ချစ်သူကောင်လေးနဲ့ အတူ မွန်မြတ်တဲ့ အလှူတစ်ခုကို လုပ်ခဲ့တဲ့ ခိုင်နှင်းဝေ

Posted on


ချစ်သူကောင်လေးနဲ့ အတူ မွန်မြတ်တဲ့ အလှူတစ်ခုကို လုပ်ခဲ့တဲ့ ခိုင်နှင်းဝေ


ချစ်သူကောင်လေးနဲ့ အတူ မွန်မြတ်တဲ့ အလှူတစ်ခုကို လုပ်ခဲ့တဲ့ ခိုင်နှင်းဝေ


ချစ်သူကောင်လေးနဲ့ အတူ မွန်မြတ်တဲ့ အလှူတစ်ခုကို လုပ်ခဲ့တဲ့ ခိုင်နှင်းဝေ


ချစ်သူကောင်လေးနဲ့ အတူ မွန်မြတ်တဲ့ အလှူတစ်ခုကို လုပ်ခဲ့တဲ့ ခိုင်နှင်းဝေ

Unicode

ပရဟိတ မင်းသမီးလေး ခိုင်နှင်းဝေ ကတော့ ရင်သွေးငယ် အယောက်(၃၀)ရှိတဲ့ မိခင်တစ်ဦး ပဲဖြစ်ပါတယ်..။ သူမဟာ လူမှုရေးနဲ့ ပရဟိတအရေးတွေမှာ လက်မနှေးသလို အလှူအတန်းလည်း ရက်ရောတဲ့ သူတစ်ဦးပါ..။ သားသမီးတွေရဲ့ရှေ့မှာ မားမားမတ်မတ် ရပ်တည်ပေးနေတဲ့ မိခင်ကောင်းတစ်ဦး လို့ပြောရင်မှားမယ် မထင်ပါဘူး..။ ခိုင်နှင်းဝေက ချစ်ရတဲ့ သားသားမီးမီးလေးတွေကို မွေးစားမယ့်သူတွေ ရှိပေမယ့် စိတ်မချနိုင်တဲ့ စိတ်လေးကြောင့် မွေးစားဖို့မပေးဖြစ်ဘူးဆိုပြီး မီဒီယာ တစ်ခုရဲ့ အင်တာဗျူးမှာ ပြောပြခဲ့ဖူးပါတယ်..။

ခိုင်နှင်းဝေ ကတော့ ကလေးအယောက်(၃၀)ကို လစ်ဟာမှုမရှိအောင် စောင့်ရှောက်ပေးနေပြီး နောက်ထပ် ကလေးတွေကို ထပ်မံစောင့်ရှောက်နိုင်ဖို့ အတွက်ကိုလည်း ဂေဟာအသစ် တစ်ခုကိုလည်း ဆောက်လုပ်နေတာပဲဖြစ်ပါတယ်..။ ခိုင်နှင်းဝေဟာ သူမရဲ့ အချစ်ရေးမှာတော့ ချစ်သူကောင်လေးကို တရားဝင်ချပြထားတာပါ..။ ချစ်သူကောင်လေးဟာလည်း သူမနဲ့အတူ ပရဟိတအလုပ်တွေမှာ အတူတူ လက်မနှေးဘဲ ပါဝင်အားဖြည့် ကူညီတတ်ပါသေးတယ်..။ အခုတစ်ခါမှာတော့ ချစ်သူကောင်လေးရဲ့ တိုက်တွန်းအကြံပေးချက်နဲ့ အဖိုးမဖြတ်နိုင်တဲ့ အလှူတစ်ခုကို လုပ်နိုင်ခဲ့တဲ့အကြောင်းကို “လှူတဲ့အခါမှာ ပစ္စည်းဥစ္စာ ငွေကြေးတွေရှိမှ လှူလို့ရတာမဟုတ်ဘဲ.. မိမိရဲ့ သွေးနဲ့ သူတပါးအသက်ကယ်နိုင်တယ်.. ။

မိမိ ခန္ဓာကိုယ်ရဲ့ သွေးကို လှူတဲ့အခါ ဘယ်လောက်အထိ မြင့်မြတ်ပြီး ကုသိုလ်ရတယ်ဆို တာလေးလဲ သိစေချင်လို့ ယခုလို ကိုယ်တိုင်ကိုယ်ကျ ဦးစီးပြီး ပရဟိတလုပ်ခြင်းဖြစ်ပါတယ်..”မရှိလို့မလှူ မလှူလို့မရှိ” ဆိုပြီး ကိုယ့်မရှိလို့ အလှူမလုပ်ရဘူး ဆိုတာမဖြစ်စေချင် ပါဘူး..။ ကိုယ့်ရဲ့သွေးတွေ,ခန္ဓာတွေ နဲ့ ကုသိုလ် လုပ်လို့ရပါတယ်..။ ဒီနေ့ဆို သွေးလာလှူတဲ့ အလှူရှင်တွေကိုကြည့်ပြီး ပီတိတြွေဖစ်ရလို့ ကျွန်မကိုယ်တိုင်လဲ ကုသိုလ်တွေရတယ်..သွေး လာလှူကြတဲ့အလှူရှင်တွေ အရမ်းများပြား တာကိုကြည့်ပြီး ပျော်နေရတဲ့ နေ့လေးပေါ. ပါရမီဖြည့်ဘက်ကြီး ရဲ့ တိုက်တွန်းအကြံပေးခြင်းကြောင့် ဒီအလှူလေး အထမြောက်သွားလို့ ကျေးဇူးတင်ပါတယ်ရှင်..” ဆိုပြီး မွန်မြတ်တဲ့အလှူတစ်ခုကို လုပ်နိုင်ခဲ့တဲ့ပုံရိပ်လေးတွေနဲ့အတူ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

ပါရမီဖြည့်ကောင်း ရဲ့ တိုက်တွန်းမှုနဲ့အတူ မွန်မြတ်တဲ့သွေးလှူဒါန်းမှုကို အထမြောက်အောင် စီစဉ်လုပ်ဆောင်နိုင်ခဲ့လို့ မင်းသမီး ခိုင်နှင်းဝေကတော့ ပီတိတွေနဲ့ကုသိုလ်တွေကို အပြည့်အဝရရှိကာ ပျော်ရွှင်နေမှာအမှန်ပါပဲနော် ပရိသတ်ကြီးရေ..။ ပရိသတ်ကြီး အတွက် ခိုင်နှင်းဝေနဲ့ ချစ်သူကောင်လေးတို့ရဲ့ ဦးစီးဦးဆောင်ကာ လုပ်နိုင်ခဲ့တဲ့ သွေးလှူဒါန်းပွဲရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ Source:Khine Hnin Wai’s Facebook

Leave a Reply

Your email address will not be published. Required fields are marked *