်းကပစ်ခတ်ပွဲ..”


ကိုဆေတန်

Unicode

ထိုင်းဆိုသည်မှာလည်း မဖြစ်ရင်လည်း ဘာမှ မဖြစ်ဘူး..ဖြစ်လိုက်ရင်လည်း အကြီးအကျယ်ပဲ..

ဇာတ်လမ်းကိုပြောပြရရင် ထိုင်းစစ်သားလေးက သူ့ချွေးနှဲစာကရတဲ့ လစာငွေနဲ့ မြေကွက်ဖိုးသွင်းထားတဲ့ ဘတ်ငါးသောင်းကိုသူတို့တပ်မှူးကတော် က ဖြောင်ထားတယ်..

အဲဒီမှာ ဆရာသမားက ပေါက်ကွဲပီး လက်နက်တိုက်ကိုသွား ချေမှုန်းရေးရိုင်ဖယ်သွားယူ..

အစောင့်တွေကို ပစ်သတ်…တပ်မှူးအိမ်ကို ဘောက်ချာဆုတ်ဖို့သွားတော့ ကတော်ကိုမတွေ့ဘူး..သူယောက္ခမအဘွားကြီးကို သတ်..

တပ်မှူးကာနယ်ကို သတ်…

တပ်ရင်းက ဟမ်းဗီးကားနဲ့ မြို့လယ် ပလာဇာကို မောင်းချလာပီး ပွဲကြမ်းနေတာ..

လမ်းမှာ မြင်မြင်သမျှ ပစ်ချလာခဲ့လို့ အရပ်သား တဒါဇင်ကျော်လောက်သေကုန်ပီ..

ဒဏ်ရာရတဲ့သူတွေလည်း အများကြီးပဲ..

ဆေးရုံမှာ သွေးမလောက်တော့လို့ နီးစပ်ရာအလှူရှင်တွေလာလှူနေကြတယ်…

တပ်ထိန်းနဲ့ SWAT တွေရဲ့ ဓားစာခံအော်ပရေးရှင်းကလဲ သိပ်အဆင်မပြေဘူး..

သောင်းကျန်းနေတဲ့ တပ်ကြပ်က အထူးတပ်ကလည်းဖြစ်ပြန် လက်ကလည်း အရမ်းဖြောင့်တော့ ရှော့ပင်းမောလ်ထဲ ဝင်ရှင်းတဲ့ ကွန်မင်ဒိုတွေ ကျည်ကာဝတ်ထားတာတောင် ထိကုန်ကျတယ်..

SWAT နှစ်ယောက်ကျသွားပီ…

ထိုင်းကာချုပ်တော့ အချီကြီး ပျားတုပ်တာပဲ…

အဲဒီ ထိုင်းရမ်ဘိုရဲ့ ဖေ့ဖွတ်အကောင့်က Jakrapanth Thomma လို့ခေါ်တယ်..

ဖြစ်စဉ်အစမှ အဲဆရာသမားက ဓာတ်ပုံတွေတင်..

Live တွေလွင့် လုပ်လိုက်သေးတယ်..

အခု သူ့ရဲ့ ဖေ့ဖွတ်အကောင့်ကို FB Teamက ပိတ်ချပစ်လိုက်ပီ….

အခုထိ မစ်ရှင် ကွန်ပလိ မဖြစ်သေးဘူး..

အရပ်ဘက်စစ်ဘက်သေဆုံးသူပေါင်း ၂၆ဦး..

ဒဏ်ရာရထားတာလည်း အများကြီးပဲ..

Terminal 21 ရှော့ပင်းမောလ်ထဲမှာ အထူးတပ်က ဝင်ရှင်းနေတုန်း..

သွန်းမားက လေးလွာမှာ ဓားစာခံ ၁၆ ယောက်နဲ့ ရှိနေတယ်လို့ သိရတယ်..

မနှစ်က မယ်ဆိုင်ဂူထဲမှာ ပိတ်မိနေတဲ့ တောဝက်ဘောလုံးအသင်းအကြောင်း ရုပ်ရှင်တော့ ထွက်လာပီးပီ.. နောက်များမကြာမီမှာလည် ဒီ ထိုင်းရမ်ဘို သွန်မား ရဲ့ Terminal 21 စွန့်စားခန်းကို ပိတ်ကားထက်မှာ မြင်လာရဖို့ ရှိနေတယ်…

ကိုဆေတန်

Credit – Zaw Naing Win ( လေးစားစွာဖြင့် )

Add a Comment

Your email address will not be published. Required fields are marked *