BREAKING NEWS – ဘန်ကောက်မြို့ က ကြောက်စရာလူသတ်ပွဲ စစ်သားတဦး မှ LIVE လွင့်ပြီး လူအုပ်ထဲ သေနတ်ဖြင့်ပစ်ခတ် သေဆုံးမူများ
ထိုင်းနိုင်ငံဘန်ကောက်မြို့ ရှိ ခိုရတ်ဒေသတွင်ယနေ့ (ဖေဖော်ဝါရီ ၈ ) ထိုင်းစံတော်ချိန်ည ၇း၂၀ နာရီမှစ၍ လူအုပ်စုထဲသို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ကနဦးသတင်းများအရ အနည်းဆုံး လူ ၁၂ ဦးသေဆုံးသွားသည်။
အဆိုပါ စစ်သားမှာ ထိုင်းစံတော်ချိန် ည ၇း၂၀နာရီတွင် ၄င်း၏ Facebook မှ Live လွင့်တင်ကာ “So tired,” ” အရမ်းမောပန်းနေပြီ ” ဟုရေးသားပြီး ရိုင်ဖယ်သေနတ်ကိုင်ကာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ၄င်း၏ အကောင့်ကို Facebook ကဖြုတ်ချထားလိုက်ပြီး ထိုင်းအာဏာပိုင် များကလည်း Terminal 21 ကို ပိတ်ဆို့ ထားသည်။ ၄င်းကိုမမိသေး သလို လက်နက်မျိုးစုံနှင့် ကျည်ဆန်များစွာ ပါနေသည့်အတွက် ပြည်သူများ အား အပြင်မထွက်ရန် ညွန်ကြားထားသည်။ ဒဏ်ရာရသူများစွာ ရှိပြီး မည်မျှဆိုသည် ကို အတည်မပြုနိုင်သေးပေ။
Unicode
ထိုင်း တွင် အထက်အရာရှိနှင့် အဆင်မပြေသည့် စစ်သားတစ်ဦးက Facebook Live လွင့်၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ကနဦး ၁၂ ဦးသေဆုံး
ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ ခိုရတ်ဒေသတွင်ယနေ့(ဖေဖော်ဝါရီ ၈ ) ထိုင်းစံတော်ချိန်ည ရး၂၀ နာရီမှစ၍ လူအုပ်စုထဲသို့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ကနဦးသတင်းများအရ အနည်းဆုံး လူ ၁၂ ဦးသေဆုံးသွားသည်။
လူအုပ်ထဲသို့သေနတ်ဖြင့် ပစ်ခတ်နေသူမှာ စစ်သားတယောက်ဖြစ်ကာ ၎င်း၏ အထက်အရာရှိနှင့်အဆင် မပြေဖြစ်ပြီးနောက် အဆိုပါအရာရှိနှင့် စစ်တပ်အတွင်း မှ အခြား ၂ ဦးကို ပစ်သတ်ခဲ့သည်။ ထို့နောက် စစ် တပ်မှ ဟမ်းဗီး ကားတစ်စီးကိုမောင်းနှင်ပြီးမြောင်ခရိုင် ရှိ Terminal 21 သို့သွားရာ လမ်းတလျောက်တွင် ပစ် ခတ်ခဲ့သလို Terminal 21 တွင် ကားကိုရပ်ကာ တွေ့မြင်သမျှလူတိုင်းအား ပစ်သတ်နေခြင်းဖြစ်သည်။
အဆိုပါ စစ်သားမှာ ထိုင်းစံတော်ချိန် ည ရး၂၀နာရီတွင် ၎င်း၏ Facebook မှ Live လွင့်တင်ကာ “So tired,” ” အရမ်းမောပန်းနေပြီ ” ဟုရေးသားပြီး ရိုင်ဖယ်သေနတ်ကိုင်ကာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ၎င်း၏ အကောင့်ကို Facebook ကဖြုတ်ချထားလိုက်ပြီး ထိုင်းအာဏာပိုင် များကလည်း Terminal 21 ကို ပိတ်ဆို့ထားသည်။ ၎င်းကိုမမိသေး သလို လက်နက်မျိုးစုံနှင့် ကျည်ဆန်များစွာ ပါနေသည့်အတွက် ပြည်သူများ အား အပြင်မထွက်ရန် ညွန်ကြားထားသည်။ ဒဏ်ရာရသူများစွာ ရှှိပြီး မည်မျှဆိုသည် ကို အတည်မပြုနိုင်သေ းပေ။
လေးစားစွာဖြင့် ခရစ်ဒက် ……The Ladies News
Add a Comment
Your email address will not be published. Required fields are marked *