အတုေတြေပါ တဲ့ ႏိုင္ငံမွာ ဗံုးကလဲ အတု ပါတဲ့… CB ဘဏ္ျဖစ္စဥ္ ေနာက္ဆက္တြဲသတင္း

Clear ျဖစ္သြားပါၿပီ.. ဗုံး ရွင္းလင္းေရး ကြန္မန္ဒို (ဝတ္စုံေတြကေတာ့ မိုက္) အဖြဲ႕လဲျပန္သြားပါၿပီ (ဗုံးလဲသိမ္းသြားပါၿပီ)…. ျဖစ္စဥ္မွာ…

ေထာင္ထားခဲ့ေသာ ဗုံး မွာ အတုျဖစ္ေနေၾကာင္း စစ္ေဆးေတြ႕ရွိရသည္ဟု ေျမာက္ဒဂုံၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္- ၁ မွ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးတင္ထြန္းႏိုင္ ေျပာသည္။

CB ဘဏ္ျဖစ္စဥ္ ေနာက္ဆက္တြဲသတင္း
CB ဘဏ္ျဖစ္စဥ္ ေနာက္ဆက္တြဲသတင္း

“လုံ/ နယ္ဝန္ႀကီးနဲ႔ သက္ဆိုင္ရာ တာဝန္ရွိတဲ့ ပုဂၢိဳလ္ေတြ အကုန္လုံးက ဘဏ္ထဲေထာင္ထားတဲ့ ဗုံးကို စစ္ၾကည့္တာေလ မိနစ္ပိုင္းပဲၾကာတယ္ အခုၿပီးသြားၿပီဗ်။ ဗုံးက အတုျဖစ္ေနတယ္” ဟု ၎က ဆိုသည္။

CB ဘဏ္ျဖစ္စဥ္ ေနာက္ဆက္တြဲသတင္း
CB ဘဏ္ျဖစ္စဥ္ ေနာက္ဆက္တြဲသတင္း

ျဖစ္စဥ္မွာ ၇.၂.၂၀၂၀ နံနက္ ၈ နာရီ ၅၅ မိနစ္ခန္႔ အခ်ိန္တြင္ ေငြအပ္မည္ဟု ယူဆရသူ အမည္မသိ လူသုံးဦး Mask တပ္ထား (ဝူဟန္ကိုခုတုံးလုပ္) သူတို႔သည္ ဝန္ထမ္းမ်ားဝင္သည့္ ေဘးတံခါးေပါက္မွ ဝင္ေရာက္ခဲ့ၿပီး လုံၿခဳံေရးဝန္ထမ္း ကိုေသာ္ဇင္ႏွင့္ ဘဏ္ဝန္ထမ္းျဖစ္သူ မသက္မြန္ေအး (အငယ္တန္းလက္ေထာက္)အား ေသနတ္ျပ ၿခိမ္းေျခာက္ကာ ေငြက်ပ္ သိန္း ေျခာက္ရာ (၁၀၀၀၀ တန္အရြက္ ၆၀၀၀) ခန္႔ ကိုယူငင္၍ ဘဏ္တြင္ ဗုံးႏွစ္လုံး ေထာင္ထားခဲ့ကာ Probox Taxi CC-9965 ျဖင့္ အဏၰဝါလမ္းဘက္သို႔ ထြက္ေျပးတိမ္းေရွာင္သြားခဲ့ပါသည္။

CB ဘဏ္ျဖစ္စဥ္ ေနာက္ဆက္တြဲသတင္း
CB ဘဏ္ျဖစ္စဥ္ ေနာက္ဆက္တြဲသတင္း

ထို႔ေနာက္ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕၊ ယာဥ္ထိမ္းတပ္ဖြဲ႕၊ မီးသတ္တပ္ဖြဲ႕၊ ၾကက္ေျခနီတပ္ဖြဲ႕၊ မိုင္းရွင္းလင္းေရးအဖြဲ႕မ်ား အခ်ိန္မွီ ေရာက္ရွိလာၿပီး အခ်ိန္ႏွင့္တေျပးညီ ရွင္းလင္းေရးမ်ား ျပဳလုပ္ေဆာင္႐ြက္ကာ ျမန္မာစံေတာ္ခ်ိန္ နံနက္ ၁၁ နာရီ ၃၃ မိနစ္ အခ်ိန္တြင္ စိတ္ခ်ရေသာ အေျခေနတစ္ခုကို ထိမ္းခ်ဳပ္ထားႏိုင္ၿပီျဖစ္ၿပီး ထြက္ေျပးတိမ္းေရွာင္သြားေသာ တရားခံမ်ားအား CCTV မ်ားမွတစ္ဆင့္ သက္ဆိုင္ရာ နယ္ေျမ အသီးသီးသို႔ သတင္းပို႔ေဆာင္ ၍ေျခရာခံ လိုက္လံဖမ္းစီးလွ်က္ရွိေၾကာင္း သတင္းအစုံလင္ပါခင္ဗ်ာ…

CB ဘဏ္ျဖစ္စဥ္ ေနာက္ဆက္တြဲသတင္း
CB ဘဏ္ျဖစ္စဥ္ ေနာက္ဆက္တြဲသတင္း

ေနာက္ဆုံး သတင္းအရ ထြက္ေျပးသြားသူမ်ားဟာ CC-9965 probox အျဖဴေရာင္ယာဥ္မွ 2F-7263 ေျပာင္းလဲ၍ ဆက္လက္ထြက္ေျပးေနေၾကာင္း သတင္းရရွိပါတယ္…

CB ဘဏ္ျဖစ္စဥ္ ေနာက္ဆက္တြဲသတင္း
CB ဘဏ္ျဖစ္စဥ္ ေနာက္ဆက္တြဲသတင္း

ဓါတ္ပုံရဲမန္ ရာျပည့္
Zarni Tike

Unicode

Clear ဖြစ်သွားပါပြီ.. ဗုံး ရှင်းလင်းရေး ကွန်မန်ဒို (ဝတ်စုံတွေကတော့ မိုက်) အဖွဲ့လဲပြန်သွားပါပြီ (ဗုံးလဲသိမ်းသွားပါပြီ)…. ဖြစ်စဉ်မှာ… ထောင်ထားခဲ့သော ဗုံး မှာ အတုဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု မြောက်ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ်- ၁ မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွန်းနိုင် ပြောသည်။

“လုံ/ နယ်ဝန်ကြီးနဲ့ သက်ဆိုင်ရာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ အကုန်လုံးက ဘဏ်ထဲထောင်ထားတဲ့ ဗုံးကို စစ်ကြည့်တာလေ မိနစ်ပိုင်းပဲကြာတယ် အခုပြီးသွားပြီဗျ။ ဗုံးက အတုဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။ ဖြစ်စဉ်မှာ ၇.၂.၂၀၂၀ နံနက် ၈ နာရီ ၅၅ မိနစ်ခန့် အချိန်တွင် ငွေအပ်မည်ဟု ယူဆရသူ အမည်မသိ လူသုံးဦး Mask တပ်ထား (ဝူဟန်ကိုခုတုံးလုပ်) သူတို့သည် ဝန်ထမ်းများဝင်သည့် ဘေးတံခါးပေါက်မှ ဝင်ရောက်ခဲ့ပြီး လုံခြုံရေးဝန်ထမ်း ကိုသော်ဇင်နှင့် ဘဏ်ဝန်ထမ်းဖြစ်သူ မသက်မွန်အေး (အငယ်တန်းလက်ထောက်)အား သေနတ်ပြ ခြိမ်းခြောက်ကာ ငွေကျပ် သိန်း ခြောက်ရာ (၁၀၀၀၀ တန်အရွက် ၆၀၀၀) ခန့် ကိုယူငင်၍ ဘဏ်တွင် ဗုံးနှစ်လုံး ထောင်ထားခဲ့ကာ Probox Taxi CC-9965 ဖြင့် အဏ္ဏဝါလမ်းဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ယာဉ်ထိမ်းတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ မိုင်းရှင်းလင်းရေးအဖွဲ့များ အချိန်မှီ ရောက်ရှိလာပြီး အချိန်နှင့်တပြေးညီ ရှင်းလင်းရေးများ ပြုလုပ်ဆောင်ရွက်ကာ မြန်မာစံတော်ချိန် နံနက် ၁၁ နာရီ ၃၃ မိနစ် အချိန်တွင် စိတ်ချရသော အခြေနေတစ်ခုကို ထိမ်းချုပ်ထားနိုင်ပြီဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်သွားသော တရားခံများအား CCTV များမှတစ်ဆင့် သက်ဆိုင်ရာ နယ်မြေ အသီးသီးသို့ သတင်းပို့ဆောင် ၍ခြေရာခံ လိုက်လံဖမ်းစီးလျှက်ရှိကြောင်း သတင်းအစုံလင်ပါခင်ဗျာ… နောက်ဆုံး သတင်းအရ ထွက်ပြေးသွားသူများဟာ CC-9965 probox အဖြူရောင်ယာဉ်မှ 2F-7263 ပြောင်းလဲ၍ ဆက်လက်ထွက်ပြေးနေကြောင်း သတင်းရရှိပါတယ်… ဓါတ်ပုံရဲမန် ရာပြည့် Zarni Tike

Add a Comment

Your email address will not be published. Required fields are marked *