၂၀၂၀ မွာ ကမာၻပ်က္မယ္ လို႔ ေဟာခဲ့တဲ့ နာမည္ေက်ာ္ ေရွးျဖစ္ေဟာဆရာမ ေဂ်းနီဒစ္ဆြန္

အေမရိကန္ သမၼတ ၃ ဆက္ တိတိ အႀကံေပးအျဖစ္ လုပ္ခဲ့တဲ့ ေရွးျဖစ္ေဟာဆရာမ ေဂ်းနီဒစ္ဆြန္က ၂၀၂၀မွာ စစ္ႀကီးျဖစ္ၿပီး ကမာၻႀကီး အဆုံးသက္သြားမယ္လို႔ ေျပာေဟာခ်က္ ေပၚေပါက္ေနပါတယ္။ သူမက ျမဴနစ္ လူသတ္ပြဲႀကီးအေၾကာင္း ေအာ္ပရာဝင္းဖေရး ရဲ႕ ေအာင္ျမင္မႈ နဲ႔ အက္စြန္ဗယ္ေဒ့ ေရနံကြက္ႀကီးအေၾကာင္းကို ႀကိဳတင္ေဟာေျပာခဲ့ပါတယ္။

အေမရိကန္သမၼတ ဂြၽန္အက္ဖ္ကေနဒီ လုပ္ႀကံခံရမယ္ဆိုတာကို ႀကိဳတင္ေဟာေျပာခဲ့ဖူးတဲ့ သူမက အခုေတာ့ ကမာၻႀကီးပ်က္ေတာ့မယ္ဆိုတာကို ေျပာေနပါၿပီ။ ေဂ်းနီက အေမရိကားမွာ နာမည္ႀကီး ေရွးျဖစ္ေဟာနဲ႔ နကၡတ္ေဗဒပညာရွင္တစ္ဦးပါ။ သူမရဲ႕ ကိုယ္ေရးရာဇဝင္စာအုပ္ ၊ ေရွးျဖစ္ေဟာစာအုပ္ နဲ႔ နကၡတ္ေဗဒင္ စာအုပ္၇ အုပ္က အေရာင္းရဆုံးစာအုပ္ေတြျဖစ္ခဲ့ပါတယ္။

၂၀၂၀ မွာ ကမာၻပ်က္မယ္လို႔ ေဟာခဲ့တဲ့ နာမည္ေက်ာ္ ေရွးျဖစ္ေဟာဆရာမ ေဂ်းနီဒစ္ဆြန္

ဂြၽန္အက္ဖ္ကေနဒီ ေမာ္ေတာ္ကားနဲ႔ ခရီးသြားေနတုန္း ေသနတ္နဲ႔ ပစ္ၿပီးလုပ္ႀကံခံရမယ္လို႔ မေသခင္ ၇ ႏွစ္ေလာက္ကတည္းက ႀကိဳတင္ေဟာခဲ့တာပါ။ ၁၉၅၆ ေမလထုတ္ ပါရာဒီမဂၢဇင္းမွာ ၁၉၆၀ ေ႐ြးေကာက္ပြဲမွာ ဒီမိုကရက္တစ္ေတြ အႏိုင္ရမယ္လို႔ ေဟာခဲ့တဲ့အတိုင္း ျဖစ္လာခဲ့ပါတယ္။ အဲ့လိုတိုင္းျပည္နဲ႔ခ်ီၿပီးေဟာခဲ့လို႔ ေဂ်းနီက နာမည္ႀကီးခဲ့တာပါ။

ကယ္႐ိုလိုင္းနားေတာင္ပိုင္းမွာ ေမြးတဲ့သူမကို ေရွးျဖစ္ေဟာတဲ့ ဂ်စ္ပစီတစ္ေယာက္က သူမက ေရွးျဖစ္ေဟာတဲ့ ပါရမီေၾကာင့္ နာမည္ေက်ာ္ၾကားမယ္လို႔ ေဟာခဲ့ပါတယ္။ သူမက အစမွာ သၾကၤန္စာလိုမ်ိဳး နကၡတ္ေဗဒင္ေတြကို ဖန္လုံးၾကည့္ၿပီးေဟာကာ စာအုပ္ေတြ ထုတ္ခဲ့ပါတယ္။ ဒုတိယကမာၻစစ္အလယ္ေလာက္မွာ အေမရိကန္သမၼတ ႐ုစဗဲ့က သူမကို သမၼတအိမ္ေတာ္က ဘဲဥပုံစာပြဲခန္းထဲေခၚၿပီး စစ္နဲ႔ပတ္သက္လို႔ေမးေတာ့ ၁၉၄၅ ႏွစ္လယ္ေလာက္မွာ ၿပီးသြားမွာပါလို႔ ေျပာခဲ့ပါ တယ္။

၂၀၂၀ မွာ ကမာၻပ်က္မယ္လို႔ ေဟာခဲ့တဲ့ နာမည္ေက်ာ္ ေရွးျဖစ္ေဟာဆရာမ ေဂ်းနီဒစ္ဆြန္

႐ုစဗဲ့က ၁၉၄၅ ဧၿပီလမွာဆုံးသြားေတာ့ သူမေျပာတာမွန္မမွန္ မသိသြားရေပမဲ့ သူမကေတာ့ တရွိန္ထိုး နာမည္ႀကီးခဲ့ပါတယ္။ သမၼတ နစ္ဆင္ကလည္း သူမကို သမၼတ႐ုံးခန္းကိုဖိတ္ၿပီး ေမးတဲ့အခ်ိန္မွာ ဂြၽန္အက္ဖ္ကေနဒီက ေနာင္သမၼတျဖစ္လာမယ္လို႔ လည္း ေျပာခဲ့ပါတယ္။ ၁၉၇၂ခုႏွစ္ ဂ်ာမဏီႏိုင္ငံျမဴးနစ္ၿမိဳ႕ မွာက်င္းပမယ့္ အိုလံပစ္ပြဲကို အၾကမ္းဖက္သမားေတြ ဝင္စီးနင္းၿပီး ပစ္ခတ္မႈေတြ လုပ္လို႔ လူေတြအေျမာက္အမ်ား ေသဆုံးရမယ္ဆိုတာကိုလည္း ႀကိဳေဟာခဲ့ပါတယ္။

သမၼတ နစ္ဆင္က အဲ့ဒိေဟာခ်က္ေၾကာင့္သူမကို လုံ၀ ယုံၾကည္သြားခဲ့ပါတယ္။ သမၼတေရဂင္နဲ႔ သူ႔ဇနီး နန္စီ တို႔ကလည္း သူမကိုခ်ဥ္းကပ္ေမးျမန္ဖူးပါတယ္။ သူမရဲ႕ေဟာေျပာခ်က္ ေတြက ဘယ္ေလာက္ထိ တိက်ခဲ့ဘူးလည္းဆိုရင္ ၁၉၈၉မွာ အလာစကာနာမွာ ေရနံတင္သေဘာတၤစ္စင္းနစ္ျမဳပ္ၿပီး ေရနံေတြဖိတ္စင္ လိမ့္မယ္လို႔ ေဟာခဲ့တာက တကယ္ျဖစ္ခဲ့ပါတယ္။

၂၀၂၀ မွာ ကမာၻပ်က္မယ္လို႔ ေဟာခဲ့တဲ့ နာမည္ေက်ာ္ ေရွးျဖစ္ေဟာဆရာမ ေဂ်းနီဒစ္ဆြန္

တန္၃ေသာင္း၇ေထာင္ အက္စြန္ဗယ္ေဒ့ ေရနံကြက္ႀကီးေၾကာင့္ ေရေပ်ာ္ငွက္ ၂သိန္း၅ေသာင္းေက်ာ္ ၊ ပင္လယ္ဖ်ံ ၂၈၀၀ ၊ ဖ်ံျဖဴ ၃၀၀ နဲ႔ ေဝလငါး ၂၂ေကာင္ေသခဲ့ရပါတယ္။ ေအာ္ပရာဝင္းဖေရး က ၁၉၇၇ ခုႏွစ္မွာ သူမနဲ႔ေတြ႕ၿပီး ေရွးျဖစ္ေဟာခိုင္းခဲ့ရာ အႀကီးအက်ယ္ေအာင္ျမင္မႈေတြ ရလိမ့္မယ္လို႔ ေဟာခဲ့ပါတယ္။ အခုေတာ့ ေအာ္ပရာမွာ ဖန္ေတြ သန္းေပါင္းမ်ားစြာ ရွိေနပါၿပီ။

ဒါေပမဲ့ ေဂ်းနီ မွားခဲ့တဲ့ေဟာေျပာခ်က္ေတြ လည္းရွိခဲ့ပါတယ္။ လကမာၻေပၚကို ႐ုရွားေတြက ေျခအရင္ခ်လိမ့္မယ္၊ အာကာသေလ့လာ ေရး လုပ္ငန္းေတြမွာ ႐ုရွားက ဦးေဆာင္လိမ့္မယ္ဆိုတာရယ္ ၊ ၁၉၅၈မွာ တတိယကမာၻစစ္ျဖစ္မယ္ဆိုတာရယ္၊ ၁၉၆၇ မွာ ကင္ဆာကို ကုႏိုင္တဲ့ေဆးေပၚလာမယ္ ဆိုတာရယ္ ၊

၁၉၈၀ခုဝန္းက်င္မွာ ႀကီးမားတဲ့လူမ်ိဳးတုန္းသက္ျဖတ္မႈႀကီး ျဖစ္ေပၚၿပီးေနာက္ ေရာမအင္ပါ ယာႀကီး ျပန္လည္တန္ခိုးထြားလာမယ္ဆိုတာရယ္ဆိုတာေတြကေတာ့ မွားခဲ့ပါတယ္။ ၁၉၆၉ တုန္းက ၆ႏွစ္သားေလးတစ္ေယာက္ ေပ်ာက္သြားတာကို ဘယ္မွာရွာရမလဲလို႔ အာဏါပိုင္ေတြ ေမးတုန္းက မေဟာႏိုင္ခဲ့တာေတြလည္း ရွိခဲ့ပါတယ္။ သူမကို ၁၉၀၄ခုႏွစ္မွာ ေမြးၿပီး ၁၉၉၇မွာကြယ္လြန္ခဲ့ပါတယ္။

၂၀၂၀ ကမာၻပ်က္မယ္ဆိုတာ သူရဲ႕ ေရွးျဖစ္ေဟာစာအုပ္ထဲက ေဟာခ်က္ပါ။

ေမာင္ယႆ REF: the mirror uk photo ;bettmann archive

Unicode

အမေရိကန် သမ္မတ ၃ ဆက်တိတိ အကြံပေးအဖြစ် လုပ်ခဲ့တဲ့ ရှေးဖြစ်ဟောဆရာမ ဂျေးနီဒစ်ဆွန်က ၂၀၂၀မှာ စစ်ကြီးဖြစ်ပြီး ကမ္ဘာကြီး အဆုံးသက်သွားမယ်လို့ ပြောဟောချက် ပေါ်ပေါက်နေပါတယ်။ သူမက မြူနစ် လူသတ်ပွဲကြီးအကြောင်း အော်ပရာဝင်းဖရေး ရဲ့ အောင်မြင်မှု နဲ့ အက်စွန်ဗယ်ဒေ့ ရေနံကွက်ကြီးအကြောင်းကို ကြိုတင်ဟောပြောခဲ့ပါတယ်။

အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ လုပ်ကြံခံရမယ်ဆိုတာကို ကြိုတင်ဟောပြောခဲ့ဖူးတဲ့ သူမက အခုတော့ ကမ္ဘာကြီးပျက်တော့မယ်ဆိုတာကို ပြောနေပါပြီ။ ဂျေးနီက အမေရိကားမှာ နာမည်ကြီး ရှေးဖြစ်ဟောနဲ့ နက္ခတ်ဗေဒပညာရှင်တစ်ဦးပါ။ သူမရဲ့ ကိုယ်ရေးရာဇဝင်စာအုပ် ၊ ရှေးဖြစ်ဟောစာအုပ် နဲ့ နက္ခတ်ဗေဒင် စာအုပ်၇ အုပ်က အရောင်းရဆုံးစာအုပ်တွေဖြစ်ခဲ့ပါတယ်။

ဂျွန်အက်ဖ်ကနေဒီ မော်တော်ကားနဲ့ ခရီးသွားနေတုန်း သေနတ်နဲ့ ပစ်ပြီးလုပ်ကြံခံရမယ်လို့ မသေခင် ၇ နှစ်လောက်ကတည်းက ကြိုတင်ဟောခဲ့တာပါ။ ၁၉၅၆ မေလထုတ် ပါရာဒီမဂ္ဂဇင်းမှာ ၁၉၆၀ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေ အနိုင်ရမယ်လို့ ဟောခဲ့တဲ့အတိုင်း ဖြစ်လာခဲ့ပါတယ်။ အဲ့လိုတိုင်းပြည်နဲ့ချီပြီးဟောခဲ့လို့ ဂျေးနီက နာမည်ကြီးခဲ့တာပါ။

ကယ်ရိုလိုင်းနားတောင်ပိုင်းမှာ မွေးတဲ့သူမကို ရှေးဖြစ်ဟောတဲ့ ဂျစ်ပစီတစ်ယောက်က သူမက ရှေးဖြစ်ဟောတဲ့ ပါရမီကြောင့် နာမည်ကျော်ကြားမယ်လို့ ဟောခဲ့ပါတယ်။ သူမက အစမှာ သင်္ကြန်စာလိုမျိုး နက္ခတ်ဗေဒင်တွေကို ဖန်လုံးကြည့်ပြီးဟောကာ စာအုပ်တွေ ထုတ်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အလယ်လောက်မှာ အမေရိကန်သမ္မတ ရုစဗဲ့က သူမကို သမ္မတအိမ်တော်က ဘဲဥပုံစာပွဲခန်းထဲခေါ်ပြီး စစ်နဲ့ပတ်သက်လို့မေးတော့ ၁၉၄၅ နှစ်လယ်လောက်မှာ ပြီးသွားမှာပါလို့ ပြောခဲ့ပါ တယ်။

ရုစဗဲ့က ၁၉၄၅ ဧပြီလမှာဆုံးသွားတော့ သူမပြောတာမှန်မမှန် မသိသွားရပေမဲ့ သူမကတော့ တရှိန်ထိုး နာမည်ကြီးခဲ့ပါတယ်။ သမ္မတ နစ်ဆင်ကလည်း သူမကို သမ္မတရုံးခန်းကိုဖိတ်ပြီး မေးတဲ့အချိန်မှာ ဂျွန်အက်ဖ်ကနေဒီက နောင်သမ္မတဖြစ်လာမယ်လို့ လည်း ပြောခဲ့ပါတယ်။ ၁၉၇၂ခုနှစ် ဂျာမဏီနိုင်ငံမြူးနစ်မြို့ မှာကျင်းပမယ့် အိုလံပစ်ပွဲကို အကြမ်းဖက်သမားတွေ ဝင်စီးနင်းပြီး ပစ်ခတ်မှုတွေ လုပ်လို့ လူတွေအမြောက်အများ သေဆုံးရမယ်ဆိုတာကိုလည်း ကြိုဟောခဲ့ပါတယ်။

သမ္မတ နစ်ဆင်က အဲ့ဒိဟောချက်ကြောင့်သူမကို လုံ၀ ယုံကြည်သွားခဲ့ပါတယ်။ သမ္မတရေဂင်နဲ့ သူ့ဇနီး နန်စီ တို့ကလည်း သူမကိုချဉ်းကပ်မေးမြန်ဖူးပါတယ်။ သူမရဲ့ဟောပြောချက် တွေက ဘယ်လောက်ထိ တိကျခဲ့ဘူးလည်းဆိုရင် ၁၉၈၉မှာ အလာစကာနာမှာ ရေနံတင်သဘောင်္တစ်စင်းနစ်မြုပ်ပြီး ရေနံတွေဖိတ်စင် လိမ့်မယ်လို့ ဟောခဲ့တာက တကယ်ဖြစ်ခဲ့ပါတယ်။

တန်၃သောင်း၇ထောင် အက်စွန်ဗယ်ဒေ့ ရေနံကွက်ကြီးကြောင့် ရေပျော်ငှက် ၂သိန်း၅သောင်းကျော် ၊ ပင်လယ်ဖျံ ၂၈၀၀ ၊ ဖျံဖြူ ၃၀၀ နဲ့ ဝေလငါး ၂၂ကောင်သေခဲ့ရပါတယ်။ အော်ပရာဝင်းဖရေး က ၁၉၇၇ ခုနှစ်မှာ သူမနဲ့တွေ့ပြီး ရှေးဖြစ်ဟောခိုင်းခဲ့ရာ အကြီးအကျယ်အောင်မြင်မှုတွေ ရလိမ့်မယ်လို့ ဟောခဲ့ပါတယ်။ အခုတော့ အော်ပရာမှာ ဖန်တွေ သန်းပေါင်းများစွာ ရှိနေပါပြီ။

ဒါပေမဲ့ ဂျေးနီ မှားခဲ့တဲ့ဟောပြောချက်တွေ လည်းရှိခဲ့ပါတယ်။ လကမ္ဘာပေါ်ကို ရုရှားတွေက ခြေအရင်ချလိမ့်မယ်၊ အာကာသလေ့လာ ရေး လုပ်ငန်းတွေမှာ ရုရှားက ဦးဆောင်လိမ့်မယ်ဆိုတာရယ် ၊ ၁၉၅၈မှာ တတိယကမ္ဘာစစ်ဖြစ်မယ်ဆိုတာရယ်၊ ၁၉၆၇ မှာ ကင်ဆာကို ကုနိုင်တဲ့ဆေးပေါ်လာမယ် ဆိုတာရယ် ၊

၁၉၈၀ခုဝန်းကျင်မှာ ကြီးမားတဲ့လူမျိုးတုန်းသက်ဖြတ်မှုကြီး ဖြစ်ပေါ်ပြီးနောက် ရောမအင်ပါ ယာကြီး ပြန်လည်တန်ခိုးထွားလာမယ်ဆိုတာရယ်ဆိုတာတွေကတော့ မှားခဲ့ပါတယ်။ ၁၉၆၉ တုန်းက ၆နှစ်သားလေးတစ်ယောက် ပျောက်သွားတာကို ဘယ်မှာရှာရမလဲလို့ အာဏါပိုင်တွေ မေးတုန်းက မဟောနိုင်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ သူမကို ၁၉၀၄ခုနှစ်မှာ မွေးပြီး ၁၉၉၇မှာကွယ်လွန်ခဲ့ပါတယ်။

၂၀၂၀ ကမ္ဘာပျက်မယ်ဆိုတာ သူရဲ့ ရှေးဖြစ်ဟောစာအုပ်ထဲက ဟောချက်ပါ။

မောင်ယဿ REF: the mirror uk photo ;bettmann archive

Add a Comment

Your email address will not be published. Required fields are marked *