ၿမိတ္ၿမိဳ႕တြင္ ( ၈ ) လသား အရြယ္ကေလးငယ္အား ဓါးေထာက္ဓါးစာခံျပုလုပ္ကာ အိမ္ရွင္အားအႏုၾကမ္းစီးမွုျဖစ္ပြား

ေဖေဖာ္၀ါရီ 8 , 2020 ခုႏွစ္

ၿမိတ္ၿမိဳ့ ၊ ကန္ဖ်ားကုန္စိမ္းေစ်းေဟာင္းအနီး ေဒၚတင္ၾကဴ ေနအိမ္ တြင္ ေဖေဖၚဝါရီလ ( ၇ ) ရက္ ၊ ည ( ၈ ) နာရီခန္႔က အႏုၾကမ္းစီးမွု ျဖစ္ပြား ခဲ့ ေၾကာင္း သိရွိ ရပါ တယ္ ။

ျဖစ္စဥ္ မွာ ေဒၚတင္ၾကဴ သည္ ကန္ဖ်ားရပ္ႀကီး၊ ဗိုလ္ဗထူးလမ္းသြယ္ ( ၂ ) လမ္း ၊ အိမ္အမွတ္ ( ၁ ) ရွိ ေနအိမ္တြင္ ၎၏ သမီးျဖစ္သူ ေအးမိုးသူ ႏွင့္ အတူ ( ၃ ) ႏွစ္ အရြယ္၊ ႏွင့္ ( ၈ ) လ အရြယ္ ကေလးတို႕ႏွင့္ ေနအိမ္ တြင္ ရွိေနစဥ္

ၿမိတ္ၿမိဳ႕တြင္ (၈) လသားအရြယ္ကေလးအား ဓါးေထာက္ကာ အိမ္ရွင္အား အႏုၾကမ္းစီးမွု

အမည္မသိ အမ်ိဳးသား ၃ ဦး က ၿခံတံခါးေက်ာ္ဝင္ၿပီး (၈) လ အရြယ္ကေလး အား ေပြ႕ခ်ီၿပီး ဓါးေထာက္၍ ေအာ္လၽွင္ ကေလးအား သတ္ပစ္မည္ ဟုေျပာဆို၍ ဘီရို အတြင္းရွိ

ေရႊထည္ပစၥည္း ေရႊ ၁ က်ပ္ ၊

ေရႊဆြဲသီး ၃ ခု ၊

အေခါက္ေရႊ လက္ေကာက္ ၁ က်ပ္၊

ပတၱျမားဆြဲသီး ၁ ခု၊

ပတၱျမားလက္ေကာက္ ၁ ကြင္း ၊

မဟူရာ က်ယ္သီး ၁ လုံး၊

ေရႊဆြဲႀကိဳး ၂ က်ပ္သား တစ္ကုံး ႏွင့္

ေငြက်ပ္- ၄ သိန္း လုယူထြက္ေျပးသြားေၾကာင္းသိရပါတယ္။

ၿမိတ္ၿမိဳ႕တြင္ (၈) လသားအရြယ္ကေလးအား ဓါးေထာက္ကာ အိမ္ရွင္အား အႏုၾကမ္းစီးမွု
ၿမိတ္ၿမိဳ႕တြင္ (၈) လသားအရြယ္ကေလးအား ဓါးေထာက္ကာ အိမ္ရွင္အား အႏုၾကမ္းစီးမွု

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး ၿမိတ္ၿမိဳ့မရဲစခန္း မွ အႏုၾကမ္းစီးသူ အမည္မသိ (၃) ဦး ကို အေရးယူနိုင္ရန္ စုံစမ္းလ်က္ ရွိေၾကာင္း သိရပါတယ္။

Source – ျမတ္ထြဋ္ (ၿမိတ္)

Unicode

မြိတ်မြို့တွင် (၈) လသားအရွယ်ကလေးအား ဓါးထောက်ကာ အိမ်ရှင်အား အနုကြမ်းစီးမှုဖြစ်ပွား

၂၀၂၀ ခုနှစ် ၊ ဖေဖော်ဝါရီ ၈

မြိတ်မြို့ ၊ ကန်ဖျားကုန်စိမ်းဈေးဟောင်းအနီး ဒေါ်တင်ကြူ နေအိမ်တွင် ဖေဖေါ်ဝါရီလ ၇ ရက်၊ ည ၈ နာရီခန့်က အနုကြမ်းစီးမှု ဖြစ်ပွား ခဲ့ ကြောင်း သိရှိ ရပါတယ်။

ဖြစ်စဉ် မှာ ဒေါ်တင်ကြူ သည် ကန်ဖျားရပ်ကြီး၊ ဗိုလ်ဗထူးလမ်းသွယ် (၂) လမ်း ၊ အိမ်အမှတ် (၁) ရှိ နေအိမ်တွင် ၎င်း၏ သမီးဖြစ်သူ အေးမိုးသူ နှင့် အတူ ၃ နှစ် အရွယ်၊ နှင့် ၈ လ အရွယ် ကလေးတို့နှင့် နေအိမ်တွင် ရှိနေစဉ်

အမည်မသိ အမျိုးသား ၃ ဦး က ခြံတံခါးကျော်ဝင်ပြီး (၈) လ အရွယ်ကလေး အား ပွေ့ချီပြီး ဓါးထောက်၍ အော်လျှင် ကလေးအား သတ်ပစ်မည် ဟုပြောဆို၍ ဘီရို အတွင်းရှိ

ရွှေထည်ပစ္စည်း ရွှေ ၁ ကျပ် ၊

ရွှေဆွဲသီး ၃ ခု ၊

အခေါက်ရွှေ လက်ကောက် ၁ ကျပ်၊

ပတ္တမြားဆွဲသီး ၁ ခု၊

ပတ္တမြားလက်ကောက် ၁ ကွင်း ၊

မဟူရာ ကျယ်သီး ၁ လုံး၊

ရွှေဆွဲကြိုး ၂ ကျပ်သား တစ်ကုံး နှင့်

ငွေကျပ်- ၄ သိန်း လုယူထွက်ပြေးသွားကြောင်းသိရပါတယ်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး မြိတ်မြို့မရဲစခန်း မှ အနုကြမ်းစီးသူ အမည်မသိ (၃) ဦး ကို အရေးယူနိုင်ရန် စုံစမ်းလျက် ရှိကြောင်း သိရပါတယ်။

Source – မြတ်ထွဋ် (မြိတ်)

Add a Comment

Your email address will not be published. Required fields are marked *