ကိုရီးယား မွာ ထြန္းလင္းေတာက္ပေန တဲ့ ျမန္မာႏိုင္ငံက အႏုပညာ ၾကယ္ပြင့္ေလး

Posted on

အိမ္ေလး တစ္လုံး လိုခ်င္တယ္ဆိုတဲ့ သီခ်င္းနဲ႔ ျမန္မာႏိုင္ငံက ပရိသတ္ေတြ ပိုၿပီး သတိထားျခင္း ခံထားရတဲ့ လူငယ္အဆိုေတာ္ ေကာင္မေလး မာသထူးဝါး က ကိုရီးယားႏိုင္ငံမွာ ေနထိုင္ေနတဲ့ျမန္မာ တိုင္းရင္းသူေလး တစ္ဦးပါ။ ဂီတကို ခ်စ္ျမတ္ႏိုးတဲ့ မိဘႏွစ္ပါးက ေမြးဖြားလာသူျမဝတီ ၊မဲေစာက္မွာ ေမြးဖြားခဲ့သူ ကရင္တိုင္းရင္းသူေလး မာသထူးဝါးကေတာ့ ငယ္စဥ္ကတည္းက ဂီတသံစဥ္ေတြ နဲ႔ ရင္းႏွီးခဲ့သူေလးပါ။ ဖခင္ရဲ႕ အႏုပညာေသြး အျပည့္ပါတဲ့ သူမဟာ သီခ်င္းေတြ ဆိုေနရရင္ကို ေပ်ာ္ေနတဲ့ သူ ျဖစ္ပါတယ္။ သူမ သီခ်င္းစဆိုခဲ့တဲ့ အခ်ိန္က သူငယ္တန္း ကတည္းကပါတဲ့။

ကိုရီးယား မွာ ထြန္းလင္းေတာက္ပေန တဲ့ ျမန္မာႏိုင္ငံက အႏုပညာ ၾကယ္ပြင့္ေလး

“သမီးက ငယ္ငယ္ကတည္း က သီခ်င္းဆိုျဖစ္ခဲ့တာ။ အပါးက ဂီတာတီးေပးတယ္ ဖိုးမူႀကီးက ဆိုတယ္။ စဆိုတဲ့အခ်ိန္က သူငယ္တန္းေလာက္ကတည္းက ဆိုတာ ။ ေက်ာင္းေတြမွာလည္းသီခ်င္းဆိုတယ္ ။၇ ႏွစ္ေလာက္ကတည္းက ပြဲေတြ တက္ၿပီး သီခ်င္းဆိုျဖစ္တာပါ။ ၿပီးေတာ့ Cover သီခ်င္းေတြလည္း ျပန္ဆိုျဖစ္ပါတယ္။ ကိုရီးယားေရာက္ေတာ့လည္း ေအာ္ဒီရွင္ေတြ ဝင္ျဖစ္တယ္” လို႔ သူမက ဆိုပါတယ္။သူမရဲ႕ ဖခင္ဟာ ကရင္ျပည္နယ္ကိုယ္စားျပဳအေနနဲ႔ ဆိုကေရးတီး ၿပိဳင္ပြဲေတြမွာလည္း ဆုတံဆိပ္ေတြ မ်ားစြာ ရရွိခဲ့သူတစ္ဦး ျဖစ္တယ္လို႔ သိရပါတယ္။ သူမတို႔မိသားစုဟာ သူမရဲ႕ ဖခင္ဆုံးပါးသြားၿပီးေနာက္ပိုင္း ကိုရီးယားႏိုင္ငံမွာ ႏိုင္ငံသားအျဖစ္ ခံယူၿပီး အေျခခ် ေနထိုင္ခဲ့တာ ျဖစ္ပါတယ္။

ကိုရီးယား မွာ ထြန္းလင္းေတာက္ပေန တဲ့ ျမန္မာႏိုင္ငံက အႏုပညာ ၾကယ္ပြင့္ေလး

မာသထူးဝါးဟာ ကိုရီးယားႏိုင္ငံ ႏိုင္ငံျခားသား/ သူ ေတြတက္တဲ့ေက်ာင္းမွာ ပညာသင္ယူေနတာျဖစ္သလို အခုခ်ိန္မွာ (၆)တန္းတက္ေနၿပီလို႔ သိရပါတယ္။ ကိုရီးယားမွာေက်ာင္းပိတ္တဲ့အခ်ိန္ေတြဆို ျမန္မာႏိုင္ငံ ျပန္လာၿပီး အႏုပညာအလုပ္ေတြ ျပန္လုပ္ေလ့ ရွိတဲ့ မာသထူးဝါးဟာ မၾကာခင္မွာ မီနီအယ္လ္ဘမ္ ထြက္ဖို႔အတြက္ ျပင္ဆင္ေနပါတယ္။“ဖိုးမူႀကီး အခုျမန္မာႏိုင္ငံ ျပန္ေရာက္တုန္း မီနီအယ္လ္ဘမ္ထြက္ဖို႔အတြက္ ျပင္ေနတာပါ။ ႐ိုက္ကူးေရးေတြ လည္း လုပ္ရင္းနဲ႔ အခုျပန္လာခ်ိန္မွာေတာ့ အၿပီးမသတ္ႏိုင္ေသးပါဘူး။မၾကာခင္ ထြက္ဖို႔အတြက္ ရည္မွန္းထားတယ္။ အေကာင္းဆုံးျဖစ္ေအာင္လည္း ႀကိဳးစားေနပါတယ္။ အေခြထြက္ရင္လည္း ပရိသတ္ေတြ အားေပးၾကပါဦး” ဆိုၿပီး သူမရဲ႕ အေခြ ေလးအ‌ေၾကာင္း ေျပာျပခဲ့ပါေသးတယ္။အႏုပညာကို ဝါသနာအရမ္းႀကီးတဲ့ မာသထူးဝါးဟာ ႏိုင္ငံတကာအထိ ေအာင္ျမင္တဲ့ ျမန္မာအဆိုေတာ္ တစ္ေယာက္ ျဖစ္ခ်င္တာ သူမရဲ႕ အိပ္မက္ တစ္ခုပါတဲ့။

ကိုရီးယား မွာ ထြန္းလင္းေတာက္ပေန တဲ့ ျမန္မာႏိုင္ငံက အႏုပညာ ၾကယ္ပြင့္ေလး

မာသထူးဝါးဟာ ၂၀၁၉ခုႏွစ္က ျပဳလုပ္တဲ့ MBC က ႏိုင္ငံတကာ အဆိုၿပိဳင္ပြဲမွာ ဝင္ၿပိဳင္ျဖစ္ရာက နာမည္ႀကီး ႐ုပ္သံလိုင္း တစ္ခုျဖစ္တဲ့ KBS နဲ႔အတူ အႏုပညာအလုပ္ေတြ လုပ္ကိုင္ခြင့္ရတဲ့ အခြင့္အေရးတစ္ခု ေပၚ‌ေပါက္ လာခဲ့ပါတယ္။ ၂၀၁၉ခုႏွစ္က ျပဳလုပ္ခဲ့တဲ့ ကိုရီးယား၊ ဘူဆန္ ႏိုင္ငံတကာ ႐ုပ္ရွင္ပြဲေတာ္မွာ “အိမ္ေလးတစ္ လုံးလိုခ်င္တယ္” ဆိုတဲ့ ျမန္မာသီခ်င္းနဲ႔ ကိုရီးယားစင္ျမင့္ထက္မွာ အဖြင့္သီခ်င္း သီဆိုခြင့္ရခဲ့ပါတယ္။ဒီလိုအခြင့္အေရးမ်ိဳးဟာ အရမ္းကို ထူးျခားလွတဲ့ အခြင့္အေရးတစ္ခုျဖစ္ၿပီး ကိုရီးယားႏိုင္ငံရဲ႕ စင္ျမင့္ထက္မွာ ႏိုင္ငံျခားသား လူမ်ိဳးဆိုလိူ႔ သူမတစ္ေယာက္ထဲ ပါဝင္ခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။ “သီခ်င္းဆိုခြင့္ရမယ္လို႔ ၾကားလိုက္ခ်ိန္မွာ အရမ္းလည္း‌ေပ်ာ္တယ္ ရင္လည္းခုန္တယ္။ သူတို႔ဘက္က အိမ္ေလးတစ္လုံးလိုခ်င္တယ္ သီခ်င္းကိုေဖ်ာ္‌ ေျဖခိုင္းခဲ့တာ။ ဒီလိုပြဲမွာ ဆိုခြင့္ရတာပထမဆုံးပဲ။ ဗမာသီခ်င္းနဲ႔ အဖြင့္သီခ်င္းကို ဆိုခြင့္ရလို႔ ဂုဏ္ယူတယ္။ သူတို႔ေတြလည္း အရမ္း အားေပးၾကလို႔ ဝမ္းသာခဲ့ရပါတယ္” ဆိုၿပီး ဘူဆန္ႏိုင္ငံတကာ ႐ုပ္ရွင္ပြဲေတာ္မွာ အဖြင့္ သီခ်င္းေဖ်ာ္ေျဖခြင့္ ရတာနဲ႔ ပတ္သက္ၿပီး ေျပာျပခဲ့တာပါ။

ကိုရီးယား မွာ ထြန္းလင္းေတာက္ပေန တဲ့ ျမန္မာႏိုင္ငံက အႏုပညာ ၾကယ္ပြင့္ေလး

Unicode

အိမ်လေး တစ်လုံး လိုချင်တယ်ဆိုတဲ့ သီချင်းနဲ့ မြန်မာနိုင်ငံက ပရိသတ်တွေ ပိုပြီး သတိထားခြင်း ခံထားရတဲ့ လူငယ်အဆိုတော် ကောင်မလေး မာသထူးဝါး က ကိုရီးယားနိုင်ငံမှာ နေထိုင်နေတဲ့မြန်မာ တိုင်းရင်းသူလေး တစ်ဦးပါ။ ဂီတကို ချစ်မြတ်နိုးတဲ့ မိဘနှစ်ပါးက မွေးဖွားလာသူမြဝတီ ၊မဲစောက်မှာ မွေးဖွားခဲ့သူ ကရင်တိုင်းရင်းသူလေး မာသထူးဝါးကတော့ ငယ်စဉ်ကတည်းက ဂီတသံစဉ်တွေ နဲ့ ရင်းနှီးခဲ့သူလေးပါ။ ဖခင်ရဲ့ အနုပညာသွေး အပြည့်ပါတဲ့ သူမဟာ သီချင်းတွေ ဆိုနေရရင်ကို ပျော်နေတဲ့ သူ ဖြစ်ပါတယ်။ သူမ သီချင်းစဆိုခဲ့တဲ့ အချိန်က သူငယ်တန်း ကတည်းကပါတဲ့။

“သမီးက ငယ်ငယ်ကတည်း က သီချင်းဆိုဖြစ်ခဲ့တာ။ အပါးက ဂီတာတီးပေးတယ် ဖိုးမူကြီးက ဆိုတယ်။ စဆိုတဲ့အချိန်က သူငယ်တန်းလောက်ကတည်းက ဆိုတာ ။ ကျောင်းတွေမှာလည်းသီချင်းဆိုတယ် ။၇ နှစ်လောက်ကတည်းက ပွဲတွေ တက်ပြီး သီချင်းဆိုဖြစ်တာပါ။ ပြီးတော့ Cover သီချင်းတွေလည်း ပြန်ဆိုဖြစ်ပါတယ်။ ကိုရီးယားရောက်တော့လည်း အော်ဒီရှင်တွေ ဝင်ဖြစ်တယ်” လို့ သူမက ဆိုပါတယ်။သူမရဲ့ ဖခင်ဟာ ကရင်ပြည်နယ်ကိုယ်စားပြုအနေနဲ့ ဆိုကရေးတီး ပြိုင်ပွဲတွေမှာလည်း ဆုတံဆိပ်တွေ များစွာ ရရှိခဲ့သူတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။ သူမတို့မိသားစုဟာ သူမရဲ့ ဖခင်ဆုံးပါးသွားပြီးနောက်ပိုင်း ကိုရီးယားနိုင်ငံမှာ နိုင်ငံသားအဖြစ် ခံယူပြီး အခြေချ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။

မာသထူးဝါးဟာ ကိုရီးယားနိုင်ငံ နိုင်ငံခြားသား/ သူ တွေတက်တဲ့ကျောင်းမှာ ပညာသင်ယူနေတာဖြစ်သလို အခုချိန်မှာ (၆)တန်းတက်နေပြီလို့ သိရပါတယ်။ ကိုရီးယားမှာကျောင်းပိတ်တဲ့အချိန်တွေဆို မြန်မာနိုင်ငံ ပြန်လာပြီး အနုပညာအလုပ်တွေ ပြန်လုပ်လေ့ ရှိတဲ့ မာသထူးဝါးဟာ မကြာခင်မှာ မီနီအယ်လ်ဘမ် ထွက်ဖို့အတွက် ပြင်ဆင်နေပါတယ်။“ဖိုးမူကြီး အခုမြန်မာနိုင်ငံ ပြန်ရောက်တုန်း မီနီအယ်လ်ဘမ်ထွက်ဖို့အတွက် ပြင်နေတာပါ။ ရိုက်ကူးရေးတွေ လည်း လုပ်ရင်းနဲ့ အခုပြန်လာချိန်မှာတော့ အပြီးမသတ်နိုင်သေးပါဘူး။မကြာခင် ထွက်ဖို့အတွက် ရည်မှန်းထားတယ်။ အကောင်းဆုံးဖြစ်အောင်လည်း ကြိုးစားနေပါတယ်။ အခွေထွက်ရင်လည်း ပရိသတ်တွေ အားပေးကြပါဦး” ဆိုပြီး သူမရဲ့ အခွေ လေးအ‌ကြောင်း ပြောပြခဲ့ပါသေးတယ်။အနုပညာကို ဝါသနာအရမ်းကြီးတဲ့ မာသထူးဝါးဟာ နိုင်ငံတကာအထိ အောင်မြင်တဲ့ မြန်မာအဆိုတော် တစ်ယောက် ဖြစ်ချင်တာ သူမရဲ့ အိပ်မက် တစ်ခုပါတဲ့။

မာသထူးဝါးဟာ ၂၀၁၉ခုနှစ်က ပြုလုပ်တဲ့ MBC က နိုင်ငံတကာ အဆိုပြိုင်ပွဲမှာ ဝင်ပြိုင်ဖြစ်ရာက နာမည်ကြီး ရုပ်သံလိုင်း တစ်ခုဖြစ်တဲ့ KBS နဲ့အတူ အနုပညာအလုပ်တွေ လုပ်ကိုင်ခွင့်ရတဲ့ အခွင့်အရေးတစ်ခု ပေါ်‌ပေါက် လာခဲ့ပါတယ်။ ၂၀၁၉ခုနှစ်က ပြုလုပ်ခဲ့တဲ့ ကိုရီးယား၊ ဘူဆန် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ “အိမ်လေးတစ် လုံးလိုချင်တယ်” ဆိုတဲ့ မြန်မာသီချင်းနဲ့ ကိုရီးယားစင်မြင့်ထက်မှာ အဖွင့်သီချင်း သီဆိုခွင့်ရခဲ့ပါတယ်။ဒီလိုအခွင့်အရေးမျိုးဟာ အရမ်းကို ထူးခြားလှတဲ့ အခွင့်အရေးတစ်ခုဖြစ်ပြီး ကိုရီးယားနိုင်ငံရဲ့ စင်မြင့်ထက်မှာ နိုင်ငံခြားသားလူမျိုးဆိုလိူ့ သူမတစ်ယောက်ထဲ ပါဝင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။“သီချင်းဆိုခွင့်ရမယ်လို့ ကြားလိုက်ချိန်မှာအရမ်းလည်း‌ပျော်တယ်ရင်လည်းခုန်တယ်။ သူတို့ဘက်က အိမ်လေးတစ်လုံးလိုချင်တယ် သီချင်းကိုဖျော်‌ ဖြေခိုင်းခဲ့တာ။ ဒီလိုပွဲမှာ ဆိုခွင့်ရတာပထမဆုံးပဲ။ ဗမာသီချင်းနဲ့ အဖွင့်သီချင်းကိုဆိုခွင့်ရလို့ ဂုဏ်ယူတယ်။ သူတို့တွေလည်းအရမ်း အားပေးကြလို့ ဝမ်းသာခဲ့ရပါတယ်” ဆိုပြီး ဘူဆန်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ အဖွင့်သီချင်းဖျော်ဖြေခွင့်ရတာနဲ့ ပတ်သက်ပြီး ပြောပြခဲ့တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *