” ဝူဟန္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ( ၇၀၀ ) ေက်ာ္လာျပီ…. “

၈. ၂. ၂၀ ရက္ ျမန္မာစံေတာ္ခ်ိန္ နံနက္ ၈.၃၀ နာရီအထိ ရရွိေသာ စာရင္းမ်ားအရ ႏိုင္ငံႏွင့္ နယ္ေျမ ၂၉ ခုတြင္ ဝူဟန္ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရသူေပါင္း (၃၄၈၇၈) ဦး ၌ (၁၇.၅) ရာခိုင္ႏႈန္းမွာ ေရာဂါ အသည္းအသန္ ခံစားေနရၿပီး ( ၇၂၄ ) ဦးေသဆုံးကာ ( ၂၀၈၅ ) ဦး မွာ ေရာဂါသက္သာေပ်ာက္ ကင္းသြား​​​ၿပီျဖစ္ေၾကာင္း တရုတ္ အာဏာပုိင္မ်ား က ထုတ္ျပန္ေၾကညာ သည္ ။

၀ူဟန္ဗိုင္းရပ္စ္ေၾကာင့္ ေဖေဖာ္၀ါရီလ ( ၇ ) ရက္ေန႔ တစ္ေန႔တည္း တြင္ပင္ လူ (၈၆) ဦးေသဆုံးခဲ့ၿပီး လူေပါင္း (၃၃၉၉) ဦး ထပ္မံ ကူးစက္ခံရေၾကာင္း အဓိကအားျဖင့္ တရုတ္တစ္ႏုိင္ငံ ဟူေဘးျပည္နယ္တြင္ ေရာဂါကူးစက္မႈႏွင့္ေသဆုံးမႈ မ်ား အဓိက ျဖစ္ပြားေနျခင္းျဖစ္ေၾကာင္း သိရွိရသည္ ။

ဝူဟန္ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ (၇၀၀) ေက်ာ္ၿပီ

စင္ကာပူႏုိင္ငံတြင္မူ ၀ူဟန္ဗုိင္းရပ္စ္ ကူးစက္မႈသည္ ၃၃ ဦး အထိရွိလာၿပီး တခ်ဳိ႕ ကူးစက္ခံရသူမ်ားသည္ ၀ူဟန္ဗုိင္းရပ္စ္လူနာမ်ားႏွင့္ ထိေတြ႕ျခင္း မရွိသည့္အျပင္ ၀ူဟန္သုိ႔လည္း သြားေရာက္ခဲ့ျခင္း မရွိသူမ်ားျဖစ္၍ ဗုိင္းရပ္စ္ပ်ံ႕ႏွံ႔ ကူးစက္မႈကို နားမလည္ေၾကာင္း စင္ကာပူ က်န္းမာေရး ၀န္ႀကီး ေျပာဆုိၿပီး ျပည္သူမ်ားအတြက္ က်န္းမာေရးအေျခအေနကို အႏၱရာယ္ႀကီးေသာ က်န္းမာေရး အေျခအေန လိေမၼာ္အဆင့္အျဖစ္ သတ္မွတ္ ေၾကညာလိုက္ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

ဝူဟန္ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ (၇၀၀) ေက်ာ္ၿပီ

စင္ကာပူႏုိင္ငံတြင္ ကူးစက္ေရာဂါမ်ား ျဖစ္ပြားလာပါက ျပည္သူ႕က်န္းမာေရး အဆင့္ ၄ ဆင့္ သတ္မွတ္ထားၿပီး လိေမၼာ္ေရာင္သည္ အႏၱရာယ္ရွိေသာ နံပါတ္ ၃ အဆင့္ျဖစ္ကာ အနီေရာင္သည္ အျမင့္ဆုံး အဆင့္ျဖစ္သည္။

Unicode

ၤFebruary 8 , 2020

၈. ၂. ၂၀ ရက် မြန်မာစံတော်ချိန် နံနက် ၈.၃၀ နာရီအထိ ရရှိသောစာရင်းများအရ နိုင်ငံနှင့် နယ်မြေ ၂၉ ခုတွင် ဝူဟန်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူပေါင်း (၃၄၈၇၈) ဦး ၌ (၁၇.၅) ရာခိုင်နှုန်းမှာ ရောဂါ အသည်းအသန် ခံစားနေရပြီး ( ၇၂၄ ) ဦးသေဆုံးကာ ( ၂၀၈၅ ) ဦး မှာ ရောဂါသက်သာပျောက်ကင်းသွားပြီဖြစ်ကြောင်း တရုတ်အာဏာပိုင်များ က ထုတ်ပြန်ကြေညာ သည် ။

ဝူဟန်ဗိုင်းရပ်စ်ကြောင့် ဖေဖော်ဝါရီလ ( ၇ ) ရက်နေ့ တစ်နေ့တည်း တွင်ပင် လူ (၈၆) ဦးသေဆုံးခဲ့ပြီး လူပေါင်း (၃၃၉၉) ဦး ထပ်မံ ကူးစက်ခံရကြောင်း အဓိကအားဖြင့် တရုတ်တစ်နိုင်ငံ ဟူဘေးပြည်နယ်တွင် ရောဂါကူးစက်မှုနှင့်သေဆုံးမှု များ အဓိက ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရှိရသည် ။

စင်ကာပူနိုင်ငံတွင်မူ ဝူဟန်ဗိုင်းရပ်စ် ကူးစက်မှုသည် ၃၃ ဦး အထိရှိလာပြီး တချို့ ကူးစက်ခံရသူများသည် ဝူဟန်ဗိုင်းရပ်စ်လူနာများနှင့် ထိတွေ့ခြင်း မရှိသည့်အပြင် ဝူဟန်သို့လည်း သွားရောက်ခဲ့ခြင်း မရှိသူများဖြစ်၍ ဗိုင်းရပ်စ်ပျံ့နှံ့ ကူးစက်မှုကို နားမလည်ကြောင်း စင်ကာပူ ကျန်းမာရေး ဝန်ကြီး ပြောဆိုပြီး ပြည်သူများအတွက် ကျန်းမာရေးအခြေအနေကို အန္တရာယ်ကြီးသော ကျန်းမာရေး အခြေအနေ လိမ္မော်အဆင့်အဖြစ် သတ်မှတ် ကြေညာလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

စင်ကာပူနိုင်ငံတွင် ကူးစက်ရောဂါများ ဖြစ်ပွားလာပါက ပြည်သူ့ကျန်းမာရေး အဆင့် ၄ ဆင့် သတ်မှတ်ထားပြီး လိမ္မော်ရောင်သည် အန္တရာယ်ရှိသော နံပါတ် ၃ အဆင့်ဖြစ်ကာ အနီရောင်သည် အမြင့်ဆုံး အဆင့်ဖြစ်သည်။

Add a Comment

Your email address will not be published. Required fields are marked *