မေကြးျမိဳ႕တြင္ ကန္သာရပ္ကြက္အတြင္း ေနရာ ၃ခု ၌ မီးရႈိ႕မႈမ်ားျဖစ္ပြားခဲ႔ ၊ CCTV အရ လူငယ္ (၄) ဦး ပါဝင္ပတ္သက္ေနေၾကာင္းေတြ႕ရွိ

Posted on

မေကြးၿမိဳ႕တြင္ ၊ ကန္သာရပ္ကြက္အတြင္း မွ လမ္းနယ္နမိတ္ ေနရာ ( ၃ ) ခု တြင္ ေဖေဖာ္ဝါရီ ( ၇ ) ရက္ နံနက္ ( ၃ ) နာရီ (၂၆) မိနစ္ အခ်ိန္ ဝန္းက်င္ က မီးရႈိ႕မႈမ်ားျဖစ္ပြား ခဲ့ၿပီး မီးရႈိ႕ခံရသည့္ အနီးတဝိုက္ရွိ CCTV မွတ္တမ္းမ်ား အရ လူငယ္ ( ၄ ) ဦး ပါဝင္ ပတ္သက္ေနေၾကာင္း ရပ္ကြက္ အုပ္ခ်ဳပ္ေရး အဖြဲ႕ မွ သိရ သည္ ။

မေကြးျမိဳ႕တြင္ ကန္သာရပ္ကြက္အတြင္း ေနရာ ၃ခု ၌ မီးရႈိ႕မႈမ်ားျဖစ္ပြား
မေကြးျမိဳ႕တြင္ ကန္သာရပ္ကြက္အတြင္း ေနရာ ၃ခု ၌ မီးရႈိ႕မႈမ်ားျဖစ္ပြား

မေကြးၿမိဳ႕၊အထက(၁)လမ္း ၊ ေအးေစတီဘုရား ၊ စေနေထာင့္အနီးလမ္းဘက္ရွိ ဒုတိယေျမာက္ဆိုင္မွ အဖီမိုးကာ၊ ကန္သာ(၁၁)လမ္းႏွင့္ မက်ီးပင္လမ္းေထာင့္ရွိ ကုန္စုံဆိုင္ေရွ႕မွ ထီးမ်ား ၊ ေဌးရတနာေ႐ႊဆိုင္ ႏွင့္ မ်က္ႏွာခ်င္းဆိုင္အိမ္ေရွ႕မွ အမႈိက္ေတာင္းတို႔မွာ မီးရႈိ႕ခံလိုက္ရျခင္းျဖစ္သည္။

“မီးရႈိ႕ခံရတဲ့ ေနရာအစဥ္လိုက္ကို လိုက္ၾကည့္ၿပီး ကန္သာကန္ေဘာင္ေပၚက ေသာက္စားဆင္းလာၿပီး လက္ ေဆာ့သြားတာလို႔ ထင္လိုက္တယ္။ ထီးေတြရႈိ႕ခံရတဲ့ ကုန္စုံဆိုင္နဲ႔ မ်က္ေစာင္းထိုးမွာ ေ႐ႊဆိုင္ရွိတယ္။

မေကြးျမိဳ႕တြင္ ကန္သာရပ္ကြက္အတြင္း ေနရာ ၃ခု ၌ မီးရႈိ႕မႈမ်ားျဖစ္ပြား
မေကြးျမိဳ႕တြင္ ကန္သာရပ္ကြက္အတြင္း ေနရာ ၃ခု ၌ မီးရႈိ႕မႈမ်ားျဖစ္ပြား
မေကြးျမိဳ႕တြင္ ကန္သာရပ္ကြက္အတြင္း ေနရာ ၃ခု ၌ မီးရႈိ႕မႈမ်ားျဖစ္ပြား

အဲဒီမွာ CCTV ကင္မရာေတြတပ္ထားတယ္။ ဆိုင္ရွင္ကို အကူအညီေတာင္းၿပီး ရပ္ကြက္လူႀကီးေတြေရာ၊ နယ္ထိန္ရဲေရာ၊ သတင္း ေထာက္ေတြေရာ မွတ္တမ္းကိုဖြင့္ၾကည့္ၾကေတာ့ ေျခလ်င္ေလ်ာက္လာတဲ့ လူငယ္ေလးဦးထဲကတေယာက္က မီးရရႈိ႕တာကို က်န္တဲ့သူေတြက ေစာင့္ေပးေနတာကို ေတြ႕လိုက္ရပါတယ္”ဟု ေဒသခံတဦးျဖစ္သူ ကိုေအာင္ေက်ာ္ဦးက ရွင္းျပသည္။

ကုန္စုံဆိုင္ပိုင္ရွင္ ကိုၿဖိဳးေဝေအာင္က သူ၏ဆိုင္ေရွ႕မွထီးမ်ား မီးရႈိ႕ခံရျခင္းအား အိမ္နီးခ်င္းတဦးက နံနက္ေစာေစာ ကားဂိတ္သြားရန္ထြက္လာစဥ္ျမင္ေတြ႕ရာမွ ၿငိမ္းေပးခဲ့ရေၾကာင္း၊ မီးရႈိ႕ခံရသည့္ အမႈိက္ေတာင္းေနရာမွာ မီးေလာင္သြားၿပီး အျခားသို႔ မကူးစက္မႈမရွိခဲ့ေၾကာင္း ေျပာသည္။

မေကြးျမိဳ႕တြင္ ကန္သာရပ္ကြက္အတြင္း ေနရာ ၃ခု ၌ မီးရႈိ႕မႈမ်ားျဖစ္ပြား
မေကြးျမိဳ႕တြင္ ကန္သာရပ္ကြက္အတြင္း ေနရာ ၃ခု ၌ မီးရႈိ႕မႈမ်ားျဖစ္ပြား

နယ္ထိန္းရဲတဦးက CCTV မွတ္တမ္းအရ လူငယ္ေလးဦးထဲတြင္ ဓါးကိုင္ထားသူကိုလည္း ေတြ႕ရွိရေၾကာင္း ေျပာၾကားၿပီး ကန္သာရပ္ကြက္အုပ္ခ်ဳပ္ေရးႏွင့္ ရဲတပ္ဖြဲ႕တို႔မွ သစၥာလမ္းဘက္သို႔ ေျပးထြက္သြားသည့္ လူငယ္ေလးဦးကို အျခား CCTV မွတ္တမ္းမ်ားျဖင့္ ဆက္လက္စုံစမ္းစစ္ေဆးလ်က္ရွိသည္။

မီးရႈိ႕ခံရသည့္ ပစၥည္းပိုင္ရွင္မ်ား၏ ဆက္သြယ္ခ်က္အရ ရဲတပ္ဖြဲ႕ႏွင့္ မီးသတ္တပ္ဖြဲ႕တာဝန္ရွိသူမ်ားထံ ဖုန္း ဆက္ အေၾကာင္းၾကားခဲ့ၿပီး က်ဴးလြန္သူမ်ားကို ရဲစခန္း၌ တိုင္ခ်က္ဖြင့္သြားမည္ျဖစ္ေၾကာင္း ကန္သာရပ္ကြက္(ယာယီ) အုပ္ခ်ဳပ္ေရးမႉး ဦးသန္းတင္ထံမွ သိရသည္။

Crd;မ်ိဳးလႈိင္ဝင္း

Unicode

မကွေးမြို့ ၊ ကန်သာရပ်ကွက်အတွင်းမှ လမ်းနယ်နမိတ် နေရာ(၃)ခုတွင် ဖေဖော်ဝါရီ ၇ ရက် နံနက် ၃ နာရီ ၂၆မိနစ်အချိန်ဝန်းကျင်က မီးရှို့မှုများဖြစ်ပွားခဲ့ပြီး မီးရှို့ခံရသည့်အနီးတဝိုက်ရှိ CCTV မှတ်တမ်းများအရ လူငယ်(၄)ဦး ပါဝင်ပတ်သက်နေကြောင်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

မကွေးမြို့၊အထက(၁)လမ်း ၊ အေးစေတီဘုရား ၊ စနေထောင့်အနီးလမ်းဘက်ရှိ ဒုတိယမြောက်ဆိုင်မှ အဖီမိုးကာ၊ ကန်သာ(၁၁)လမ်းနှင့် မကျီးပင်လမ်းထောင့်ရှိ ကုန်စုံဆိုင်ရှေ့မှ ထီးများ ၊ ဌေးရတနာရွှေဆိုင် နှင့် မျက်နှာချင်းဆိုင်အိမ်ရှေ့မှ အမှိုက်တောင်းတို့မှာ မီးရှို့ခံလိုက်ရခြင်းဖြစ်သည်။

“မီးရှို့ခံရတဲ့ နေရာအစဉ်လိုက်ကို လိုက်ကြည့်ပြီး ကန်သာကန်ဘောင်ပေါ်က သောက်စားဆင်းလာပြီး လက် ဆော့သွားတာလို့ ထင်လိုက်တယ်။ ထီးတွေရှို့ခံရတဲ့ ကုန်စုံဆိုင်နဲ့ မျက်စောင်းထိုးမှာ ရွှေဆိုင်ရှိတယ်။

အဲဒီမှာ CCTV ကင်မရာတွေတပ်ထားတယ်။ ဆိုင်ရှင်ကို အကူအညီတောင်းပြီး ရပ်ကွက်လူကြီးတွေရော၊ နယ်ထိန်ရဲရော၊ သတင်း ထောက်တွေရော မှတ်တမ်းကိုဖွင့်ကြည့်ကြတော့ ခြေလျင်လျောက်လာတဲ့ လူငယ်လေးဦးထဲကတယောက်က မီးရရှို့တာကို ကျန်တဲ့သူတွေက စောင့်ပေးနေတာကို တွေ့လိုက်ရပါတယ်”ဟု ဒေသခံတဦးဖြစ်သူ ကိုအောင်ကျော်ဦးက ရှင်းပြသည်။

ကုန်စုံဆိုင်ပိုင်ရှင် ကိုဖြိုးဝေအောင်က သူ၏ဆိုင်ရှေ့မှထီးများ မီးရှို့ခံရခြင်းအား အိမ်နီးချင်းတဦးက နံနက်စောစော ကားဂိတ်သွားရန်ထွက်လာစဉ်မြင်တွေ့ရာမှ ငြိမ်းပေးခဲ့ရကြောင်း၊ မီးရှို့ခံရသည့် အမှိုက်တောင်းနေရာမှာ မီးလောင်သွားပြီး အခြားသို့ မကူးစက်မှုမရှိခဲ့ကြောင်း ပြောသည်။

နယ်ထိန်းရဲတဦးက CCTV မှတ်တမ်းအရ လူငယ်လေးဦးထဲတွင် ဓါးကိုင်ထားသူကိုလည်း တွေ့ရှိရကြောင်း ပြောကြားပြီး ကန်သာရပ်ကွက်အုပ်ချုပ်ရေးနှင့် ရဲတပ်ဖွဲ့တို့မှ သစ္စာလမ်းဘက်သို့ ပြေးထွက်သွားသည့် လူငယ်လေးဦးကို အခြား CCTV မှတ်တမ်းများဖြင့် ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိသည်။

မီးရှို့ခံရသည့် ပစ္စည်းပိုင်ရှင်များ၏ ဆက်သွယ်ချက်အရ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများထံ ဖုန်း ဆက် အကြောင်းကြားခဲ့ပြီး ကျူးလွန်သူများကို ရဲစခန်း၌ တိုင်ချက်ဖွင့်သွားမည်ဖြစ်ကြောင်း ကန်သာရပ်ကွက်(ယာယီ) အုပ်ချုပ်ရေးမှူး ဦးသန်းတင်ထံမှ သိရသည်။

Crd;မျိုးလှိုင်ဝင်း

Leave a Reply

Your email address will not be published. Required fields are marked *