ဝါရင့္ သ႐ုပ္ေဆာင္ႀကီး အကယ္ဒမီ ဦးစိုးေ႐ႊ ယေန႔ ကြယ္လြန္သြားရွာၿပီ

ဝါရင့္ သ႐ုပ္ေဆာင္ႀကီး အကယ္ဒမီ ဦးစိုးေ႐ႊ ဟာ၂၀၁၈ ခုႏွစ္ အတြင္းမွာမွ အႏုပညာအလုပ္ေတြကို ရပ္နားလိုက္တာျဖစ္ၿပီး ဒူးျပဳတ္က်တဲ့ ေဝဒနာေၾကာင့္ လူတန္းေစ့ သြားလာမေနႏိုင္ခဲ့ဘူးလို႔ သိရပါတယ္။ အကယ္ဒမီ မင္းသားႀကီးျဖစ္ခဲ့တဲ့ ဦးစိုးေ႐ႊဟာ ကြယ္လြန္ခ်ိန္မွာေတာ့ အသက္ ၈၃ ႏွစ္ ရွိၿပီျဖစ္ပါတယ္။

ဝါရင့္ သ႐ုပ္ေဆာင္ႀကီး အကယ္ဒမီ ဦးစိုးေ႐ႊ ယေန႔ ကြယ္လြန္သြားရွာၿပီ

သူခ်စ္တဲ့ အႏုပညာကိုျမတ္ႏိုးရင္း ဆုံးပါးသြားတဲ့ ဦးစိုးေ႐ႊ တစ္ေယာက္ ေကာင္းရာမြန္ရာ ဘုံဘဝကိုေရာက္ရွိပါေစလို႔ ပရိသတ္ေတြနဲ႔အတူ ဆုေတာင္းေပးလိုက္ပါတယ္။ ဇာတ္ပို႔ ဇာတ္ရံသ႐ုပ္ေဆာင္ အကယ္ဒမီ ဦးစိုးေ႐ႊဟာ ယေန႔ ေဖေဖာ္ဝါရီလ ၈ ရက္ေန႔ မနက္ ၉ နာရီ ၁၀ မိနစ္မွာ ကြယ္လြန္သြားခဲ့တာျဖစ္ပါတယ္။

ဝါရင့္ သ႐ုပ္ေဆာင္ႀကီး အကယ္ဒမီ ဦးစိုးေ႐ႊ ယေန႔ ကြယ္လြန္သြားရွာၿပီ

တန္ဖိုးရွိတဲ့ အႏုပညာရွင္ႀကီး တစ္ဦးေႂကြလြင့္သြားျခင္း ပဲျဖစ္ပါတယ္။ အကယ္ဒမီ ဦးစိုးေ႐ႊဟာ ၁၉၆၆ ခုႏွစ္ ေျမမွာပြင့္ေသာေမတၱာပန္း ဇာတ္ကားနဲ႔ အကယ္ဒမီဆု ရရွိခဲ့တာျဖစ္ပါတယ္။ ေနာက္ပိုင္း ဗီဒီယိုနဲ႔ ႐ုပ္ရွင္ဇာတ္ကားေတြမွာလည္း ပါဝင္ခဲ့ရၿပီး သူဟာ ေသသည္အထိ အႏုပညာ အလုပ္ေတြလုပ္ခ်င္တယ္လို႔ ဆိုသြားသူ တစ္ဦးပါ။ REF:SUE HNIN SI

Unicode

ဝါရင့် သရုပ်ဆောင်ကြီး အကယ်ဒမီ ဦးစိုးရွှေ ဟာ၂၀၁၈ ခုနှစ် အတွင်းမှာမှ အနုပညာအလုပ်တွေကို ရပ်နားလိုက်တာဖြစ်ပြီး ဒူးပြုတ်ကျတဲ့ ဝေဒနာကြောင့် လူတန်းစေ့ သွားလာမနေနိုင်ခဲ့ဘူးလို့ သိရပါတယ်။ အကယ်ဒမီ မင်းသားကြီးဖြစ်ခဲ့တဲ့ ဦးစိုးရွှေဟာ ကွယ်လွန်ချိန်မှာတော့ အသက် ၈၃ နှစ် ရှိပြီဖြစ်ပါတယ်။

သူချစ်တဲ့ အနုပညာကိုမြတ်နိုးရင်း ဆုံးပါးသွားတဲ့ ဦးစိုးရွှေ တစ်ယောက် ကောင်းရာမွန်ရာ ဘုံဘဝကိုရောက်ရှိပါစေလို့ ပရိသတ်တွေနဲ့အတူ ဆုတောင်းပေးလိုက်ပါတယ်။ ဇာတ်ပို့ ဇာတ်ရံသရုပ်ဆောင် အကယ်ဒမီ ဦးစိုးရွှေဟာ ယနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ မနက် ၉ နာရီ ၁၀ မိနစ်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

တန်ဖိုးရှိတဲ့ အနုပညာရှင်ကြီး တစ်ဦးကြွေလွင့်သွားခြင်း ပဲဖြစ်ပါတယ်။ အကယ်ဒမီ ဦးစိုးရွှေဟာ ၁၉၆၆ ခုနှစ် မြေမှာပွင့်သောမေတ္တာပန်း ဇာတ်ကားနဲ့ အကယ်ဒမီဆု ရရှိခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်း ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်ခဲ့ရပြီး သူဟာ သေသည်အထိ အနုပညာ အလုပ်တွေလုပ်ချင်တယ်လို့ ဆိုသွားသူ တစ်ဦးပါ။ REF:SUE HNIN SI

Add a Comment

Your email address will not be published. Required fields are marked *