သရုပ္ေဆာင္ ေနေဒြးကို ပုဒ္မ ၃၂၃ နဲ႔ တရားစြဲဆိုလိုက္တဲ့ သံစဥ္ေမာင္

သံစဥ္ေမာင္ ကေတာ့ သ႐ုပ္ေဆာင္ ေနေဒြးကို ကိုယ္ထိ လက္ေရာက္က်ဴးလြန္မႈ ပုဒ္မ ၃၂၃ နဲ႔ ဒီေန႔ (ေဖေဖာ္ဝါရီလ ၇ ရက္) မွာ တရားစြဲဆို လိုက္ၿပီျဖစ္ပါတယ္။ သက္ေသ အေထာက္အထား အျပည့္အစုံရွိတယ္လို႔ သံစဥ္ေမာင္ရဲ႕ ဖခင္ျဖစ္သူ ဦးသိန္းေဇာ္က ေျပာပါတယ္။ သ႐ုပ္ေဆာင္ သံစဥ္ေမာင္ ကေတာ့ ေဖေဖာ္ဝါရီလ ၇ ရက္ေန႔မွာ ရည္းစားေဟာင္းျဖစ္သူ သ႐ုပ္ေဆာင္ေနေဒြးကို ကိုယ္ထိလက္ေရာက္က်ဴးလြန္မႈနဲ႔ တာေမြ တရား႐ုံးမွာ တရားစြဲဆိုလိုက္ပါၿပီ။ သက္ေသ အေထာက္အထား အျပည့္အစုံရွိတယ္လို႔ သံစဥ္ေမာင္ရဲ႕ ဖခင္ျဖစ္သူ ဦးသိန္းေဇာ္က မီဒီယာေတြရဲ႕ အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ပါတယ္။

သရုပ္ေဆာင္ ေနေဒြးကို ပုဒ္မ ၃၂၃ နဲ႔ တရားစြဲဆိုလိုက္တဲ့ သံစဥ္ေမာင္

“ ကိုယ္ထိလက္ေရာက္ က်ဴးလြန္မႈ ပုဒ္မ ၃၂၃ နဲ႔ တရားစြဲထား တာပါ။ ဒီလို စြဲရတဲ့ အေၾကာင္းအရင္းကလည္း သူနဲ႔ ဦး သမီးနဲ႔ ပတ္သက္ေနတုန္းက သမီးကို ႐ိုက္ႏွက္ထားတဲ့ ဓာတ္ပုံေတြလည္းရွိတယ္။ အဲဒီ ဓာတ္ပုံေတြကို တရား႐ုံးကို လာတင္သြင္းတာပါ။ ဦးတို႔ဘက္က ေရွ႕ေနရယ္၊ ဥပေဒအရာရွိေတြရယ္ တိုင္ပင္ထားတဲ့ အတြက္ သူတို႔က ဆက္လုပ္ေပးသြားမွာပါ။ လက္ရွိမွာေတာ့ ဒီ တစ္မႈတည္းလို႔ ဦးတို႔ သိထားပါတယ္” လို႔ ဆိုပါတယ္။ သံစဥ္ေမာင္ရဲ႕ ဖခင္ျဖစ္သူကေတာ့ သမီးျဖစ္သူကို ႐ိုက္ႏွက္ထားတဲ့ ဓာတ္ပုံေတြကို ျမင္ရအခ်ိန္မွာ စိတ္မေကာင္းေတာ္ေတာ္ျဖစ္ခဲ့ရ တယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ ဥပေဒအတိုင္း ေဆာင္႐ြက္သြားမယ္လို႔ ဦးသိန္းေဇာ္က ေျပာပါတယ္။

သရုပ္ေဆာင္ ေနေဒြးကို ပုဒ္မ ၃၂၃ နဲ႔ တရားစြဲဆိုလိုက္တဲ့ သံစဥ္ေမာင္

“ ဦးတို႔ ဘက္မွာ သက္ေသ အကုန္ရွိပါတယ္။ လူသက္ေသေရာ၊ စာ႐ြက္စာတမ္း သက္ေသေတြေရာ၊ ဗီဒီယိုဖိုင္၊ အသံဖိုင္ေတြေရာ ရွိတယ္။ ဒီသက္ေသေတြ ခိုင္မာလို႔သာ တရား႐ုံးက လက္ခံတာပါ။ တစ္ခ်ိန္တုန္းကေတာ့ သူတို႔ ခ်စ္သူႏွစ္ေယာက္ ဘယ္လိုပဲေနခဲ့ေနခဲ့ ခြင့္လႊတ္ေပးခဲ့လိုက္ၿပီ။ ဒါေပမယ့္ ဒီေနာက္ပိုင္းမွာ ျဖစ္လာတဲ့ ျပႆနာေတြမွာေတာ့ မိဘ တစ္ေယာက္အေနနဲ႔ ခြင့္လႊတ္လို႔မရဘူး။ တရားဥပေဒအတိုင္း ေဆာင္႐ြက္သြားမယ္” ဆိုၿပီးေတာ့ ေဖေဖာ္ဝါရီလ ၇ ရက္ေန႔ မနက္က တာေမြၿမိဳ႕နယ္ တရား႐ုံးကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။

သရုပ္ေဆာင္ ေနေဒြးကို ပုဒ္မ ၃၂၃ နဲ႔ တရားစြဲဆိုလိုက္တဲ့ သံစဥ္ေမာင္

အဲဒီေနာက္ တရားစြဲခံရသူ သ႐ုပ္ေဆာင္ ေနေဒြးကလည္း ျပန္လည္ တရားစြဲဆိုသြားမယ္လို႔ သိရပါတယ္။ သက္ေသခိုင္လုံစြာနဲ႔ တရားစြဲဆိုလာရင္လည္း မွန္မွန္ကန္ကန္ အမႈရင္ဆိုင္သြားမယ္လို႔ ဦးသိန္းစိုးက ေျပာပါတယ္။“ ဒါကလည္း သူ႔ဘက္က လုပ္ပိုင္ခြင့္ပဲေလ။ သူ႔မွာ သက္ေသ ခိုင္လုံရင္ေတာ့ လုပ္ေပါ့။ သူကလည္း ေၾကာက္ေနမယ္ဆိုရင္ ဘယ္လိုလုပ္ျဖစ္မွာလဲ။ ကိုယ့္ဘက္က မွန္လို႔ အခုလို လုပ္တာ။ သူ႔ဘက္က မွန္ရင္လည္း ျပန္လုပ္ေလ။ တရား႐ုံးမွာ ရင္ဆိုင္႐ုံပဲေလ။ ဘယ္သူမွန္တယ္ မွားတယ္ဆိုတာ အေျဖထြက္လာလိမ့္မယ္။ သူ႔ဘက္က အမႈ ၁၀ မႈနဲ႔ပဲ စြဲစြဲ၊ အမႈ ၁၀၀ ေလာက္ပဲစြဲစြဲ စိတ္မဝင္စားဘူး။ ေနာက္မဆုတ္ဘူး ေရွ႕ဆက္သြားမယ္” လို႔ ဆက္လက္ ေျပာျပခဲ့ပါတယ္။

သရုပ္ေဆာင္ ေနေဒြးကို ပုဒ္မ ၃၂၃ နဲ႔ တရားစြဲဆိုလိုက္တဲ့ သံစဥ္ေမာင္

သံစဥ္ေမာင္ ဟာ သ႐ုပ္ေဆာင္ ေနေဒြးနဲ႔ ခ်စ္သူသက္တမ္း ၃ ႏွစ္အၾကာ လက္တြဲ လာခဲ့တာျဖစ္ပါတယ္။ ၃ ႏွစ္အတြင္းမွာလည္း ေနေဒြးက ရန္ျဖစ္ၾကတဲ့ အခ်ိန္ေတြဆို သူမကို ႐ိုက္ႏွက္ ႏွိပ္စက္ေလ့ရွိတယ္လို႔ ဆိုပါတယ္။ ေနေဒြး ႏွိပ္စက္ထားတဲ့ ဒဏ္ရာေတြကိုလည္း ဇန္နဝါရီလ ၁၅ ရက္ေန႔က သူမရဲ႕ ေဖ့စ္ဘြတ္ စာမ်က္ႏွာကေနတဆင့္ ပရိသတ္ေတြ သိေအာင္ ေျပာျပခဲ့ပါတယ္။ သူမရဲ႕ ရည္းစားေဟာင္းျဖစ္တဲ့ ေနေဒြးကလည္း မွန္မွန္ကန္ကန္ တရားရင္ဆိုင္သြားမယ္လို႔ မီဒီယာ အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့တာ ေတြ႕ရပါတယ္။ သံစဥ္ေမာင္ကိုေတာ့ သ႐ုပ္ေဆာင္ ေဘဘီေမာင္ရဲ႕ ညီမငယ္ေလးအျဖစ္ ပရိသတ္ေတြ စတင္သိရွိလာခဲ့တာျဖစ္ပါတယ္။ သူမဟာ အခုလက္ရွိမွာ တီဗီေၾကာ္ျငာေတြ၊ ျပကၡဒိန္ေတြ အျပင္ ဗီဒီယို ဇာတ္ကား ေတာ္ေတာ္မ်ားမ်ားလည္း ႐ိုက္ကူးေနရသူျဖစ္ပါတယ္။ သံစဥ္ေမာင္ရဲ႕ အႏုပညာသက္တမ္းကလည္း ၄ ႏွစ္ခန႔္ကို ေရာက္ရွိလို႔လာပါၿပီ။ cele yatkwat

Unicode

သံစဉ်မောင် ကတော့ သရုပ်ဆောင် နေဒွေးကို ကိုယ်ထိ လက်ရောက်ကျူးလွန်မှု ပုဒ်မ ၃၂၃ နဲ့ ဒီနေ့ (ဖေဖော်ဝါရီလ ၇ ရက်) မှာ တရားစွဲဆို လိုက်ပြီဖြစ်ပါတယ်။ သက်သေ အထောက်အထား အပြည့်အစုံရှိတယ်လို့ သံစဉ်မောင်ရဲ့ ဖခင်ဖြစ်သူ ဦးသိန်းဇော်က ပြောပါတယ်။ သရုပ်ဆောင် သံစဉ်မောင် ကတော့ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ရည်းစားဟောင်းဖြစ်သူ သရုပ်ဆောင်နေဒွေးကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့ တာမွေ တရားရုံးမှာ တရားစွဲဆိုလိုက်ပါပြီ။ သက်သေ အထောက်အထား အပြည့်အစုံရှိတယ်လို့ သံစဉ်မောင်ရဲ့ ဖခင်ဖြစ်သူ ဦးသိန်းဇော်က မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

“ ကိုယ်ထိလက်ရောက် ကျူးလွန်မှု ပုဒ်မ ၃၂၃ နဲ့ တရားစွဲထား တာပါ။ ဒီလို စွဲရတဲ့ အကြောင်းအရင်းကလည်း သူနဲ့ ဦး သမီးနဲ့ ပတ်သက်နေတုန်းက သမီးကို ရိုက်နှက်ထားတဲ့ ဓာတ်ပုံတွေလည်းရှိတယ်။ အဲဒီ ဓာတ်ပုံတွေကို တရားရုံးကို လာတင်သွင်းတာပါ။ ဦးတို့ဘက်က ရှေ့နေရယ်၊ ဥပဒေအရာရှိတွေရယ် တိုင်ပင်ထားတဲ့ အတွက် သူတို့က ဆက်လုပ်ပေးသွားမှာပါ။ လက်ရှိမှာတော့ ဒီ တစ်မှုတည်းလို့ ဦးတို့ သိထားပါတယ်” လို့ ဆိုပါတယ်။ သံစဉ်မောင်ရဲ့ ဖခင်ဖြစ်သူကတော့ သမီးဖြစ်သူကို ရိုက်နှက်ထားတဲ့ ဓာတ်ပုံတွေကို မြင်ရအချိန်မှာ စိတ်မကောင်းတော်တော်ဖြစ်ခဲ့ရ တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဥပဒေအတိုင်း ဆောင်ရွက်သွားမယ်လို့ ဦးသိန်းဇော်က ပြောပါတယ်။

“ ဦးတို့ ဘက်မှာ သက်သေ အကုန်ရှိပါတယ်။ လူသက်သေရော၊ စာရွက်စာတမ်း သက်သေတွေရော၊ ဗီဒီယိုဖိုင်၊ အသံဖိုင်တွေရော ရှိတယ်။ ဒီသက်သေတွေ ခိုင်မာလို့သာ တရားရုံးက လက်ခံတာပါ။ တစ်ချိန်တုန်းကတော့ သူတို့ ချစ်သူနှစ်ယောက် ဘယ်လိုပဲနေခဲ့နေခဲ့ ခွင့်လွှတ်ပေးခဲ့လိုက်ပြီ။ ဒါပေမယ့် ဒီနောက်ပိုင်းမှာ ဖြစ်လာတဲ့ ပြဿနာတွေမှာတော့ မိဘ တစ်ယောက်အနေနဲ့ ခွင့်လွှတ်လို့မရဘူး။ တရားဥပဒေအတိုင်း ဆောင်ရွက်သွားမယ်” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၇ ရက်နေ့ မနက်က တာမွေမြို့နယ် တရားရုံးကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ အဲဒီနောက် တရားစွဲခံရသူ သရုပ်ဆောင် နေဒွေးကလည်း ပြန်လည် တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။ သက်သေခိုင်လုံစွာနဲ့ တရားစွဲဆိုလာရင်လည်း မှန်မှန်ကန်ကန် အမှုရင်ဆိုင်သွားမယ်လို့ ဦးသိန်းစိုးက ပြောပါတယ်။“ ဒါကလည်း သူ့ဘက်က လုပ်ပိုင်ခွင့်ပဲလေ။ သူ့မှာ သက်သေ ခိုင်လုံရင်တော့ လုပ်ပေါ့။ သူကလည်း ကြောက်နေမယ်ဆိုရင် ဘယ်လိုလုပ်ဖြစ်မှာလဲ။ ကိုယ့်ဘက်က မှန်လို့ အခုလို လုပ်တာ။

သူ့ဘက်က မှန်ရင်လည်း ပြန်လုပ်လေ။ တရားရုံးမှာ ရင်ဆိုင်ရုံပဲလေ။ ဘယ်သူမှန်တယ် မှားတယ်ဆိုတာ အဖြေထွက်လာလိမ့်မယ်။ သူ့ဘက်က အမှု ၁၀ မှုနဲ့ပဲ စွဲစွဲ၊ အမှု ၁၀၀ လောက်ပဲစွဲစွဲ စိတ်မဝင်စားဘူး။ နောက်မဆုတ်ဘူး ရှေ့ဆက်သွားမယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ သံစဉ်မောင် ဟာ သရုပ်ဆောင် နေဒွေးနဲ့ ချစ်သူသက်တမ်း ၃ နှစ်အကြာ လက်တွဲ လာခဲ့တာဖြစ်ပါတယ်။ ၃ နှစ်အတွင်းမှာလည်း နေဒွေးက ရန်ဖြစ်ကြတဲ့ အချိန်တွေဆို သူမကို ရိုက်နှက် နှိပ်စက်လေ့ရှိတယ်လို့ ဆိုပါတယ်။ နေဒွေး နှိပ်စက်ထားတဲ့ ဒဏ်ရာတွေကိုလည်း ဇန်နဝါရီလ ၁၅ ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ် စာမျက်နှာကနေတဆင့် ပရိသတ်တွေ သိအောင် ပြောပြခဲ့ပါတယ်။ သူမရဲ့ ရည်းစားဟောင်းဖြစ်တဲ့ နေဒွေးကလည်း မှန်မှန်ကန်ကန် တရားရင်ဆိုင်သွားမယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့တာ တွေ့ရပါတယ်။ သံစဉ်မောင်ကိုတော့ သရုပ်ဆောင် ဘေဘီမောင်ရဲ့ ညီမငယ်လေးအဖြစ် ပရိသတ်တွေ စတင်သိရှိလာခဲ့တာဖြစ်ပါတယ်။ သူမဟာ အခုလက်ရှိမှာ တီဗီကြော်ငြာတွေ၊ ပြက္ခဒိန်တွေ အပြင် ဗီဒီယို ဇာတ်ကား တော်တော်များများလည်း ရိုက်ကူးနေရသူဖြစ်ပါတယ်။ သံစဉ်မောင်ရဲ့ အနုပညာသက်တမ်းကလည်း ၄ နှစ်ခန့်ကို ရောက်ရှိလို့လာပါပြီ။ cele yatkwat

Add a Comment

Your email address will not be published. Required fields are marked *