ခြဲစိတ္ျပဳျပင္ၿပီးေနာက္ ေျပာင္းလဲသြားတဲ့ မ်က္ႏွာကို ခ်ျပလိုက္တဲ့ ထြန္းအိျႏၵာဗိုလ္

ထြန္းအိျႏၵာဗိုလ္ ကေတာ့ ျမန္မာ့႐ုပ္ရွင္ေလာကမွာေရာ ဂီတေလာက မွာပါ ေအာင္ျမင္ေက်ာ္ၾကား လူႀကိဳက္မ်ားတဲ့ အႏုပညာရွင္ တစ္ေယာက္ျဖစ္ပါတယ္။ မခိုင္ႀကီး ဟာ အသက္(၅၀)ေက်ာ္ေနၿပီျဖစ္ေပမယ့္ ငယ္ငယ္တုန္းကအတိုင္း က်က္သေရရွိတဲ့ အလွတရားနဲ႔ ပ်ိဳျမစ္ႏုနယ္ေနဆဲ အႏုပညာရွင္တစ္ေယာက္ပါ။ ဒါေပမယ့္ ေျပာင္းလဲလာတဲ့ ေခတ္ေရစီးေၾကာင္းအတိုင္း မ်က္ႏွာ ထိန္းသိမ္းျပဳျပင္ဖို႔အတြက္ ကမာၻ႔နာမည္ႀကီး ပလတ္စတစ္ဆာဂ်ရီေဆး႐ုံတို႔ရွိရာ ေတာင္ကိုရီးယားႏိုင္ငံ ဆိုးလ္ၿမိဳ႕ကိုသြားေရာက္ခဲ့တာျဖစ္ပါတယ္။

ခြဲစိတ္ျပဳျပင္ၿပီးေနာက္ ေျပာင္းလဲသြားတဲ့ မ်က္ႏွာကို ခ်ျပလိုက္တဲ့ ထြန္းအိျႏၵာဗိုလ္

ပရိသတ္ေတြ ကေတာ့ မ်က္ႏွာေျပာင္းလဲသြားမွာ စိုးရိမ္ေနၾကတာျဖစ္ၿပီး မခိုင္ႀကီးကေတာ့ Deep skin Care ေလာက္ပဲ လုပ္ျဖစ္မယ္လို႔ ေျပာခဲ့တာျဖစ္ပါတယ္။ မ်က္ရစ္ခြဲစိတ္ျခင္း၊ အသားအရည္ေျပာင္းလဲျခင္း၊ အသားအရည္ ပင့္တင္ျခင္းစတာေတြကို ျပဳလုပ္ျဖစ္ခဲ့တာျဖစ္ၿပီး မ်က္ႏွာျပဳျပင္ၿပီးကတည္းက မ်က္လုံးေတြေယာင္ေနေသးတာေၾကာင့္ မ်က္မွန္ အၿမဲတပ္ထားရသူလည္းျဖစ္ပါတယ္။

ခြဲစိတ္ျပဳျပင္ၿပီးေနာက္ ေျပာင္းလဲသြားတဲ့ မ်က္ႏွာကို ခ်ျပလိုက္တဲ့ ထြန္းအိျႏၵာဗိုလ္

ပြဲတက္ အခမ္းအနားေတြမွာ သီဆိုေဖ်ာ္ေျဖတိုင္းလည္း မ်က္မွန္ အၿမဲတပ္ထားေလ့ရွိတဲ့ မခိုင္ႀကီးကေတာ့ ဒီေန႔မွာေတာ့ သူ႔ရဲ႕ခြဲစိတ္ၿပီး(၃)လျပည့္ မ်က္ႏွာေလးကို ပရိသတ္ကိုခ်ျပလိုက္ၿပီျဖစ္ပါတယ္။ ငယ္ငယ္တုန္းက မခိုင္ႀကီးကိုျပန္လည္ျမင္လိုက္ရသလို ေျပာင္းလဲသြားတဲ့ မ်က္ႏွာေလးကိုေတာ့ ပရိသတ္ေတြက အံ့ၾသမွင္သက္ခဲ့ၾကတာပါ။

ခြဲစိတ္ျပဳျပင္ၿပီးေနာက္ ေျပာင္းလဲသြားတဲ့ မ်က္ႏွာကို ခ်ျပလိုက္တဲ့ ထြန္းအိျႏၵာဗိုလ္

မခိုင္ႀကီး ကေတာ့ သူ႔ရဲ႕မ်က္ႏွာျပဳျပင္ထားတဲ့ ရလဒ္ကေတာ့(၆)လျပည့္မွသာ သိသာမွာျဖစ္ၿပီး ဒီေန႔မွာေတာ့ (၃)လေက်ာ္လာၿပီျဖစ္တဲ့ မ်က္ႏွာေလးကို ခ်ျပလိုက္တာပဲျဖစ္ပါတယ္။ ရလဒ္ အတိအက်မထြက္ေသးခင္မွာေတာင္ သိသိသာသာ ပ်ိဳျမစ္ႏုနယ္တဲ့ အသြင္ကိုေဆာင္ေနတဲ့ ထြန္းအိျႏၵာဗိုလ္ ရဲ႕ မ်က္ႏွာျပဳျပင္မႈအၿပီး(၃)လ အၾကာမ်က္ႏွာေလးကို ပရိသတ္ႀကီးအတြက္လည္း မွ်ေဝေပးလိုက္ပါတယ္ေနာ္။ Source – Htun Aeindra Bo

ခြဲစိတ္ျပဳျပင္ၿပီးေနာက္ ေျပာင္းလဲသြားတဲ့ မ်က္ႏွာကို ခ်ျပလိုက္တဲ့ ထြန္းအိျႏၵာဗိုလ္

Unicode

ထွန်းအိန္ဒြာဗိုလ် ကတော့ မြန်မာ့ရုပ်ရှင်လောကမှာရော ဂီတလောက မှာပါ အောင်မြင်ကျော်ကြား လူကြိုက်များတဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ မခိုင်ကြီး ဟာ အသက်(၅၀)ကျော်နေပြီဖြစ်ပေမယ့် ငယ်ငယ်တုန်းကအတိုင်း ကျက်သရေရှိတဲ့ အလှတရားနဲ့ ပျိုမြစ်နုနယ်နေဆဲ အနုပညာရှင်တစ်ယောက်ပါ။ ဒါပေမယ့် ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းအတိုင်း မျက်နှာ ထိန်းသိမ်းပြုပြင်ဖို့အတွက် ကမ္ဘာ့နာမည်ကြီး ပလတ်စတစ်ဆာဂျရီဆေးရုံတို့ရှိရာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကိုသွားရောက်ခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေ ကတော့ မျက်နှာပြောင်းလဲသွားမှာ စိုးရိမ်နေကြတာဖြစ်ပြီး မခိုင်ကြီးကတော့ Deep skin Care လောက်ပဲ လုပ်ဖြစ်မယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။ မျက်ရစ်ခွဲစိတ်ခြင်း၊ အသားအရည်ပြောင်းလဲခြင်း၊ အသားအရည် ပင့်တင်ခြင်းစတာတွေကို ပြုလုပ်ဖြစ်ခဲ့တာဖြစ်ပြီး မျက်နှာပြုပြင်ပြီးကတည်းက မျက်လုံးတွေယောင်နေသေးတာကြောင့် မျက်မှန် အမြဲတပ်ထားရသူလည်းဖြစ်ပါတယ်။ ပွဲတက် အခမ်းအနားတွေမှာ သီဆိုဖျော်ဖြေတိုင်းလည်း မျက်မှန် အမြဲတပ်ထားလေ့ရှိတဲ့ မခိုင်ကြီးကတော့ ဒီနေ့မှာတော့ သူ့ရဲ့ခွဲစိတ်ပြီး(၃)လပြည့် မျက်နှာလေးကို ပရိသတ်ကိုချပြလိုက်ပြီဖြစ်ပါတယ်။ ငယ်ငယ်တုန်းက မခိုင်ကြီးကိုပြန်လည်မြင်လိုက်ရသလို ပြောင်းလဲသွားတဲ့ မျက်နှာလေးကိုတော့ ပရိသတ်တွေက အံ့သြမှင်သက်ခဲ့ကြတာပါ။

မခိုင်ကြီး ကတော့ သူ့ရဲ့မျက်နှာပြုပြင်ထားတဲ့ ရလဒ်ကတော့(၆)လပြည့်မှသာ သိသာမှာဖြစ်ပြီး ဒီနေ့မှာတော့ (၃)လကျော်လာပြီဖြစ်တဲ့ မျက်နှာလေးကို ချပြလိုက်တာပဲဖြစ်ပါတယ်။ ရလဒ် အတိအကျမထွက်သေးခင်မှာတောင် သိသိသာသာ ပျိုမြစ်နုနယ်တဲ့ အသွင်ကိုဆောင်နေတဲ့ ထွန်းအိန္ဒြာဗိုလ် ရဲ့ မျက်နှာပြုပြင်မှုအပြီး(၃)လ အကြာမျက်နှာလေးကို ပရိသတ်ကြီးအတွက်လည်း မျှဝေပေးလိုက်ပါတယ်နော်။ Source – Htun Aeindra Bo

Add a Comment

Your email address will not be published. Required fields are marked *