သမီးေလး ကုိ ဘယ္ေလာက္ထိ ခ်စ္ေၾကာင္း ကဗ်ာေလး နဲ႔ ဖြဲ႕ဆိုျပလိိုက္တဲ့ ဖိုက္တာ လူၾကမ္းႀကီး ေအာင္လအန္ဆန္း

Posted on

ေအာင္လအန္ဆန္ ဟာ ခ်စ္ဖို႔ေကာင္းတဲ့ ဇနီးျဖစ္သူနဲ႔ သားေလးနဲ႔ ေပ်ာ္စရာေကာင္းတဲ့ မိသားစု ဘဝေလး ပိုင္ဆိုင္ထားသူ ျဖစ္ျပီး မိသားစုကို ၾကင္နာတတ္တဲ့ အေဖေကာင္း တစ္ေယာက္လည္း ျဖစ္ပါတယ္။ ေအာင္လအန္ဆန္းက သူ႔ရဲဲ႕ အားလပ္ခ်ိန္ေတြ ကုိ မိသားစုနဲ႔ပဲ ကုန္ဆံုးတတ္ျပီး အားတဲ့ ရက္ေတြမွာ သားေလးကို ေက်ာင္းလုိက္ပုိ႔ျပီး ဂရုတစုိက္ ရွိသူလည္း ျဖစ္ပါတယ္။ ေအာင္လက သားေလးေအာင္ဒီး ကုိ သူ႔လိုပဲ ကမၻာေက်ာ္ လက္ေဝွ႕ပြဲေတြနဲ႔ One Championship မွာ ယွဥ္ျပိဳင္ ထုိးသတ္ေစခ်င္တဲ့ အေၾကာင္းလည္း လူမႈကြန္ယက္မွာ ရင္ဖြင့္ခဲ့ဖူးပါေသးတယ္။

သမီးေလး ကုိ ဘယ္ေလာက္ထိ ခ်စ္ေၾကာင္း ကဗ်ာေလး နဲ႔ ဖြဲ႕ဆိုျပလိိုက္တဲ့ ဖိုက္တာ လူၾကမ္းႀကီး ေအာင္လအန္ဆန္း
သမီးေလး ကုိ ဘယ္ေလာက္ထိ ခ်စ္ေၾကာင္း ကဗ်ာေလး နဲ႔ ဖြဲ႕ဆိုျပလိိုက္တဲ့ ဖိုက္တာ လူၾကမ္းႀကီး ေအာင္လအန္ဆန္း

ေအာင္လအန္ဆန္း ဟာ လက္ေဝွ႕ ထုိးသတ္ပြဲေတြ တုိင္းမွာ အျမဲတမ္းနီးပါး နုိင္ပြဲေတြ ဆက္တုိက္ ရယူေပးေနခဲ့ျပီး သူ အနုိင္ရရွိတိုင္းမွာလည္း ျမန္မာ့ စပါးအံုးေျမြၾကီး အျဖစ္ တင္စားေျပာဆုိခံရသူလည္း ျဖစ္ပါတယ္။ အားလံုးက ဖိန္႔ဖိန္႔တုန္ေအာင္ နုိင္ပြဲေတြ ဆက္တိုက္ဆိုသလုိ ရယူေနတဲ့ လက္ေဝွ႕ေက်ာ္ ေအာင္လအန္ဆန္းရဲ႕ သံမဏိနွလံုးသားကုိ ခ်စ္ျခင္းေမတၱာေတြနဲ႔ စိမ့္ဝင္ျပီးေႏြးေထြးေစနုိင္ တာကေတာ့ သူခ်စ္ရတဲ့မိသားစုေလးလို႔ ဆိုရမွာပါ။ ေအာင္လအန္ဆန္းက မၾကာေသးမီက သမီးေခ်ာေလးကုိ ေမြးဖြားျပီး မိသားစုဝင္ အသစ္စက္စက္ျဖစ္တဲ့ သမီးေလးကုိ တစ္ကမၻာလံုးက ပရိသတ္ေတြနဲ႔ မိတ္ဆက္ေပးခဲ့ပါတယ္။

သမီးေလး ကုိ ဘယ္ေလာက္ထိ ခ်စ္ေၾကာင္း ကဗ်ာေလး နဲ႔ ဖြဲ႕ဆိုျပလိိုက္တဲ့ ဖိုက္တာ လူၾကမ္းႀကီး ေအာင္လအန္ဆန္း

အေဖေတြ ရဲ႕ အသည္းေက်ာ္က အျမဲလိုလိုပဲ သမီးေလးေတြျဖစ္ေလ့ရွိတဲ့ အတိုင္းပဲ ေအာင္လကလည္း သမီးေလးကို တုန္ေနေအာင္ခ်စ္တဲ့ အေဖတစ္ဦးပါ။ ေအာင္လက သူ႔သမီးေလးကို ဘယ္ေလာက္ထိ ခ်စ္ရတယ္ဆိုတဲ့အေၾကာင္းကုိ မၾကာေသးမီက သူ႔ရဲ႕ လူမႈကြန္ယက္မွာ ရင္ဖြင့္ေျပာၾကားထားခဲ့တာပါ။ ေအာင္လအန္ဆန္းက သမီးေလးအတြက္ အခ်စ္ေတြကုိ ကဗ်ာေလးနဲ႔ေဖာ္ျပထားတာေတြ႕ရပါတယ္။ “ခ်စ္ရတဲ့ သမီးေလးက ေဖေဖ့လက္ထဲမွာ။ သမီးေလးက အရမ္းေသးေကြးၿပီး ငယ္ရြယ္လြန္းေပမယ့္ ေဖေဖ့ အတြက္ေတာ့ အားအင္တစ္ခုပါပဲ။ ေဖေဖ့ လက္ဖဝါးထဲမွာ သမီးေလးကုိ ေႏြးေထြးေအာင္ ကာကြယ္ေစာင့္ေရွာက္ေပးထားမယ္။ အေဖတုိ႔ၾကားက သံေယာဇဥ္ၾကိဳးကုိ ဘာနဲ႔မွျဖတ္လို႔မရ။ သမီးေလးမငိုပါနဲ႔။ သမီးေလးက အခုအခ်ိန္ကစျပီး တစ္သက္လံုး ထာဝရ အေဖ့နွလံုးသားထဲမွာ ရွိေနမွာပါ”လို႔ အဓိပၸါယ္ရတဲ့ အဂၤလိပ္ ကဗ်ာေလးတစ္ပုဒ္ကုိ ေအာင္လအန္ဆန္းက သမီးေလးရဲ႕ဓာတ္ပံုေလးနဲ႔အတူ သူ႔ရဲ႕လူမႈကြန္ယက္ေပၚမွာ တင္ထားတာပါ။ ကဗ်ာေလးက Phil Collins ရဲ႕ ကဗ်ာေလးျဖစ္ပါတယ္။

သမီးေလး ကုိ ဘယ္ေလာက္ထိ ခ်စ္ေၾကာင္း ကဗ်ာေလး နဲ႔ ဖြဲ႕ဆိုျပလိိုက္တဲ့ ဖိုက္တာ လူၾကမ္းႀကီး ေအာင္လအန္ဆန္း

ပရိသတ္ၾကီးေရာ ေအာင္လရဲ႕ ဖခင္ေမတၱာကုိ သေဘာက်ၾကည္နူးမိၾကလား။ ေအာင္လရဲ႕ ေနာက္ထပ္ယွဥ္ျပိဳင္ ထိုးသတ္မယ့္ပြဲေတြကိုေရာ အားေပးၾကမွာလား။ ေအာင္လရဲ႕ သားေလး ေအာင္ဒီးက အေဖ့ေျခရာနင္းျပီး လက္ေဝွ႕ေက်ာ္ၾကီးျဖစ္လာရင္ေရာ အားေပးဖို႔အသင့္ပဲလား။

Unicode

အောင်လအန်ဆန် ဟာ ချစ်ဖို့ကောင်းတဲ့ ဇနီးဖြစ်သူနဲ့ သားလေးနဲ့ ပျော်စရာကောင်းတဲ့ မိသားစု ဘဝလေး ပိုင်ဆိုင်ထားသူ ဖြစ်ပြီး မိသားစုကို ကြင်နာတတ်တဲ့ အဖေကောင်း တစ်ယောက်လည်း ဖြစ်ပါတယ်။ အောင်လအန်ဆန်းက သူ့ရဲ့ အားလပ်ချိန်တွေ ကို မိသားစုနဲ့ပဲ ကုန်ဆုံးတတ်ပြီး အားတဲ့ ရက်တွေမှာ သားလေးကို ကျောင်းလိုက်ပို့ပြီး ဂရုတစိုက် ရှိသူလည်း ဖြစ်ပါတယ်။ အောင်လက သားလေးအောင်ဒီး ကို သူ့လိုပဲ ကမ္ဘာကျော် လက်ဝှေ့ပွဲတွေနဲ့ One Championship မှာ ယှဉ်ပြိုင် ထိုးသတ်စေချင်တဲ့ အကြောင်းလည်း လူမှုကွန်ယက်မှာ ရင်ဖွင့်ခဲ့ဖူးပါသေးတယ်။

အောင်လအန်ဆန်း ဟာ လက်ဝှေ့ ထိုးသတ်ပွဲတွေ တိုင်းမှာ အမြဲတမ်းနီးပါး နိုင်ပွဲတွေ ဆက်တိုက် ရယူပေးနေခဲ့ပြီး သူ အနိုင်ရရှိတိုင်းမှာလည်း မြန်မာ့ စပါးအုံးမြွေကြီး အဖြစ် တင်စားပြောဆိုခံရသူလည်း ဖြစ်ပါတယ်။ အားလုံးက ဖိန့်ဖိန့်တုန်အောင် နိုင်ပွဲတွေ ဆက်တိုက်ဆိုသလို ရယူနေတဲ့ လက်ဝှေ့ကျော် အောင်လအန်ဆန်းရဲ့ သံမဏိနှလုံးသားကို ချစ်ခြင်းမေတ္တာတွေနဲ့ စိမ့်ဝင်ပြီးနွေးထွေးစေနိုင် တာကတော့ သူချစ်ရတဲ့မိသားစုလေးလို့ ဆိုရမှာပါ။ အောင်လအန်ဆန်းက မကြာသေးမီက သမီးချောလေးကို မွေးဖွားပြီး မိသားစုဝင် အသစ်စက်စက်ဖြစ်တဲ့ သမီးလေးကို တစ်ကမ္ဘာလုံးက ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။

အဖေတွေ ရဲ့ အသည်းကျော်က အမြဲလိုလိုပဲ သမီးလေးတွေဖြစ်လေ့ရှိတဲ့ အတိုင်းပဲ အောင်လကလည်း သမီးလေးကို တုန်နေအောင်ချစ်တဲ့ အဖေတစ်ဦးပါ။ အောင်လက သူ့သမီးလေးကို ဘယ်လောက်ထိ ချစ်ရတယ်ဆိုတဲ့အကြောင်းကို မကြာသေးမီက သူ့ရဲ့ လူမှုကွန်ယက်မှာ ရင်ဖွင့်ပြောကြားထားခဲ့တာပါ။ အောင်လအန်ဆန်းက သမီးလေးအတွက် အချစ်တွေကို ကဗျာလေးနဲ့ဖော်ပြထားတာတွေ့ရပါတယ်။ “ချစ်ရတဲ့ သမီးလေးက ဖေဖေ့လက်ထဲမှာ။ သမီးလေးက အရမ်းသေးကွေးပြီး ငယ်ရွယ်လွန်းပေမယ့် ဖေဖေ့ အတွက်တော့ အားအင်တစ်ခုပါပဲ။ ဖေဖေ့ လက်ဖဝါးထဲမှာ သမီးလေးကို နွေးထွေးအောင် ကာကွယ်စောင့်ရှောက်ပေးထားမယ်။ အဖေတို့ကြားက သံယောဇဉ်ကြိုးကို ဘာနဲ့မှဖြတ်လို့မရ။ သမီးလေးမငိုပါနဲ့။

သမီးလေးက အခုအချိန်ကစပြီး တစ်သက်လုံး ထာဝရ အဖေ့နှလုံးသားထဲမှာ ရှိနေမှာပါ”လို့ အဓိပ္ပါယ်ရတဲ့ အင်္ဂလိပ် ကဗျာလေးတစ်ပုဒ်ကို အောင်လအန်ဆန်းက သမီးလေးရဲ့ဓာတ်ပုံလေးနဲ့အတူ သူ့ရဲ့လူမှုကွန်ယက်ပေါ်မှာ တင်ထားတာပါ။ ကဗျာလေးက Phil Collins ရဲ့ ကဗျာလေးဖြစ်ပါတယ်။ ပရိသတ်ကြီးရော အောင်လရဲ့ ဖခင်မေတ္တာကို သဘောကျကြည်နူးမိကြလား။ အောင်လရဲ့ နောက်ထပ်ယှဉ်ပြိုင် ထိုးသတ်မယ့်ပွဲတွေကိုရော အားပေးကြမှာလား။ အောင်လရဲ့ သားလေး အောင်ဒီးက အဖေ့ခြေရာနင်းပြီး လက်ဝှေ့ကျော်ကြီးဖြစ်လာရင်ရော အားပေးဖို့အသင့်ပဲလား။

Leave a Reply

Your email address will not be published. Required fields are marked *