Diamond Princess ဂျပန်ဇိမ်ခံအပျော်စီး သင်္ဘောကြီးပေါ်တွင် ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံရသူ (၆၁) ဦး ထိ ထပ်မံတွေ့ရှိ

Feb 7, 2020 , တိုကျို ၊ ဖေဖော်ဝါရီ ( ၇ )

ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့ဆီ ဦးတည်သွားနေတဲ့ ဇိမ်ခံ အပျော်စီးသင်္ဘောတစ်စီးပေါ် မှာ စီးနင်းလိုက်ပါလာတဲ့ ဟောင်ကောင်သားတစ်ယောက် ကိုရိုနာဗိုင်းရပ်စ် အသစ် ကူးစက်ခံရ အပြီးမှာ သင်္ဘောပေါ်ရှိ လူအားလုံး ကို ဆင်းခွင့်မပေးတော့ပဲ အဲဒီသင်္ဘော တစ်စီးလုံးကို ရောဂါခြေချုပ် နဲ့ သီးသန့်ထားခဲ့တာဖြစ် ပါတယ် ။

Diamond Princess ဇိမ်ခံသင်္ဘောကြီးပေါ် မှာ ကိုရိုနာဗိုင်းရပ်စ်သင့်သူများထပ်မံ စစ်ဆေးတွေ့ရှိရပြီး ယခုအခါ သင်္ဘောကြီးပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြူလူနာ ၆၁ ဦးရှိပြီလို့ ဂျပန်ကျန်းမာရေးဝန်ကြီး ကတ်စုနိုဘိုကာတိုက ယမန်နေ့ (ဖေဖေါ်ဝါရီ ၆) ကပြောပါတယ် ။

Diamond Princess ဇိမ်ခံသင်္ဘောကြီး

အဲဒီသင်္ဘောကြီးကိုစီးနင်းလိုက်ပါခဲ့တဲ့ ခရီးသည်တစ်ဦး ဇန်န၀ါရီလအတွင်းက ဟောင်ကောင်ဆိပ်ကမ်း မှာ ဆင်းသွားခဲ့ပြီး ၊ သူ့ဆီမှာ ကိုရိုနာဗိုင်းရပ်စ်သင့်နေကြောင်း ဟောင်ကောင်တာဝန်ရှိသူတွေ ရဲ့ သတင်းထုတ်ပြန်ချက်ပေါ်ပေါက်ပြီးတဲ့နောက် Diamond Princess သင်္ဘောကြီးပေါ်က ခရီးသည်တွေ ကို ကိုရိုနာဗိုင်းရပ်စ်သင့်/မသင့် စစ်ဆေးရာမှာ လက်ရှိအချိန်ထိဆိုရင် ခရီးသည် ၂၇၃ ဦး ကို စစ်ဆေးပြီးပါပြီ။


Diamond Princess ဇိမ်ခံသင်္ဘောကြီး

အဲဒီသင်္ဘောကြီးပေါ်မှာ ခရီးသည် ၃၇၀၀ ကျော်နဲ့ သင်္ဘောအမှုထမ်းတွေပါရှိကြပြီး အခုအချိန်မှာတော့ သင်္ဘောကြီးကို ယိုကိုဟားမားဆိပ်ကမ်းမှာ ဆိုက်ကပ်ထားပါတယ်။ သင်္ဘောကြီးရော သင်္ဘောပေါ်က ခရီးသည်တွေရောဟာ အဲဒီဆိပ်ကမ်းမှာပဲ ဖေဖေါ်ဝါရီ ၁၉ ရက်အထိ သီးသန့်နေကြရမှာဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်သင့်ကြောင်း စောစောပိုင်းက တခေါက် တွေ့ရှိထားတဲ့ ခရီးသည် ၂၀ ကိုတော့ သက်ဆိုင်ရာဆေးရုံတွေကို ပို့ပြီးကြောင်းသိရပါတယ်။

Diamond Princess ဇိမ်ခံသင်္ဘောကြီး


Ref – AFP

Unicode

တိုကျို ၊ ဖေဖော်ဝါရီ ( ၇ )

ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့ဆီ ဦးတည်သွားနေတဲ့ ဇိမ်ခံအပျော်စီးသငေ်္ဘာတစ်စီးပေါ်မှာ စီးနင်းလိုက်ပါလာတဲ့ ဟောင်ကောင်သားတစ်ယောက် ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်ခံရ အပြီးမှာ သငေ်္ဘာပေါ်ရှိ လူအားလုံး ကို ဆင်းခွင့်မပေးတော့ပဲ အဲဒီသငေ်္ဘာ တစ်စီးလုံးကို ရောဂါခြေချုပ် နဲ့ သီးသန့်ထားခဲ့တာဖြစ် ပါတယ် ။

Diamond Princess ဇိမ်ခံသငေ်္ဘာကြီးပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်သင့်သူများထပ်မံ စစ်ဆေးတွေ့ရှိရပြီး ယခုအခါ သငေ်္ဘာကြီးပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြူလူနာ ၆၁ ဦးရှိပြီလို့ ဂျပန်ကျန်းမာရေးဝန်ကြီး ကတ်စုနိုဘိုကာတိုက ယမန်နေ့ (ဖေဖေါ်ဝါရီ ၆) ကပြောပါတယ်။

အဲဒီသငေ်္ဘာကြီးကိုစီးနင်းလိုက်ပါခဲ့တဲ့ ခရီးသည်တစ်ဦး ဇန်နဝါရီလအတွင်းက ဟောင်ကောင်ဆိပ်ကမ်းမှာ ဆင်းသွားခဲ့ပြီး၊ သူ့ဆီမှာ ကိုရိုနာဗိုင်းရပ်စ်သင့်နေကြောင်း ဟောင်ကောင်တာဝန်ရှိသူတွေရဲ့ သတင်းထုတ်ပြန်ချက်ပေါ်ပေါက်ပြီးတဲ့နောက် Diamond Princess သငေ်္ဘာကြီးပေါ်က ခရီးသည်တွေကို ကိုရိုနာဗိုင်းရပ်စ်သင့်/မသင့် စစ်ဆေးရာမှာ လက်ရှိအချိန်ထိဆိုရင် ခရီးသည် ၂၇၃ဦးကို စစ်ဆေးပြီးပါပြီ။

“အခု အတည်ပြုပြီးတဲ့ လူနာတွေကို ဒီနေ့ (ဖေဖော်ဝါရီ ၆)မှာ သူတို့နဲ့ သက်ဆိုင်တဲ့ ဒေသဆေးရုံတွေကိုပို့မှာပါ။ အဲဒီအတွက် ကျွန်တော်တို့ပြင်ဆင်နေကြပါပြီ။ စုစုပေါင်း ဓာတ်ခွဲ နမူနာ ၂၇၃ ခုကို စစ်ဆေးရာမှာ ၆၁ ခုဟာ ကိုရိုနာဗိုင်းရပ်စ်သင့်နေကြောင်း သိရတာပါ” လို့လဲ ဝန်ကြီးကပြောပါတယ်။

အဲဒီသငေ်္ဘာကြီးပေါ်မှာ ခရီးသည် ၃၇၀၀ ကျော်နဲ့ သငေ်္ဘာအမှုထမ်းတွေပါရှိကြပြီး အခုအချိန်မှာတော့ သငေ်္ဘာကြီးကို ယိုကိုဟားမားဆိပ်ကမ်းမှာ ဆိုက်ကပ်ထားပါတယ်။ သငေ်္ဘာကြီးရော သငေ်္ဘာပေါ်က ခရီးသည်တွေရောဟာ အဲဒီဆိပ်ကမ်းမှာပဲ ဖေဖေါ်ဝါရီ ၁၉ ရက်အထိ သီးသန့်နေကြရမှာဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်သင့်ကြောင်း စောစောပိုင်းက တခေါက် တွေ့ရှိထားတဲ့ ခရီးသည် ၂၀ ကိုတော့ သက်ဆိုင်ရာဆေးရုံတွေကိုု ပို့ပြီးကြောင်းသိရပါတယ်။

တရုတ်နိုင်ငံတွင် ဝူဟန်ဗိုင်းရပ်စ်ကြောင့် ဖေဖော်ဝါရီလ ၇ က်နေ့တွင် သေဆုံးသူ ၆၃၈ ဦး ထိရှိလာပြီး ကူးစက်ခံရသူ စုစုပေါင်း ၂၉၂၅၈ ဦးရှိလာကာ ၁၃၄၁ ဦးမှာ ကုသ၍ သက်သာ ပျောက်ကင်းသွားပြီဖြစ်ကြောင်း တရုတ်အာဏာပိုင်များက ယနေ့ ထုတ်ပြန်ကြေညာထားသည်။ ဝူဟန်ဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်တွင် သေဆုံးသူ ၆၃၆ ဦး ရှိပြီး တရုတ်နိုင်ငံပြင်ပ သေဆုံးမှုအဖြစ် ဟောင်ကောင်နှင့် ဖိလစ်ပိုင်နိုင်ငံတွင် ၁ ဦးစီသေဆုံးခဲ့ခြင်းဖြစ်သည်။

Ref – AFP

Add a Comment

Your email address will not be published. Required fields are marked *