ဆိုး႐ြားျပင္းထန္တဲ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ တစ္ကမာၻလုံးမွာ မ်က္ႏွာဖုံး ( mask ) ေတြ ျပတ္လပ္မႈ နဲ႔ ရင္ဆိုင္ေနရၿပီလို႔ (WHO) သတိေပး

ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ပြားမႈေၾကာင့္ အခုဆိုရင္ အကာအကြယ္ပစၥည္းေတြ သိုေလွာင္ထားႏိုင္မႈဟာ ေလ်ာ့နည္းက်ဆင္းလာေနၿပီ ျဖစ္တယ္။ တစ္ကမာၻလုံး မွာ mask ေတြ နဲ႔ အကာအကြယ္ပစၥည္းသိုေလွာင္မႈက WHO နဲ႔ အျခားမိတ္ဖက္အဖြဲ႕ေတြ ရဲ႕ လိုအပ္ခ်က္နဲ႔ ျပည့္မီေအာင္ရွိမေနေတာ့ဘူး ။ ဒါဟာ ျပႆနာတစ္ရပ္ပဲလို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီး WHO ရဲ႕ အႀကီးအကဲ ျဖစ္သူက ေျပာဆိုလိုက္ပါ တယ္ ။

Mask နဲ႔ အကာအကြယ္ပစၥည္းေတြ ထုတ္လုပ္ျဖန႔္ျဖဴးေရာင္းခ်တဲ့ကုမၸဏီအုပ္စုေတြနဲ႔ ေျပာဆိုေဆြးေႏြးအၿပီးမွာ ေဆးဝန္ထမ္းေတြကိုပဲ ေရာင္းခ်ေပးမယ္ဆိုတဲ့ကုမၸဏီေတြကို ၎က ခ်ီးက်ဴးစကားဆို ပါတယ္။ အကာအကြယ္ပစၥည္းေတြ လက္ရွိသိုေလွာင္ရွိေနတဲ့ပမာဏက အကန႔္အသတ္ရွိေနတယ္ ။ ကြၽန္ေတာ္တို႔အေနနဲ႔ တကယ္လိုအပ္တဲ့ သူေတြဆီ ေရာက္ဖို႔လိုအပ္တယ္ ။

ဆိုး႐ြားျပင္းထန္တဲ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ တစ္ကမာၻလုံးမွာ မ်က္ႏွာဖုံး mask ေတြ ျပတ္လပ္မႈ နဲ႔ ရင္ဆိုင္ေနရၿပီလို႔ WHO သတိေပး

ကို႐ိုနာကူးစက္ျဖစ္ပြားမႈ နည္းပါးရာ ႏိုင္ငံေဒသေတြမွာ အဲဒီ အကာအကြယ္ပစၥည္းေတြကို သိုေလွာင္ထားတာမ်ိဳးေတြ မလုပ္ၾကဖို႔လည္း သတိေပးလိုတယ္။”လို႔ ၎က ေျပာခဲ့ပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ကို တားဆီးရာမွာ မ်က္ႏွာစည္း mask ေတြနဲ႔ အျခား ကာကြယ္ေရး ပစၥည္းေတြ ကမာၻမွာ ျပတ္လပ္မႈ ႀကဳံေနရၿပီျဖစ္တယ္လို႔ WHO ရဲ႕ အႀကီးအကဲ ျဖစ္သူက ေဖေဖာ္ဝါရီ ၈ ရက္မွာ သတိေပးလာပါတယ္။

ဆိုး႐ြားျပင္းထန္တဲ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ တစ္ကမာၻလုံးမွာ မ်က္ႏွာဖုံး mask ေတြ ျပတ္လပ္မႈ နဲ႔ ရင္ဆိုင္ေနရၿပီလို႔ WHO သတိေပး

“ကမာၻမွာ တစ္ကိုယ္ရည္ ေရာဂါပိုးအကာအကြယ္ပစၥည္း PPE ေတြ ေရရွည္ ျပတ္လပ္မႈနဲ႔ ရင္ဆိုင္ႀကဳံေတြ႕ေနရပါတယ္။”လို႔ ဂ်ီနီဗာမွာ က်င္းပတဲ့ WHO အမႈေဆာင္ဘုတ္အဖြဲ႕ အစည္းအေဝးမွာ အႀကီးအကဲ တီဒ႐ို႕စ္အက္ဟန္ ႏြမ္ဂီဘေရးယက္ဆက္က ေျပာပါတယ္။

ဆိုး႐ြားျပင္းထန္တဲ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ တစ္ကမာၻလုံးမွာ မ်က္ႏွာဖုံး mask ေတြ ျပတ္လပ္မႈ နဲ႔ ရင္ဆိုင္ေနရၿပီလို႔ WHO သတိေပး

တစ္ခ်ိဳ႕ အကာအကြယ္ပစၥည္းေတြဟာဆိုရင္ ပုံမွန္ထက္ ေဈး အဆ ၂၀ ေက်ာ္ ျမင့္တက္ေနတယ္လို႔ WHO က ေျပာပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ အက်ပ္အတည္းဟာ နာဖ်ားမက်န္းျဖစ္သူေတြျဖစ္ျဖစ္၊ ေဆးဝန္ထမ္းေတြ ျဖစ္ျဖစ္ မသင့္ေတာ္တဲ့ mask ေတြ သုံးေနရတာေၾကာင့္ ပိုၿပီး ဆိုးဝါးလာရတယ္လို႔ တီဒ႐ို႕စ္က သတင္းေထာက္ေတြကို ေျပာပါတယ္။

REF: MIZZIMA

Unicode

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် အခုဆိုရင် အကာအကွယ်ပစ္စည်းတွေ သိုလှောင်ထားနိုင်မှုဟာ လျော့နည်းကျဆင်းလာနေပြီ ဖြစ်တယ်။ တစ်ကမ္ဘာလုံးမှာ mask တွေနဲ့ အကာအကွယ်ပစ္စည်း သိုလှောင်မှုက WHO နဲ့ အခြား မိတ်ဖက်အဖွဲ့တွေရဲ့ လိုအပ်ချက်နဲ့ ပြည့်မီအောင် ရှိမနေတော့ဘူး။ ဒါဟာ ပြဿနာတစ်ရပ်ပဲလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ရဲ့ အကြီးအကဲ ဖြစ်သူက ပြောဆိုလိုက်ပါတယ်။

Mask နဲ့ အကာအကွယ်ပစ္စည်းတွေ ထုတ်လုပ်ဖြန့်ဖြူးရောင်းချတဲ့ ကုမ္ပဏီအုပ်စုတွေနဲ့ ပြောဆိုဆွေးနွေးအပြီးမှာ ဆေးဝန်ထမ်းတွေကိုပဲ ရောင်းချပေးမယ်ဆိုတဲ့ ကုမ္ပဏီတွေကို ၎င်းက ချီးကျူးစကားဆိုပါတယ်။ အကာအကွယ်ပစ္စည်းတွေ လက်ရှိ သိုလှောင်ရှိနေတဲ့ ပမာဏက အကန့်အသတ် ရှိနေတယ်။ ကျွန်တော်တို့အနေနဲ့ တကယ်လိုအပ်တဲ့ သူတွေဆီ ရောက်ဖို့ လိုအပ်တယ်။

ကိုရိုနာကူးစက်ဖြစ်ပွားမှု နည်းပါးရာ နိုင်ငံဒေသတွေမှာ အဲဒီ အကာအကွယ်ပစ္စည်းတွေကို သိုလှောင်ထားတာမျိုးတွေ မလုပ်ကြဖို့လည်း သတိပေးလိုတယ်။”လို့ ၎င်းက ပြောခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကို တားဆီးရာမှာ မျက်နှာစည်း mask တွေနဲ့ အခြား ကာကွယ်ရေး ပစ္စည်းတွေ ကမ္ဘာမှာ ပြတ်လပ်မှု ကြုံနေရပြီဖြစ်တယ်လို့ WHO ရဲ့ အကြီးအကဲ ဖြစ်သူက ဖေဖော်ဝါရီ ၈ ရက်မှာ သတိပေးလာပါတယ်။

“ကမ္ဘာမှာ တစ်ကိုယ်ရည် ရောဂါပိုးအကာအကွယ်ပစ္စည်း PPE တွေ ရေရှည် ပြတ်လပ်မှုနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။”လို့ ဂျီနီဗာမှာ ကျင်းပတဲ့ WHO အမှုဆောင်ဘုတ်အဖွဲ့ အစည်းအဝေးမှာ အကြီးအကဲ တီဒရို့စ်အက်ဟန် နွမ်ဂီဘရေးယက်ဆက်က ပြောပါတယ်။

တစ်ချို့ အကာအကွယ်ပစ္စည်းတွေဟာဆိုရင် ပုံမှန်ထက် ဈေး အဆ ၂၀ ကျော် မြင့်တက်နေတယ်လို့ WHO က ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းဟာ နာဖျားမကျန်းဖြစ်သူတွေဖြစ်ဖြစ်၊ ဆေးဝန်ထမ်းတွေ ဖြစ်ဖြစ် မသင့်တော်တဲ့ mask တွေ သုံးနေရတာကြောင့် ပိုပြီး ဆိုးဝါးလာရတယ်လို့ တီဒရို့စ်က သတင်းထောက်တွေကို ပြောပါတယ်။

REF: MIZZIMA

Add a Comment

Your email address will not be published. Required fields are marked *