စစ္ျဖစ္လာရင္ထုတ္သုံးဖို႔ ေျမေအာက္မွာ ေရနံသိုက္ေတြကို လွ်ို႔ဝွက္ၿပီး သိုေလွာင္ထား တဲ့ ” အေမရိကန္ “

အေမရိကန္နိုင္ငံဟာ မဟာဗ်ဴဟာက်တဲ့ ေရနံကို တကၠဆက္ နဲ႔ လူဝီစီးယားနားျပည္နယ္ေတြက ဆားလိုဏ္ဂူေတြေအာက္မွာ သိုေလွာင္ထားတာဟာ စည္သန္းေပါင္း ၆၄၀ ေက်ာ္မက ရွိပါတယ္ ။ ခုလို မဟာဗ်ဴဟာ ေရနံသိုက္ေတြ အေမရိကန္နိုင္ငံ သိုေလွာင္ထားလာတာဟာ (၁၉၇၀) ခုႏွစ္ေတြက စတင္ ပါတယ္ ။နိုင္ငံတကာ စြမ္းအင္ ေအဂ်င္စီ အဖြဲ႕ဝင္နိုင္ငံတိုင္းဟာ ရက္ ၉၀ စာ ေရနံတင္ သြင္းမႈ ပမာဏ နဲ႔ ညီမၽွတဲ့ ေရနံကို လက္ဝယ္အရံထားၾက ပါတယ္ ။ ဒါေပမယ့္ အေမရိကန္ ရဲ့ သိုေလွာင္မႈကေတာ့ ကမၻာ့ေပၚမွာ အႀကီးဆုံး အေရးေပၚ သိုေလွာင္မႈပဲ ျဖစ္ပါတယ္ ။

အေမရိကန္ နိုင္ငံေရးသမားေတြဟာ ခုလို အေရးေပၚ ေရနံသိုေလွာင္ဖို႔ ၁၉၇၀ ခုႏွစ္ အေစာပိုင္းေတြမွာ စတင္အိုင္ဒီယာထုတ္ ေဖာ္ေဆာင္လာခဲ့တာ ျဖစ္ပါတယ္။ဘာေၾကာင့္လည္းဆိုေတာ့ အေရွ႕အလယ္ပိုင္းနိုင္ငံေတြ က ေရနံကုန္သြယ္မႈ ကို ပိတ္ပင္လိုက္တာကေန အစပ်ိဳိးလာ တဲ့ အေမရိကန္ ရဲ့ ေရနံမဟာဗ်ဴဟာေၾကာင့္ပါ။ အဲဒီလို ေရနံကုန္သြယ္မႈကို အေရွ႕အလယ္ပိုင္းနိုင္ငံေတြ ပိတ္ပင္တာေၾကာင့္ ကမၻာတစ္ဝန္း ေရနံေစ်းေတြ မိုးထိုးသြားခဲ့ပါတယ္။

စစ္ျဖစ္လာရင္ ထုတ္သုံးဖို႔ ေျမေအာက္မွာ ေရနံသိုက္ေတြကိုလွ်ို႔ဝွက္ၿပီး သိုေလွာင္ထားတဲ့ ” အေမရိကန္ “

အီရတ္၊ ကူဝိတ္၊ ကာတာနဲ႔ ေဆာ္ဒီအာေရဗ်တို႔ ပါ၀င္တဲ့ အာရပ္ေရနံတင္ပို႔သည့္နိုင္ငံမ်ား အဖြဲ႕ OAPEC က အေမရိကန္ဆီ ေရနံတင္ပို႔မႈကို ျငင္းဆန္လိုက္တာက စပါတယ္။ အာရပ္-အစၥေရးစစ္ပြဲမွာ အစၥေရးဖက္က အေမရိကန္က ေထာက္ပံ့တာေၾကာင့္ပါ။

၁၉၇၃ ေအာက္တိုဘာမွာ ျဖစ္ပြားတဲ့ အဲဒီ အာရပ္-အစၥေရး စစ္ပြဲကေတာ့ သီတင္းသုံးပတ္ပဲ ၾကာေပမယ့္ အျခားကမၻာ့နိုင္ငံေတြဆီ ေရနံတင္ပို႔မႈကို အေရွ႕အလယ္ပိုင္း နိုင္ငံေတြ ပိတ္ပင္ခဲ့တာက ၁၉၇၄ မတ္လတိုင္ေအာင္ပါပဲ။ ဒီအတြက္ ကမၻာတစ္လႊားမွာ ေရနံေစ်းဟာ ေလးဆအထိ ထိုးတက္သြားၿပီး တစ္စည္ကို အေမရိကန္ေဒၚလာ သုံးေဒၚလာ တက္ကာ ၁၂ ေဒၚလာေစ်းနားထိ ေစ်းတက္သြားခဲ့ပါတယ္။

စစ္ျဖစ္လာရင္ ထုတ္သုံးဖို႔ ေျမေအာက္မွာ ေရနံသိုက္ေတြကိုလွ်ို႔ဝွက္ၿပီး သိုေလွာင္ထားတဲ့ ” အေမရိကန္ “

ထိခိုက္မႈ ရွိတဲ့နိုင္ငံေတြမွာ ဓာတ္ဆီဆိုင္ေတြမွာ ကားတန္းႀကီး ေစာင့္ဆိုင္းေနတဲ့ ပုံရိပ္ေတြဟာ ပဋိပကၡအက်ပ္အတည္းရဲ့ သ႐ုပ္မွန္ကို ထင္ဟပ္ေနပါတယ္။ဒီအတြက္ အေမရိကန္ ကြန္ဂရက္ဟာ ၁၉၇၅ မွာ အေရးေပၚ မူဝါဒႏွင့္ ထိန္းသိမ္းေစာင့္ေရွာက္ေရးအက္ဥပေဒကို ျပဌာန္းလိုက္ပါတယ္။ ဒီ ဥပေဒအရ မဟာဗ်ဴဟာ ေရနံသိုေလွာက္သိုက္ေတြ ထားရွိလာခဲ့တာပဲ ျဖစ္ပါတယ္။

ခုလက္ရွိေခတ္မွာ အေမရိကန္နိုင္ငံမွာ ေရနံသိုေလွာင္ထားရာ ေနရာေလးေနရာ ရွိပါတယ္။ တကၠဆက္ျပည္နယ္မွာ Freeport၊ Winnie နဲ႔ လူဝီစီးယားနားျပည္နယ္က Lake Charles နဲ႔ Baton Rouge ေနရာေတြပဲ ျဖစ္ပါတယ္။

အဲဒီ ေရနံသိုက္ေတြဟာ ေျမေအာက္ ေပ ၃၃၀၀ မွာ လူလုပ္ ဆားလိုဏ္ဂူေတြ ေဖာက္လုပ္ထားၿပီး ေရနံေတြကို သိုေလွာင္ထားတာပဲ ျဖစ္ပါတယ္။ဒီလို ေျမေအာက္ ဆားလိုဏ္ဂူေဖာက္ၿပီး သိုေလွာင္ထားတာဟာ ေျမေပၚမွာ တိုင္ကီေတြနဲ႔ သိုေလွာင္တာထက္ ပိုၿပီး စရိတ္စကနည္းသလို ပိုလို႔လည္း ေဘးကင္းလုံျခဳံပါတယ္။ ဓာတုေဗဒ တုံ႔ျပန္မႈနဲ႔ ဘူမိဖိအားဖြဲ႕စည္းမႈအရလည္း ဆားလိုဏ္ဂူေတြထဲ ေရနံေတြကို သိုေလွာင္တာဟာ ေရနံယိုစိမ့္မႈကိုလည္း တားဆီးကာကြယ္နိုင္ပါတယ္။

အႀကီးဆုံး ေရနံေလွာင္သိုက္ကေတာ့ Freeport က Bryan Mound က ေရနံေလွာင္သိုက္ပဲ ျဖစ္ၿပီး စည္သန္းေပါင္း ၂၅၄ သန္း ၀င္ဆံ့ပါတယ္။ေရနံသိုေလွာင္မႈဆိုင္ရာ ၀က္ဘ္ဆိုက္ရဲ့ အဆိုအရ စက္တင္ဘာ ၁၃ ရက္က အဲဒီ ေရနံေလွာင္ ေျမေအာက္ ဆားေလွာင္ဂူေတြမွာ သိုေလွာင္ထားတဲ့ ေရနံစည္ေပါင္း ၆၄၄ ဒသမ ၈ သန္း ရွိတယ္လို႔ ဆိုပါတယ္။

၂၀၁၈ ပ်မ္းမၽွႏႈန္းထားတြက္ခ်က္မႈအရ အေမရိကန္ဟာ တစ္ေန႔ကို ေရနံစည္ေပါင္း ၂၀ ဒသမ ၅ သန္း သုံးစြဲေနရတယ္လို႔ ဆိုတာေၾကာင့္ နိုင္ငံအေနနဲ႔ ေရနံသုံးစြဲမႈ ရက္ေပါင္း ၃၁ ရက္စာအတြက္ အဆိုပါ ေလွာင္သိုက္ေတြမွာ သိုေလွာင္ထားရမွာ ျဖစ္ေၾကာင္း အေမရိကန္ စြမ္းအင္သတင္းအခ်က္အလက္စီမံခန႔္ခြဲေရး႐ုံးအရ သိရပါတယ္။

သမၼတ ဂါရတ္ဖို႔ဒ္ လက္မွတ္ထိုး အတည္ျပဳထားတဲ့ ၁၉၇၅ ဥပေဒအရ စြမ္းအင္ေထာက္ပံ့မႈ အမၽွင္ျပတ္ရင္ သိုေလွာင္ေရနံေတြကို ထုတ္ယူသုံးစြဲခြင့္ကို သမၼတတစ္ဦးတည္းကပဲ အမိန႔္ေပးေဆာင္ရြက္ခြင့္ ရွိတာ ျဖစ္ပါတယ္။

စစ္ျဖစ္လာရင္ ထုတ္သုံးဖို႔ ေျမေအာက္မွာ ေရနံသိုက္ေတြကိုလွ်ို႔ဝွက္ၿပီး သိုေလွာင္ထားတဲ့ ” အေမရိကန္ “

တကယ္လို႔ သိုေလွာင္ေရနံေတြ ထုတ္ယူသုံးစြဲဖို႔ သမၼတက အမိန႔္ေပးလိုက္ၿပီဆိုရင္ ေျမေအာက္ဆားလိုဏ္ဂူေတြက ေရနံကို ထုတ္ယူဖို႔ရာမွာ ႐ူပျဒပ္စင္ကန႔္သတ္ခ်က္ေတြအရ တစ္ေန႔ကို ေရနံပမာဏာ အနည္းငယ္စီကိုသာ ထုတ္ယူနိုင္တာမို႔ ေစ်းကြက္ထဲ ေရာက္ဖို႔ဆို သီတင္းႏွစ္ပတ္ေလာက္ ၾကာျမင့္မွာ ျဖစ္ပါတယ္။

ဒါအျပင္လည္း ဒီ သိုေလွာင္ေရနံအားလုံးဟာ မခ်က္ရေသးတဲ့ ေရနံစိမ္းေတြပဲ ျဖစ္ပါတယ္။ ဒီအတြက္ ကားေတြ၊ သေဘၤာေတြ၊ ေလယာဥ္ေတြအတြက္ သုံးနိုင္ဖို႔အတြက္ဆိုရင္ ေလာင္စာဆီျဖစ္ဖို႔ ခ်က္လုပ္ရဦးမွာ ျဖစ္ပါတယ္။ေဆာ္ဒီက တိုက္ခိုက္မႈေတြေၾကာင့္ သိုေလွာင္ေရနံေတြကို ထုတ္သုံးေတာ့ဖို႔ ေျပာၾကဆိုၾကမယ္ဆိုတာကေတာ့ အခ်ိန္မတိုင္ေသးပါဘူးလို႔ အေမရိကန္ စြမ္းအင္ဝန္ႀကီး ရစ္ပါရီက CNBC သတင္းဌာနကို ေျပာပါတယ္။

အေမရိကန္နိုင္ငံအေနနဲ႔ သိုေလွာင္ေရနံေတြကို ေနာက္ဆုံး ထုတ္သုံးထားတာဟာ ၂၀၁၁ ခုႏွစ္အတြင္းကပါ။ အဲဒီအခ်ိန္က အာရပ္ေႏြးဦး ေပၚေပါက္တာေၾကာင့္ နိုင္ငံတကာစြမ္းအင္ေအဂ်င္စီ IEA အဖြဲ႕ဝင္နိုင္ငံေတြဟာ စြမ္းအင္အမၽွင္ျပတ္မႈ ေလ်ာ့နည္းက်ဆင္းေအာင္ စုစုေပါင္း ေရနံစည္ေပါင္း သန္း ၆၀ ကို သိုေလွာင္ထားရာကေန ေစ်းကြက္တင္ခဲ့ၾကတာ ျဖစ္ပါတယ္။

စစ္ျဖစ္လာရင္ ထုတ္သုံးဖို႔ ေျမေအာက္မွာ ေရနံသိုက္ေတြကိုလွ်ို႔ဝွက္ၿပီး သိုေလွာင္ထားတဲ့ ” အေမရိကန္ “

ဒါေပမယ့္ အခ်ိန္ကာလပိုင္းေလးအတြင္းမွာပဲ အေမရိကန္က စည္အေရအတြက္ အမ်ားအျပား ေရာင္းကုန္ခဲ့တာပါ။ ၁၉၉၁ ခုႏွစ္ ပင္လယ္ေကြ႕စစ္ပြဲကာလတုန္းကလည္း သမၼတ ေဂ်ာ့ခ်္အိတ္ခ်္ဒဗလ်ဴဘုရွ္ဟာ ေလွာင္သိုက္ေတြထဲက ေရနံကို ထုတ္သုံးဖို႔ အမိန႔္ထုတ္ခဲ့ပါတယ္။သူ႔လိုပဲ ၎ရဲ့ သား ဘုရွ္အငယ္ကလည္း ဟာရီကိန္းမုန္တိုင္း ကက္တရီနာေၾကာင့္ သိုေလွာင္ေရနံစည္ေပါင္း ၁၁ သန္းကို ထုတ္ေရာင္းခြင့္ ျပဳခဲ့ပါတယ္။

ဒါေပမယ့္ ခုလို အႀကီစားေရနံေလွာင္ထားမႈေတြဟာ အေမရိကန္မွာ စြမ္းအင္ထုတ္လုပ္မႈေတြ ဖြံ့ၿဖိဳးလာခ်ိန္ အသုံးမဝင္ဘဲ ျဖစ္ရမယ္ဆိုတဲ့ ေမးခြန္းလည္း ေပၚထြက္ေနပါတယ္။ တစ္ခ်ိဳ႕ေသာ ပညာရွင္ေတြက အဲဒီ ေရနံေလွာင္သိုက္ေတြကို လုံးလုံး ဖယ္ရွားရွင္းလင္းပစ္ဖို႔ေတာင္ အႀကံျပဳေနပါၿပီ။

Rf; BBC
Writer_ေမာင္သံဆင့္ ( XYZ News )

Unicode

အမေရိကန်နိုင်ငံဟာ မဟာဗျူဟာကျတဲ့ ရေနံကို တက္ကဆက် နဲ့ လူဝီစီးယားနားပြည်နယ်တွေက ဆားလိုဏ်ဂူတွေအောက်မှာ သိုလှောင်ထားတာဟာ စည်သန်းပေါင်း ၆၄၀ ကျော်မက ရှိပါတယ် ။ ခုလို မဟာဗျူဟာရေနံသိုက်တွေ အမေရိကန်နိုင်ငံ သိုလှောင် ထားလာတာဟာ ၁၉၇၀ ခုနှစ်တွေက စတင်ပါတယ် ။နိုင်ငံတကာ စွမ်းအင်အေဂျင်စီ အဖွဲ့ဝင်နိုင်ငံတိုင်းဟာ ရက် ၉၀ စာ ရေနံတင် သွင်းမှု ပမာဏ နဲ့ ညီမျှတဲ့ ရေနံကို လက်ဝယ်အရံထားကြ ပါတယ် ။ ဒါပေမယ့် အမေရိကန် ရဲ့ သိုလှောင်မှုကတော့ ကမ္ဘာ့ပေါ်မှာ အကြီးဆုံး အရေးပေါ် သိုလှောင်မှုပဲ ဖြစ်ပါတယ် ။

အမေရိကန် နိုင်ငံရေးသမားတွေဟာ ခုလို အရေးပေါ် ရေနံသိုလှောင်ဖို့ ၁၉၇၀ ခုနှစ် အစောပိုင်းတွေမှာ စတင်အိုင်ဒီယာထုတ် ဖော်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ဘာကြောင့်လည်းဆိုတော့ အရှေ့အလယ်ပိုင်းနိုင်ငံတွေက ရေနံကုန်သွယ်မှုကို ပိတ်ပင်လိုက်တာကနေ အစပျိုးလာတဲ့ အမေရိကန်ရဲ့ ရေနံမဟာဗျူဟာကြောင့်ပါ။ အဲဒီလို ရေနံကုန်သွယ်မှုကို အရှေ့အလယ်ပိုင်းနိုင်ငံတွေ ပိတ်ပင်တာကြောင့် ကမ္ဘာတစ်ဝန်း ရေနံဈေးတွေ မိုးထိုးသွားခဲ့ပါတယ်။

အီရတ်၊ ကူဝိတ်၊ ကာတာနဲ့ ဆော်ဒီအာရေဗျတို့ ပါဝင်တဲ့ အာရပ်ရေနံတင်ပို့သည့်နိုင်ငံများ အဖွဲ့ OAPEC က အမေရိကန်ဆီ ရေနံတင်ပို့မှုကို ငြင်းဆန်လိုက်တာက စပါတယ်။ အာရပ်-အစ္စရေးစစ်ပွဲမှာ အစ္စရေးဖက်က အမေရိကန်က ထောက်ပံ့တာကြောင့်ပါ။

၁၉၇၃ အောက်တိုဘာမှာ ဖြစ်ပွားတဲ့ အဲဒီ အာရပ်-အစ္စရေး စစ်ပွဲကတော့ သီတင်းသုံးပတ်ပဲ ကြာပေမယ့် အခြားကမ္ဘာ့နိုင်ငံတွေဆီ ရေနံတင်ပို့မှုကို အရှေ့အလယ်ပိုင်း နိုင်ငံတွေ ပိတ်ပင်ခဲ့တာက ၁၉၇၄ မတ်လတိုင်အောင်ပါပဲ။ ဒီအတွက် ကမ္ဘာတစ်လွှားမှာ ရေနံဈေးဟာ လေးဆအထိ ထိုးတက်သွားပြီး တစ်စည်ကို အမေရိကန်ဒေါ်လာ သုံးဒေါ်လာ တက်ကာ ၁၂ ဒေါ်လာဈေးနားထိ ဈေးတက်သွားခဲ့ပါတယ်။

ထိခိုက်မှု ရှိတဲ့နိုင်ငံတွေမှာ ဓာတ်ဆီဆိုင်တွေမှာ ကားတန်းကြီး စောင့်ဆိုင်းနေတဲ့ ပုံရိပ်တွေဟာ ပဋိပက္ခအကျပ်အတည်းရဲ့ သရုပ်မှန်ကို ထင်ဟပ်နေပါတယ်။ဒီအတွက် အမေရိကန် ကွန်ဂရက်ဟာ ၁၉၇၅ မှာ အရေးပေါ် မူဝါဒနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးအက်ဥပဒေကို ပြဌာန်းလိုက်ပါတယ်။ ဒီ ဥပဒေအရ မဟာဗျူဟာ ရေနံသိုလှောက်သိုက်တွေ ထားရှိလာခဲ့တာပဲ ဖြစ်ပါတယ်။

ခုလက်ရှိခေတ်မှာ အမေရိကန်နိုင်ငံမှာ ရေနံသိုလှောင်ထားရာ နေရာလေးနေရာ ရှိပါတယ်။ တက္ကဆက်ပြည်နယ်မှာ Freeport၊ Winnie နဲ့ လူဝီစီးယားနားပြည်နယ်က Lake Charles နဲ့ Baton Rouge နေရာတွေပဲ ဖြစ်ပါတယ်။

အဲဒီ ရေနံသိုက်တွေဟာ မြေအောက် ပေ ၃၃၀၀ မှာ လူလုပ် ဆားလိုဏ်ဂူတွေ ဖောက်လုပ်ထားပြီး ရေနံတွေကို သိုလှောင်ထားတာပဲ ဖြစ်ပါတယ်။ဒီလို မြေအောက် ဆားလိုဏ်ဂူဖောက်ပြီး သိုလှောင်ထားတာဟာ မြေပေါ်မှာ တိုင်ကီတွေနဲ့ သိုလှောင်တာထက် ပိုပြီး စရိတ်စကနည်းသလို ပိုလို့လည်း ဘေးကင်းလုံခြုံပါတယ်။ ဓာတုဗေဒ တုံ့ပြန်မှုနဲ့ ဘူမိဖိအားဖွဲ့စည်းမှုအရလည်း ဆားလိုဏ်ဂူတွေထဲ ရေနံတွေကို သိုလှောင်တာဟာ ရေနံယိုစိမ့်မှုကိုလည်း တားဆီးကာကွယ်နိုင်ပါတယ်။

အကြီးဆုံး ရေနံလှောင်သိုက်ကတော့ Freeport က Bryan Mound က ရေနံလှောင်သိုက်ပဲ ဖြစ်ပြီး စည်သန်းပေါင်း ၂၅၄ သန်း ဝင်ဆံ့ပါတယ်။ရေနံသိုလှောင်မှုဆိုင်ရာ ဝက်ဘ်ဆိုက်ရဲ့ အဆိုအရ စက်တင်ဘာ ၁၃ ရက်က အဲဒီ ရေနံလှောင် မြေအောက် ဆားလှောင်ဂူတွေမှာ သိုလှောင်ထားတဲ့ ရေနံစည်ပေါင်း ၆၄၄ ဒသမ ၈ သန်း ရှိတယ်လို့ ဆိုပါတယ်။

၂၀၁၈ ပျမ်းမျှနှုန်းထားတွက်ချက်မှုအရ အမေရိကန်ဟာ တစ်နေ့ကို ရေနံစည်ပေါင်း ၂၀ ဒသမ ၅ သန်း သုံးစွဲနေရတယ်လို့ ဆိုတာကြောင့် နိုင်ငံအနေနဲ့ ရေနံသုံးစွဲမှု ရက်ပေါင်း ၃၁ ရက်စာအတွက် အဆိုပါ လှောင်သိုက်တွေမှာ သိုလှောင်ထားရမှာ ဖြစ်ကြောင်း အမေရိကန် စွမ်းအင်သတင်းအချက်အလက်စီမံခန့်ခွဲရေးရုံးအရ သိရပါတယ်။

သမ္မတ ဂါရတ်ဖို့ဒ် လက်မှတ်ထိုး အတည်ပြုထားတဲ့ ၁၉၇၅ ဥပဒေအရ စွမ်းအင်ထောက်ပံ့မှု အမျှင်ပြတ်ရင် သိုလှောင်ရေနံတွေကို ထုတ်ယူသုံးစွဲခွင့်ကို သမ္မတတစ်ဦးတည်းကပဲ အမိန့်ပေးဆောင်ရွက်ခွင့် ရှိတာ ဖြစ်ပါတယ်။

တကယ်လို့ သိုလှောင်ရေနံတွေ ထုတ်ယူသုံးစွဲဖို့ သမ္မတက အမိန့်ပေးလိုက်ပြီဆိုရင် မြေအောက်ဆားလိုဏ်ဂူတွေက ရေနံကို ထုတ်ယူဖို့ရာမှာ ရူပဒြပ်စင်ကန့်သတ်ချက်တွေအရ တစ်နေ့ကို ရေနံပမာဏာ အနည်းငယ်စီကိုသာ ထုတ်ယူနိုင်တာမို့ ဈေးကွက်ထဲ ရောက်ဖို့ဆို သီတင်းနှစ်ပတ်လောက် ကြာမြင့်မှာ ဖြစ်ပါတယ်။

ဒါအပြင်လည်း ဒီ သိုလှောင်ရေနံအားလုံးဟာ မချက်ရသေးတဲ့ ရေနံစိမ်းတွေပဲ ဖြစ်ပါတယ်။ ဒီအတွက် ကားတွေ၊ သငေ်္ဘာတွေ၊ လေယာဉ်တွေအတွက် သုံးနိုင်ဖို့အတွက်ဆိုရင် လောင်စာဆီဖြစ်ဖို့ ချက်လုပ်ရဦးမှာ ဖြစ်ပါတယ်။ဆော်ဒီက တိုက်ခိုက်မှုတွေကြောင့် သိုလှောင်ရေနံတွေကို ထုတ်သုံးတော့ဖို့ ပြောကြဆိုကြမယ်ဆိုတာကတော့ အချိန်မတိုင်သေးပါဘူးလို့ အမေရိကန် စွမ်းအင်ဝန်ကြီး ရစ်ပါရီက CNBC သတင်းဌာနကို ပြောပါတယ်။

အမေရိကန်နိုင်ငံအနေနဲ့ သိုလှောင်ရေနံတွေကို နောက်ဆုံး ထုတ်သုံးထားတာဟာ ၂၀၁၁ ခုနှစ်အတွင်းကပါ။ အဲဒီအချိန်က အာရပ်နွေးဦး ပေါ်ပေါက်တာကြောင့် နိုင်ငံတကာစွမ်းအင်အေဂျင်စီ IEA အဖွဲ့ဝင်နိုင်ငံတွေဟာ စွမ်းအင်အမျှင်ပြတ်မှု လျော့နည်းကျဆင်းအောင် စုစုပေါင်း ရေနံစည်ပေါင်း သန်း ၆၀ ကို သိုလှောင်ထားရာကနေ ဈေးကွက်တင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် အချိန်ကာလပိုင်းလေးအတွင်းမှာပဲ အမေရိကန်က စည်အရေအတွက် အများအပြား ရောင်းကုန်ခဲ့တာပါ။ ၁၉၉၁ ခုနှစ် ပင်လယ်ကွေ့စစ်ပွဲကာလတုန်းကလည်း သမ္မတ ဂျော့ချ်အိတ်ချ်ဒဗလျူဘုရှ်ဟာ လှောင်သိုက်တွေထဲက ရေနံကို ထုတ်သုံးဖို့ အမိန့်ထုတ်ခဲ့ပါတယ်။သူ့လိုပဲ ၎င်းရဲ့ သား ဘုရှ်အငယ်ကလည်း ဟာရီကိန်းမုန်တိုင်း ကက်တရီနာကြောင့် သိုလှောင်ရေနံစည်ပေါင်း ၁၁ သန်းကို ထုတ်ရောင်းခွင့် ပြုခဲ့ပါတယ်။

ဒါပေမယ့် ခုလို အကြီစားရေနံလှောင်ထားမှုတွေဟာ အမေရိကန်မှာ စွမ်းအင်ထုတ်လုပ်မှုတွေ ဖွံ့ဖြိုးလာချိန် အသုံးမဝင်ဘဲ ဖြစ်ရမယ်ဆိုတဲ့ မေးခွန်းလည်း ပေါ်ထွက်နေပါတယ်။ တစ်ချို့သော ပညာရှင်တွေက အဲဒီ ရေနံလှောင်သိုက်တွေကို လုံးလုံး ဖယ်ရှားရှင်းလင်းပစ်ဖို့တောင် အကြံပြုနေပါပြီ။

Rf; BBC
Writer_မောင်သံဆင့် ( XYZ News )

Add a Comment

Your email address will not be published. Required fields are marked *