ျမန္မာျပည္တြင္းမွာ မရွိေသးတဲ့ အမိုက္စား အႏုပညာတစ္ခုကို ဖန္တီးကာ ခ်ျပလိုက္တဲ့ JUNIOR CREATIVE

Junior creative အဖြဲ႕ ကေတာ့ လူငယ္ေလးေတြနဲ႔ ဖြဲ႕စည္းထားတဲ့ အဖြဲ႕တစ္ဖြဲ႕ပဲျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ (၂၀၁၈)ခုႏွစ္ မွာ က်င္းပျပဳလုပ္ခဲ့တဲ့ Myanmar Got Talent ၿပိဳင္ပြဲႀကီးမွာ Winner ဆုႀကီးကို ရရွိထားခဲ့တဲ့အျပင္ လြန္ခဲ့တဲ့ လအနည္းငယ္ေလာက္ ကလည္း America’s Got Talent ၿပိဳင္ပြဲႀကီးက က်င္းပတဲ့ America’s Got Talent: The Champions ၿပိဳင္ပြဲႀကီးကို ပါဝင္ယွဥ္ၿပိဳင္ခဲ့ၿပီး Shadow Dance နဲ႔ စစ္ေဘးေၾကာင့္ မိဘေတြနဲ႔ ကြဲကြာသြားရတဲ့ ကေလး တစ္ေယာက္ရဲ႕ ဘဝကို အေကာင္းဆုံးပုံေဖာ္ ျပသႏိုင္ခဲ့တာေၾကာင့္ ဒိုင္ေတြေရာ ပရိသတ္ေတြေရာရဲ႕ ခ်ီးက်ဴးမႈကိုခံခဲ့ရတဲ့ အထိျဖစ္တာ ျမန္မာႏိုင္ငံရဲ႕ ဂုဏ္ကို တက္ေစခဲ့ပါေသးတယ္။

ျမန္မာျပည္တြင္းမွာ မရွိေသးတဲ့ အမိုက္စား အႏုပညာတစ္ခုကို ဖန္တီးကာ ခ်ျပလိုက္တဲ့ JUNIOR CREATIVE

လတ္တေလာ မွာလည္း Junior Creative အဖြဲ႕က ျမန္မာႏိုင္ငံမွာ မရွိေသးတဲ့ အႏုပညာအသစ္ တစ္ခုျဖစ္တဲ့ အလင္းအေမွာင္နဲ႔ သ႐ုပ္ေဖာ္ တဲ့ ဖန္တီးမႈကို Hirahara Ayaka x Morisaki Win(အဝင္း) တို႔ရဲ႕ တကယ္လို႔(MOSHIMO)သီခ်င္းနဲ႔ ဖန္တီးခ်ျပထားပါတယ္။ အဝင္းတို႔ရဲ႕ တကယ္လို႔(MOSHIMO) သီခ်င္းေလးကလည္း Joox မွာ နံပါတ္(၁)ေနရာကို သိမ္းပိုက္ထားႏိုင္တဲ့ အထိ ပရိသတ္ေတြရဲ႕ အႀကိဳက္နဲ႔ ထပ္တူက်တဲ့ အထိကို ေအာင္ျမင္မႈေတြရရွိထားတဲ့ သီခ်င္းေလးတစ္ပုဒ္လည္း ျဖစ္ပါတယ္။

ျမန္မာျပည္တြင္းမွာ မရွိေသးတဲ့ အမိုက္စား အႏုပညာတစ္ခုကို ဖန္တီးကာ ခ်ျပလိုက္တဲ့ JUNIOR CREATIVE

Junior Creative အဖြဲ႕ကေတာ့ ပရိသတ္အႀကိဳက္နဲ႔ ထပ္တူက်တဲ့ ဒီသီခ်င္းေလးကို သူတို႔ရဲ႕ ဖန္တီးမႈအသစ္နဲ႔ ေပါင္းစပ္ကာ ပရိသတ္ေတြကို ပိုမိုသေဘာက်ေစမယ့္ အမိုက္စား တစ္ခုကို ဖန္တီးျပလိုက္ျပန္ပါၿပီ။ ပရိသတ္ႀကီးေရ ဒီ အႏုပညာ ဖန္တီးမႈေလးထဲမွာ အသုံးျပဳထားတဲ့ ပစၥည္းေသးေသးေလးေတြက အစ Junior Creative အဖြဲ႕က သူတို႔ကိုယ္တိုင္ ဖန္တီးထားတဲ့အျပင္ အလင္းအေမွာင္ Technique ေတြကို အသုံးျပဳထားတာပါတဲ့။

Unicode

Junior creative အဖွဲ့ ကတော့ လူငယ်လေးတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ (၂၀၁၈)ခုနှစ် မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Myanmar Got Talent ပြိုင်ပွဲကြီးမှာ Winner ဆုကြီးကို ရရှိထားခဲ့တဲ့အပြင် လွန်ခဲ့တဲ့ လအနည်းငယ်လောက် ကလည်း America’s Got Talent ပြိုင်ပွဲကြီးက ကျင်းပတဲ့ America’s Got Talent: The Champions ပြိုင်ပွဲကြီးကို ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Shadow Dance နဲ့ စစ်ဘေးကြောင့် မိဘတွေနဲ့ ကွဲကွာသွားရတဲ့ ကလေး တစ်ယောက်ရဲ့ ဘဝကို အကောင်းဆုံးပုံဖော် ပြသနိုင်ခဲ့တာကြောင့် ဒိုင်တွေရော ပရိသတ်တွေရောရဲ့ ချီးကျူးမှုကိုခံခဲ့ရတဲ့ အထိဖြစ်တာ မြန်မာနိုင်ငံရဲ့ ဂုဏ်ကို တက်စေခဲ့ပါသေးတယ်။

လတ်တလော မှာလည်း Junior Creative အဖွဲ့က မြန်မာနိုင်ငံမှာ မရှိသေးတဲ့ အနုပညာအသစ် တစ်ခုဖြစ်တဲ့ အလင်းအမှောင်နဲ့ သရုပ်ဖော် တဲ့ ဖန်တီးမှုကို Hirahara Ayaka x Morisaki Win(အဝင်း) တို့ရဲ့ တကယ်လို့(MOSHIMO)သီချင်းနဲ့ ဖန်တီးချပြထားပါတယ်။ အဝင်းတို့ရဲ့ တကယ်လို့(MOSHIMO) သီချင်းလေးကလည်း Joox မှာ နံပါတ်(၁)နေရာကို သိမ်းပိုက်ထားနိုင်တဲ့ အထိ ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျတဲ့ အထိကို အောင်မြင်မှုတွေရရှိထားတဲ့ သီချင်းလေးတစ်ပုဒ်လည်း ဖြစ်ပါတယ်။

Junior Creative အဖွဲ့ကတော့ ပရိသတ်အကြိုက်နဲ့ ထပ်တူကျတဲ့ ဒီသီချင်းလေးကို သူတို့ရဲ့ ဖန်တီးမှုအသစ်နဲ့ ပေါင်းစပ်ကာ ပရိသတ်တွေကို ပိုမိုသဘောကျစေမယ့် အမိုက်စား တစ်ခုကို ဖန်တီးပြလိုက်ပြန်ပါပြီ။ ပရိသတ်ကြီးရေ ဒီ အနုပညာ ဖန်တီးမှုလေးထဲမှာ အသုံးပြုထားတဲ့ ပစ္စည်းသေးသေးလေးတွေက အစ Junior Creative အဖွဲ့က သူတို့ကိုယ်တိုင် ဖန်တီးထားတဲ့အပြင် အလင်းအမှောင် Technique တွေကို အသုံးပြုထားတာပါတဲ့။

Add a Comment

Your email address will not be published. Required fields are marked *