ေျမာက္ဒဂံု ( CB ) ဘဏ္ခြဲ ဓားျပတိုက္ ခံရသည့္ျဖစ္စဥ္ သည္ တရားဥပေဒ စိုးမိုးမႈမရွိျခင္း ကို ျပဆိုေနေၾကာင္း ျပည္ခိုင္ၿဖိဳးပါတီ မွ ဦးသိန္းထြန္းဦး ေျပာျပီ

ဒဂံုၿမိဳ႕သစ္ (ေျမာက္ပိုင္း) ျမိဳ႕နယ္ CB ဘဏ္ခြဲဓားျပတုိက္ခံရသည့္ျ ဖစ္စဥ္ ကိုၾ ကည့္ျခင္းအားျဖင့္ ျမန္မာႏုိင္ငံ တြင္ တရားဥပေဒစုိးမုိးမႈမရွိသည္ကို သိႏိုင္ေၾကာင္းျ ပည္ ေထာင္ စု ႀကံ႕ခုိင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရး ပါတီ မွ ေျပာေရးဆုိခြင့္ရွိသူ ဦးသိန္းထြန္းဦးကေျပာ သည္။

ရန္ကုန္ၿမိဳ႕ ၊ ဒဂံုၿမိဳ႕သစ္ (ေျမာက္ပိုင္း)

ၿမိဳ႕နယ္ရွိ CB ဘဏ္ခြဲတြင္ ယေန႔(ေဖေဖာ္၀ါရီလ ၇ ရက္)၊ နံနက္ပိုင္းက က်ပ္သိန္း ၆၀၀ ဓားျပတိုက္ခံရၿပီးဗံုးေထာင္ထားမႈျဖစ္ပြားျခင္းႏွင့္ပတ္သက္၍

ဒဂံုၿမိဳ႕သစ္ (ေျမာက္ပိုင္း)ၿမိဳ႕နယ္ CB ဘဏ္ခြဲ

ယခုကဲ့သို႔ေျပာျခင္း ျဖစ္သည္။“ ဒီေန႔မနက္ေျမာက္ဒဂုံ CB Bank မွာ ဓားျပတုိက္ခံလုိက္ရတဲ့ျဖစ္စဥ္က ျမန္မာႏုိင္ငံမွာတရားဥပေဒစုိးမုိးမႈ မရွိဘူး

ဆုိတာကုိသိရွိႏုိင္ပါတယ္။ ျပည္သူေတြအေနနဲ႔ စားဝတ္ေနေရးခက္ခဲမႈေတြကုိေျဖရွင္းဖုိ႔အတြက္ အခုလုိဒုစရုိက္မႈေတြေပၚေပါက္လာတာလည္းျဖစ္တယ္”

ဟု ျပည္ေထာင္စုႀကံ႕ခုိင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ ေျပာေရးဆုိခြင့္ရွိသူ ဦးသိန္းထြန္းဦးကေျပာသည္။အဆိုပါဒဂံုၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္

ပည္ေထာင္စုႀကံ႕ခုိင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရး ပါတီ မွ ေျပာေရးဆုိခြင့္ရွိသူ ဦးသိန္းထြန္းဦး

CB ဘဏ္ခြဲကို လက္ရွိ(ေဖေဖာ္၀ါရီလ ၇ ရက္)၊ ေန႔လယ္ပိုင္းတြင္ ျပန္လည္ဖြင့္လွစ္ထားၿပီျဖစ္ေၾကာင္း သိရသည္။“ ဘဏ္ကေတာ့လက္ရွိမွာျပန္ဖြင့္ထားၿပီးပါၿပီ။

ေန႔လယ္ ၁ နာရီ ၄၅ မိနစ္အခ်ိန္ေလာက္ကပါ။ လုံၿခဳံေရးနဲ႔ ပတ္သက္ၿပီး သက္ဆုိင္ရာတာဝန္ရွိသူေတြကရွင္းလင္းၿပီးပါၿပီ။ လက္ရွိမွာေတာ့

ဘဏ္ကပုံမွန္အတုိင္း ဖြင့္ၿပီးထားၿပီ” ဟု CB Bank ၏အေထြေထြမန္ေနဂ်ာဦးေဇယ်ာေက်ာ္က ေျပာသည္။ဒဂံုၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္ရွိ

CB ဘဏ္ခြဲတြင္ ဓားျပတိုက္သူမ်ားထားရွိခဲ့ေသာဗံုး ၂ လံုးမွာ အတုျဖစ္ေၾကာင္း စစ္ေဆးခ်က္အရ သိရသည္။“ အခုလုိဗုံးေထာင္ၿပီးေတာ့

ေသနတ္နဲ႔လုယူမႈျဖစ္ပြားခဲ့တာက တရားဥပေဒကုိ ပြင့္ပြင့္လင္းလင္း စိန္ေခၚလုိက္ျခင္းပဲျဖစ္ပါတယ္။ ျဖစ္တဲ့ေနရာကလည္း တကယ့္ကုိ

အခ်က္အျခာက်တဲ့ေနရာလည္းျဖစ္ပါတယ္။ ကၽြန္ေတာ္တုိ႔ကေတာ့လက္ရွိအခ်ိန္မွာတရားခံမိဖုိ႔အတြက္ သက္ဆုိင္ရာေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ေနပါတယ္ ”

ဟု ဒဂုံၿမိဳ႕သစ္(ေျမာက္ပုိင္း)မဲဆႏၵနယ္အမွတ္(၁) တုိင္းေဒသႀကီးလႊတ္ေတာ္ကုိယ္စားလွယ္ဦးတင္ထြန္းႏုိင္က ေျပာသည္။

လက္ရွိတြင္ အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ျပစ္မႈက်ဴးလြန္သူမ်ားကိုဖမ္းဆီးရမိေရး သက္ဆုိင္ရာ တာ၀န္ရွိသူမ်ားက စစ္ေဆးေနေၾကာင္း သိရသည္။

အကုန္သိ

Unicode

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် CB ဘဏ်ခွဲဓားပြတိုက်ခံရသည့်ဖြစ်စဉ်ကိုကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှုမရှိသည်ကို

သိနိုင်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးကပြောသည်။ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)

မြို့နယ်ရှိ CB ဘဏ်ခွဲတွင် ယနေ့(ဖေဖော်ဝါရီလ ၇ ရက်)၊ နံနက်ပိုင်းက ကျပ်သိန်း ၆၀၀ ဓားပြတိုက်ခံရပြီးဗုံးထောင်ထားမှုဖြစ်ပွားခြင်းနှင့်ပတ်သက်၍

ယခုကဲ့သို့ပြောခြင်း ဖြစ်သည်။“ ဒီနေ့မနက်မြောက်ဒဂုံ CB Bank မှာ ဓားပြတိုက်ခံလိုက်ရတဲ့ဖြစ်စဉ်က မြန်မာနိုင်ငံမှာတရားဥပဒေစိုးမိုးမှု မရှိဘူး

ဆိုတာကိုသိရှိနိုင်ပါတယ်။ ပြည်သူတွေအနေနဲ့ စားဝတ်နေရေးခက်ခဲမှုတွေကိုဖြေရှင်းဖို့အတွက် အခုလိုဒုစရိုက်မှုတွေပေါ်ပေါက်လာတာလည်းဖြစ်တယ်”

ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးကပြောသည်။အဆိုပါဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်

CB ဘဏ်ခွဲကို လက်ရှိ(ဖေဖော်ဝါရီလ ၇ ရက်)၊ နေ့လယ်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ထားပြီဖြစ်ကြောင်း သိရသည်။“ ဘဏ်ကတော့လက်ရှိမှာပြန်ဖွင့်ထားပြီးပါပြီ။

နေ့လယ် ၁ နာရီ ၄၅ မိနစ်အချိန်လောက်ကပါ။ လုံခြုံရေးနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေကရှင်းလင်းပြီးပါပြီ။ လက်ရှိမှာတော့

ဘဏ်ကပုံမှန်အတိုင်း ဖွင့်ပြီးထားပြီ” ဟု CB Bank ၏အထွေထွေမန်နေဂျာဦးဇေယျာကျော်က ပြောသည်။ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ

CB ဘဏ်ခွဲတွင် ဓားပြတိုက်သူများထားရှိခဲ့သောဗုံး ၂ လုံးမှာ အတုဖြစ်ကြောင်း စစ်ဆေးချက်အရ သိရသည်။“ အခုလိုဗုံးထောင်ပြီးတော့

သေနတ်နဲ့လုယူမှုဖြစ်ပွားခဲ့တာက တရားဥပဒေကို ပွင့်ပွင့်လင်းလင်း စိန်ခေါ်လိုက်ခြင်းပဲဖြစ်ပါတယ်။ ဖြစ်တဲ့နေရာကလည်း တကယ့်ကို

အချက်အခြာကျတဲ့နေရာလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့လက်ရှိအချိန်မှာတရားခံမိဖို့အတွက် သက်ဆိုင်ရာတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ် ”

ဟု ဒဂုံမြို့သစ်(မြောက်ပိုင်း)မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးတင်ထွန်းနိုင်က ပြောသည်။

လက်ရှိတွင် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူများကိုဖမ်းဆီးရမိရေး သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးနေကြောင်း သိရသည်။

အကုန်သိ

Add a Comment

Your email address will not be published. Required fields are marked *