ထူးျခားဆန္းျပား လွတဲ့ ဝူဟန္ ကိုရိုနာဗိုင္းရပ္စ္ ေရာဂါ လကၡဏာမ်ား…..သတိထားၾကဖို႔

ဝူဟန္ ကို ေၾကာက္တဲ့ျပည္သူေတြ ဝူဟန္ မကုဘူးတဲ့ အေထြေထြဆရာဝန္ ေတြ အထူးကု ေတြ စဥ္းစားပုံေတြကို တနည္းတဖုံ အေထာက္အကူျဖစ္ဖို႕ နာမည္ႀကီး Lancet ဂ်ာနယ္ က မွီျငမ္းမႈ အမ်ားဆုံး ေဆာင္းပါးတခု ကို အက်ဥ္းခ်ဳပ္ ျပန္ေပးလိုက္ပါတယ္…

ျပည္သူ႔ က်န္းမာေရးဘက္ ဆရာဝန္ေတြကေတာ့ သတင္းအခ်က္အလက္အၿမဲ သိေနေတာ့ သူတို႔ကေတာင္ပိုသိမွာပါ.. တခါတေလ သူတို႔လည္း အင္မတန္ ငါပဲသိငါပဲတတ္ ဆိုတဲ့ တခ်ိဳ႕အထူးကုေတြကို လြန္ဆန္လို႔မရတာေတြလည္း ရွိတတ္ပါတယ္…

Lancet ဂ်ာနယ္မွာ တ႐ုတ္က ဝူဟန္ လူနာ ၄၁ ေယာက္ ရဲ႕ ေရာဂါ လကၡဏာေတြကို သံသယကေန ကုသမႈ အစအဆုံး ေစာင့္ၾကည့္ၿပီး ေဒတာ ေတြကို သုံးသပ္ေတာ့… ၁။ အမ်ိဳးသား မွာျဖစ္ႏႈန္းက ၇၃ ရာႏႈန္း အေတာင္၂၀ ဝတ္ မင္းေယာက်ၤားေတြ ဝူဟန္ သမတာကို ပိုခံရတဲ့သေဘာ.. ၂။ အဲဒီထဲက ၃၂ ရာႏႈန္းမွာ ဆီးခ်ိဳ ၂၀ ရာႏႈန္း ေသြးတိုး ၁၅ရာႏႈန္း နဲ႔ ႏွလုံးေရာဂါ ၁၅ ရာႏႈန္း.. ၃။ ပ်မ္းမွ်အသက္က ၄၉ ႏွစ္ နဲ ၆၆ ရာႏႈန္းက ဝူဟန္ ေစ်းထဲသြားဖူးသူေတြ ဒါေတြက အေျခခံ အခ်က္အလက္ေတြေပါ့…

ထူးျခားဆန္းျပား လွတဲ့ ဝူဟန္ ကိုရိုနာဗိုင္းရပ္စ္ ေရာဂါ လကၡဏာမ်ား…..သတိထားၾကဖို႔

အေရးႀကီးတဲ့ ေဆးလက္ေတြ႕ဒီမွာစပါၿပီ…

ေရာဂါလကၡဏာစျဖစ္တာနဲ႔ ၉၈ ရာႏႈန္းေသာ လူနာေတြမွာ တူညီတာ အဖ်ား ရွိပါတယ္.. ၇၆ ရာႏႈန္းေသာ လူနာေတြမွာ ေခ်ာင္းဆိုးပါတယ္.. ၄၄ ရာႏႈန္းေသာ လူနာေတြမွာ မအီမသာကိုယ္လက္ႏႈံးပါတယ္.. ဆိုေတာ့ ဖ်ားတာ က အဓိက ျဖစ္ျဖစ္ခ်င္းျပတဲ့လကၡဏာမို႔ ေနရာတကာအဖ်ားတိုင္းပါတယ္.. သာမည ျဖစ္တဲ့ ေရာဂါလကၡဏာေတြကေတာ့ သလိပ္ထြက္တာ ၂၈ရာႏႈန္း(၁၁/၃၉).. ေခါင္းကိုက္ ၈ရာႏႈန္း (၃/၃၈).. ေခ်ာင္းဆိုးေသြးပါ ၅ရာႏႈန္း (၂/၃၉).. ဝမ္းပ်က္ ၃ရာႏႈန္း (၁/၃၈)…

ပိုအေရးႀကီးတာ ေတြလာပါၿပီ ဖ်ားတယ္ ကိ္ုယ့္ဟာကိုယ္ေဆးေသာက္တယ္ သို႔ ေဆးခန္းျပတယ္ မသက္သာဘူး ေနာက္ဆက္တြဲဘာေတြဆက္ျဖစ္လဲဆိုေတာ့…

အသက္ရႉရခက္တဲ့ လကၡဏာ က ၅၅ ရာႏႈန္း (၂၂/၄၀).. ပထမ ေရာဂါစဝင္တဲ့အခ်ိန္ကေန အသက္ရႈရခက္တာျဖစ္ခ်ိန္ က ပွ်မ္းမွ် ၈ ရက္ ခန္႔အတြင္းမွာ ျဖစ္တတ္ပါတယ္တဲ့.. ဆိုလိုတာ စစျဖစ္ခ်င္း အသက္ရႉရမခက္တတ္ပါဘူး.. ၆၃ ရာႏႈန္း(၂၆/၄၁) ေသာလူနာေတြ ကိုေသြးစစ္ရင္ ေသြးျဖဴဥေကာင့္ေတြက်ေနပါတယ္.. ရာႏႈန္းျပည့္ လူနာေတြကို ရင္ဘတ္ CT ႐ိုက္တာ အဆုတ္ေရာင္ နဲ႔ ပုံမမွန္တဲ့လကၡဏာေတြ႕ရပါတယ္…

ထူးျခားဆန္းျပား လွတဲ့ ဝူဟန္ ကိုရိုနာဗိုင္းရပ္စ္ ေရာဂါ လကၡဏာမ်ား…..သတိထားၾကဖို႔

ဒါ ကအေရးႀကီးပါတယ္.. အေစာပိုင္းေကစ့္ေတြကို သာမန္ ရင္ဘတ္ ဓာတ္မွန္႐ိုက္ခ်ိန္မွာ မေတြ႕ပဲ CT ႐ိုက္မွ ေတြ႕လို႔ ဒီေကာင္ကို CT နဲ႔ ဖမ္းမွ မိတယ္လို႔ နာမည္ေက်ာ္သြားပါတယ္… စကၤာပူက ေကစ့္ေတြဆိုလည္း ပထမပိုင္း တေလွ်ာက္ ရင္ဘတ္ဓာတ္မွန္ေတြမွာ မေတြ႕ပဲ ေနာက္ဆုံးေရာဂါျပင္းထန္ခ်ိန္က်မွ ေတြ႕တာပါ… ဒီအထိက သာမန္ေဆး႐ုံ သို႔ CT ရွိတဲ့ေဆး႐ုံေတြမွာစမ္းသပ္စစ္ေဆးလို႔ရပါတယ္…

“ေသရတဲ့ အေၾကာင္းအရင္းေတြ နဲ႔ ကုသိုလ္ကံ”

ဒီ အေျခအေန ဆိုရင္ေတာ့ မိမိ ကုသိုလ္ကံကိုသာပုံခ်ပါ.. ျမန္မာမွာ ဒီအေျခအေန ေတြကို ႏိုင္ႏိုင္နင္းနင္းကိုင္တြယ္ဖို႔ ကန္႔သတ္ခ်က္ေတြရွိပါတယ္.. ေကစ့္ volumne လို႔ေခၚတဲ့ လူနာေတြတကယ္ မ်ားၿပီးဆိုတိုင္ပတ္ပါမယ္…

အေမရိကန္နဲ႔ တိုးတက္တဲ့ ႏိုင္ငံေတြ ဝူဟန္ကို အသည္းအသန္ အမိဖမ္းေနတာ အဲဒါပါပဲ ေသႏႈန္းကို မေၾကာက္ေပနဲ႔ အသက္ရွင္ဖို႔ တကယ့္ အရည္အေသြးရွိတဲ့ ျပဳစုေစာင့္ေရွာက္မႈလိုပါတယ္.. အဲဒါ မေပးႏိုင္ရင္ ေကစ့္ပမာဏေရာ ပ်ံ႕ႏွံ႔မႈေရာ ေသႏႈန္းပါ ပိုဆိုးလာၿပီး က်န္တဲ့ တျခားလူနာေတြကိုပါ ထိခိုက္ပါတယ္.. တ႐ုတ္မွာဆို တျခားကင္ဆာသမား ေက်ာက္ကပ္လဲသူ နဲ႔တျခား နာတာရွည္လူနာေတြပါ ေသပါတယ္.. ဝူဟန္ေၾကာင့္ ICU ေတြ ေဆး႐ုံေတြဝင္တိုးလို႔မရေတာ့လို႔…

ထူးျခားဆန္းျပား လွတဲ့ ဝူဟန္ ကိုရိုနာဗိုင္းရပ္စ္ ေရာဂါ လကၡဏာမ်ား…..သတိထားၾကဖို႔

၂၉ ရာႏႈန္းေသာ လူနာေတြက Acute respiratory distress sydrome လို႔ေခၚတဲ့ အသက္ရႈရခက္တဲ့လကၡဏာေတြခံစားရပါတယ္… ဒီဟာကို သိဖို႔ ဓာတ္မွန္ေတြ ေသြးေဖာက္ၿပီး ေသြးထဲက ေအာက္ဆီဂ်င္ပမာဏ တိုင္းဖို႔ေတြ ပါလာပါၿပီ ဆရာဝန္ တေယာက္ထဲ အသက္ရႈႏႉန္း တိုင္း ႏႈတ္ခမ္းျပာမျပာ ေမာမေမာ ၾကည့္မရေတာ့ပါဘူး…

၁၅ ရာႏႈန္းက RNAaemia ဆိုတဲ့လကၡဏာ ရွိပါတယ္.. ၁၂ ရာႏႈန္းက ႏွလုံးထိခိုက္ပါတယ္.. ၁၀ ရာႏႈန္းက ျပင္ပပိုးဝင္ ထပ္ဆင့္ဝင္ပါတယ္တဲ့.. ၃၂ ရာႏႈန္းေသာ လူနာေတြ ICU လို႔ေခၚတဲ့ အထူးၾကပ္မတ္ခန္း ထဲ ေရာက္ၿပီး.. ၁၅ ရာႏႈန္းေသာ လူနာေတြ ေသပါတယ္တဲ့…

ICU ထဲ က လူနာ ေတြမွာ IL2,IL2,IL10,GSCF,IP10,MCP1,MIP1A, နဲ႔ TBF alpha ေတြ ပိုတက္ပါတယ္ တဲ့ ဒီအဆင့္ကေတာ့ ျမန္မာမွာ လုပ္ဖို႔ခက္ခဲလာမွာပါ… Dr Nyan Win Phyo

Unicode

ဝူဟန် ကို ကြောက်တဲ့ပြည်သူတွေ ဝူဟန်မကုဘူးတဲ့ အထွေထွေဆရာဝန် တွေ အထူးကု တွေ စဉ်းစားပုံတွေကို တနည်းတဖုံအထောက်အကူဖြစ်ဖို့ နာမည်ကြီး Lancet ဂျာနယ် က မှီငြမ်းမှု အများဆုံး ဆောင်းပါးတခု ကို အကျဉ်းချုပ် ပြန်ပေးလိုက်ပါတယ်…

ပြည်သူ့ကျန်းမာရေးဘက် ဆရာဝန်တွေကတော့ သတင်းအချက်အလက်အမြဲ သိနေတော့ သူတို့ကတောင်ပိုသိမှာပါ.. တခါတလေ သူတို့လည်း အင်မတန် ငါပဲသိငါပဲတတ် ဆိုတဲ့ တချို့အထူးကုတွေကို လွန်ဆန်လို့မရတာတွေလည်း ရှိတတ်ပါတယ်…

Lancet ဂျာနယ်မှာ တရုတ်က ဝူဟန် လူနာ ၄၁ ယောက် ရဲ့ ရောဂါ လက္ခဏာတွေကို သံသယကနေ ကုသမှု အစအဆုံး စောင့်ကြည့်ပြီး ဒေတာ တွေကို သုံးသပ်တော့… ၁။ အမျိုးသား မှာဖြစ်နှုန်းက ၇၃ ရာနှုန်း အတောင်၂၀ ဝတ် မင်းယောကျၤားတွေ ဝူဟန် သမတာကို ပိုခံရတဲ့သဘော.. ၂။ အဲဒီထဲက ၃၂ ရာနှုန်းမှာ ဆီးချို ၂၀ ရာနှုန်း သွေးတိုး ၁၅ရာနှုန်း နဲ့ နှလုံးရောဂါ ၁၅ ရာနှုန်း.. ၃။ ပျမ်းမျှအသက်က ၄၉ နှစ် နဲ ၆၆ ရာနှုန်းက ဝူဟန် ဈေးထဲသွားဖူးသူတွေ ဒါတွေက အခြေခံ အချက်အလက်တွေပေါ့…

အရေးကြီးတဲ့ ဆေးလက်တွေ့ဒီမှာစပါပြီ…

ရောဂါလက္ခဏာစဖြစ်တာနဲ့ ၉၈ ရာနှုန်းသော လူနာတွေမှာ တူညီတာ အဖျား ရှိပါတယ်.. ၇၆ ရာနှုန်းသော လူနာတွေမှာ ချောင်းဆိုးပါတယ်.. ၄၄ ရာနှုန်းသော လူနာတွေမှာ မအီမသာကိုယ်လက်နှုံးပါတယ်.. ဆိုတော့ ဖျားတာ က အဓိက ဖြစ်ဖြစ်ချင်းပြတဲ့လက္ခဏာမို့ နေရာတကာအဖျားတိုင်းပါတယ်.. သာမည ဖြစ်တဲ့ ရောဂါလက္ခဏာတွေကတော့ သလိပ်ထွက်တာ ၂၈ရာနှုန်း(၁၁/၃၉).. ခေါင်းကိုက် ၈ရာနှုန်း (၃/၃၈).. ချောင်းဆိုးသွေးပါ ၅ရာနှုန်း (၂/၃၉).. ဝမ်းပျက် ၃ရာနှုန်း (၁/၃၈)…

ပိုအရေးကြီးတာ တွေလာပါပြီ ဖျားတယ် ကိုယ့်ဟာကိုယ်ဆေးသောက်တယ် သို့ ဆေးခန်းပြတယ် မသက်သာဘူး နောက်ဆက်တွဲဘာတွေဆက်ဖြစ်လဲဆိုတော့…

အသက်ရှူရခက်တဲ့ လက္ခဏာ က ၅၅ ရာနှုန်း (၂၂/၄၀).. ပထမ ရောဂါစဝင်တဲ့အချိန်ကနေ အသက်ရှုရခက်တာဖြစ်ချိန် က ပျှမ်းမျှ ၈ ရက် ခန့်အတွင်းမှာ ဖြစ်တတ်ပါတယ်တဲ့.. ဆိုလိုတာ စစဖြစ်ချင်း အသက်ရှူရမခက်တတ်ပါဘူး.. ၆၃ ရာနှုန်း(၂၆/၄၁) သောလူနာတွေ ကိုသွေးစစ်ရင် သွေးဖြူဥကောင့်တွေကျနေပါတယ်.. ရာနှုန်းပြည့် လူနာတွေကို ရင်ဘတ် CT ရိုက်တာ အဆုတ်ရောင် နဲ့ ပုံမမှန်တဲ့လက္ခဏာတွေ့ရပါတယ်…

ဒါ ကအရေးကြီးပါတယ်.. အစောပိုင်းကေစ့်တွေကို သာမန် ရင်ဘတ် ဓာတ်မှန်ရိုက်ချိန်မှာ မတွေ့ပဲ CT ရိုက်မှ တွေ့လို့ ဒီကောင်ကို CT နဲ့ ဖမ်းမှ မိတယ်လို့ နာမည်ကျော်သွားပါတယ်… စင်္ကာပူက ကေစ့်တွေဆိုလည်း ပထမပိုင်း တလျှောက် ရင်ဘတ်ဓာတ်မှန်တွေမှာ မတွေ့ပဲ နောက်ဆုံးရောဂါပြင်းထန်ချိန်ကျမှ တွေ့တာပါ… ဒီအထိက သာမန်ဆေးရုံ သို့ CT ရှိတဲ့ဆေးရုံတွေမှာစမ်းသပ်စစ်ဆေးလို့ရပါတယ်…

“သေရတဲ့ အကြောင်းအရင်းတွေ နဲ့ ကုသိုလ်ကံ”

ဒီ အခြေအနေ ဆိုရင်တော့ မိမိ ကုသိုလ်ကံကိုသာပုံချပါ.. မြန်မာမှာ ဒီအခြေအနေ တွေကို နိုင်နိုင်နင်းနင်းကိုင်တွယ်ဖို့ ကန့်သတ်ချက်တွေရှိပါတယ်.. ကေစ့် volumne လို့ခေါ်တဲ့ လူနာတွေတကယ် များပြီးဆိုတိုင်ပတ်ပါမယ်…

အမေရိကန်နဲ့ တိုးတက်တဲ့ နိုင်ငံတွေ ဝူဟန်ကို အသည်းအသန် အမိဖမ်းနေတာ အဲဒါပါပဲ သေနှုန်းကို မကြောက်ပေနဲ့ အသက်ရှင်ဖို့ တကယ့် အရည်အသွေးရှိတဲ့ ပြုစုစောင့်ရှောက်မှုလိုပါတယ်.. အဲဒါ မပေးနိုင်ရင် ကေစ့်ပမာဏရော ပျံ့နှံ့မှုရော သေနှုန်းပါ ပိုဆိုးလာပြီး ကျန်တဲ့ တခြားလူနာတွေကိုပါ ထိခိုက်ပါတယ်.. တရုတ်မှာဆို တခြားကင်ဆာသမား ကျောက်ကပ်လဲသူ နဲ့တခြား နာတာရှည်လူနာတွေပါ သေပါတယ်.. ဝူဟန်ကြောင့် ICU တွေ ဆေးရုံတွေဝင်တိုးလို့မရတော့လို့…

၂၉ ရာနှုန်းသော လူနာတွေက Acute respiratory distress sydrome လို့ခေါ်တဲ့ အသက်ရှုရခက်တဲ့လက္ခဏာတွေခံစားရပါတယ်… ဒီဟာကို သိဖို့ ဓာတ်မှန်တွေ သွေးဖောက်ပြီး သွေးထဲက အောက်ဆီဂျင်ပမာဏ တိုင်းဖို့တွေ ပါလာပါပြီ ဆရာဝန် တယောက်ထဲ အသက်ရှုနှူန်း တိုင်း နှုတ်ခမ်းပြာမပြာ မောမမော ကြည့်မရတော့ပါဘူး…

၁၅ ရာနှုန်းက RNAaemia ဆိုတဲ့လက္ခဏာ ရှိပါတယ်.. ၁၂ ရာနှုန်းက နှလုံးထိခိုက်ပါတယ်.. ၁၀ ရာနှုန်းက ပြင်ပပိုးဝင် ထပ်ဆင့်ဝင်ပါတယ်တဲ့.. ၃၂ ရာနှုန်းသော လူနာတွေ ICU လို့ခေါ်တဲ့ အထူးကြပ်မတ်ခန်း ထဲ ရောက်ပြီး.. ၁၅ ရာနှုန်းသော လူနာတွေ သေပါတယ်တဲ့…

ICU ထဲ က လူနာ တွေမှာ IL2,IL2,IL10,GSCF,IP10,MCP1,MIP1A, နဲ့ TBF alpha တွေ ပိုတက်ပါတယ် တဲ့ ဒီအဆင့်ကတော့ မြန်မာမှာ လုပ်ဖို့ခက်ခဲလာမှာပါ… Dr Nyan Win Phyo

Add a Comment

Your email address will not be published. Required fields are marked *