မိန္းမ က ႐ုပ္ရွင္႐ိုက္ေနေတာ့ ကိုယ္က ကေလးထိန္းတယ္ ဆိုတဲ့ ေျပတီဦး

ေျပတီဦး က ဇနီးျဖစ္သူက ႐ုပ္ရွင္ ႐ိုက္ေနလို႔ အိမ္မွာ ကေလးထိန္းေနရတယ္ လို႔ ေျပာပါတယ္။ ကေလးေတြကလည္း အရမ္းလိမၼာၾကတယ္လို႔ ဆိုပါတယ္။ မိဘေတြ အိမ္မွာမရွိလည္း က်န္ခဲ့တဲ့သူေတြနဲ႔ အဆင္ေျပေအာင္ေနတတ္ၾကတဲ့ ငလည္ေလးေတြပါတဲ့။ ေျပတီဦး ကေတာ့ အလုပ္ခဏ အားတုန္းေလး ကေလးေတြကို ထိန္းေနတယ္လို႔ဆိုပါတယ္။ ဇနီးေခ်ာေလး အိျႏၵာေက်ာ္ဇင္က ဘာလီကြၽန္းမွာ ႐ုပ္ရွင္ သြား႐ိုက္ေနပါတယ္တဲ့။ ကေလး ထိန္းရတာ သူ႔အတြက္ မခက္ခဲဘူးလို႔ မီဒီယာ အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ပါတယ္။

မိန္းမ က ႐ုပ္ရွင္႐ိုက္ေနေတာ့ ကိုယ္က ကေလးထိန္းတယ္ ဆိုတဲ့ ေျပတီဦး

“ မအူဝဲက ဘာလီမွာ ဇာတ္ကား သြား႐ိုက္ေတာ့ အစ္ကိုက ကေလးထိန္းတာေပါ့။ ၿပီးရင္ အစ္ကိုလည္း ခရီးထြက္ရဦးမွာ။ ကိုယ္ေတြ ခရီးသြားလို႔ သားနဲ႔သမီး အိမ္မွာက်န္ခဲ့လည္း အဆင္ေျပတယ္။ သူတို႔ႏွစ္ေယာက္က ငယ္ငယ္ကတည္းက အေဖနဲ႔အေမ ခရီးသြားရင္ မသြားပါနဲ႔လိုက္ခ်င္တယ္ ဆိုတာမ်ိဳး မရွိဘူး။ အိမ္မွာ အဘြားေတြ၊ သူ႔အေဒၚေတြ၊ ေမာင္ႏွမ ဝမ္းကြဲေတြ က်န္ခဲ့တာဆိုေတာ့ သူတို႔ကို တည့္ေအာင္ေပါင္းတာ” လို႔ သူက ဆိုပါတယ္။ အဲဒီေနာက္ သမီးႀကီး ေျပသုဒၵါရဲ႕ အေၾကာင္းကိုလည္း ေဖေဖ ေျပတီဦးက ေျပာျပလာပါေသးတယ္။ အရမ္းကို အေနေအးခ်မ္းတဲ့ ကေလးတစ္ေယာက္ျဖစ္တယ္လို႔လည္း ခ်ီးက်ဴးစကား ဆိုထားပါေသးတယ္။

မိန္းမ က ႐ုပ္ရွင္႐ိုက္ေနေတာ့ ကိုယ္က ကေလးထိန္းတယ္ ဆိုတဲ့ ေျပတီဦး

“ သမီးႀကီးက သူ႔ရဲ႕ သဘာဝ ကိုက ေအးေအးပဲ ေနတတ္တာ။ သူ႔ကို တစ္ခုခုေမးၿပီဆိုရင္ေတာင္ သူက ျပန္ေျဖခ်င္မွ ျပန္ေျဖတာ။ ပန္းခ်ီေလးေတြ ဆြဲတယ္။ ကိုယ္ပိုင္ အိုင္ဒီယာနဲ႔ ဖန္တီးရတာေတြကို သူက စိတ္ဝင္စားတယ္။ သူကေတာ့ အၿငိမ္ဇယား သူ႔ဘာသာသူေနတာမ်ားတယ္။ တစ္ခါတေလ You Tube မွာ လက္ေကာက္လုပ္တာ၊ တျခား ဒီဇိုင္းေလးေတြ လုပ္တာကို သူ အၿမဲၾကည့္ၿပီးေတာ့ လိုက္လုပ္တယ္” သားငယ္ေလး ေျပဓီရ ကေတာ့ အရမ္းအေဆာ့သန္တဲ့သူပါလို႔ ေျပတီဦးက ေျပာပါတယ္။ လူကလည္း အရမ္းထြားလာၿပီျဖစ္လို႔ သူနဲ႔ ဖိုက္တင္ခ်တိုင္းေဆာ့ရင္ အရမ္းနာတယ္လို႔ ေျပတီဦးက ေဖေဖာ္ဝါရီလ ၅ ရက္ေန႔က “ေ႐ႊမင္းသမီး”႐ုပ္ရွင္အထူးျပပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့ပါတယ္။

မိန္းမ က ႐ုပ္ရွင္႐ိုက္ေနေတာ့ ကိုယ္က ကေလးထိန္းတယ္ ဆိုတဲ့ ေျပတီဦး

“ သားသားက က်ေတာ့ ဟိုေျပးလိုက္၊ ဒီကပ္လိုက္နဲ႔ သူက အေဖကို အရမ္းကပ္တယ္။ ညဘက္ေတြဆို ေဖေဖ ခ်မယ္ ဆိုတာခ်ည္းပဲ။ သူ႔ အေမက က်ေတာ့ သူနဲ႔မေဆာ့ႏိုင္ဘူးေလ။ ဖိုးဓီက နည္းနည္း လူေကာင္ႀကီးလာၿပီဆိုေတာ့ သူထိုးရင္နာတယ္။ အစ္ကိုက ေယာက်္ားေလးဆိုေတာ့ သူထိုးမယ့္ေနရာကို ကိုယ္က ေတာင့္ထားရတယ္ေလ။ သူ႔အေမကို ထိုးေတာ့ .. ဖိုးဓီ နာတယ္ဆိုၿပီး ေအာ္ေနရေရာ။ ဖိုးဓီကလည္း မထင္ရင္ မထင္သလို ခႏၶာကိုယ္ေပၚေတြတက္ၿပီး စုံ ခုန္ပစ္တာဆိုေတာ့ နာတာေပါ့” ဆိုၿပီးေတာ့ သေဘာက်ရယ္ေမာရင္း ေျပာျပလာပါတယ္။

မိန္းမ က ႐ုပ္ရွင္႐ိုက္ေနေတာ့ ကိုယ္က ကေလးထိန္းတယ္ ဆိုတဲ့ ေျပတီဦး

အိျႏၵာေက်ာ္ဇင္ ကေတာ့ အခုလက္ရွိ ဘာလီကြၽန္းမွာ “နတ္” ႐ုပ္ရွင္ဇာတ္ကား သြားေရာက္႐ိုက္ကူးေနတာ ျဖစ္ပါတယ္။ ေျပတီဦး နဲ႔ အိျႏၵာေက်ာ္ဇင္တို႔ဟာ အခုဆိုရင္ေတာ့ သုဒၵါ ႐ုပ္ရွင္ထုတ္လုပ္ေရးကိုလည္း တည္ေထာင္ထားၿပီျဖစ္ပါတယ္။ ေျပတီဦး ကေတာ့၂၀၁၀ ခုႏွစ္ မွာ ”အာဒံရယ္၊ ဧဝရယ္၊ ဒႆရယ္” ၊ ၂၀၁၂ ခုႏွစ္မွာ “လက္ပံ”၊ ၂၀၁၃ ခုႏွစ္မွာ ”နင္ေစရင္”၊ ၂၀၁၄ ခုႏွစ္” မွာ ႏွလုံးသားျဖင့္ျပဳလုပ္သည္” စတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြနဲ႔ အေကာင္းဆုံး အမ်ိဳးသားဇာတ္ေဆာင္ဆုကို ရရွိခဲ့သူ တစ္ဦးျဖစ္ပါတယ္။ အိျႏၵာေက်ာ္ဇင္ကေတာ့၂၀၀၄ ခုႏွစ္မွာ “မ်က္ႏွာမ်ားတဲ့ မိုးေကာင္းကင္”၊ ၂၀၁၇ခုႏွစ္မွာ “ရင္ဘက္ထဲကဓား” တို႔နဲ႔ အေကာင္းဆုံးအမ်ိဳးသမီးဇာတ္ေဆာင္ဆုေတြကို ပိုင္ဆိုင္ႏိုင္ခဲ့သူပါ။ cele yatkwat

Unicode

ပြေတီဦး က ဇနီးဖြစ်သူက ရုပ်ရှင် ရိုက်နေလို့ အိမ်မှာ ကလေးထိန်းနေရတယ် လို့ ပြောပါတယ်။ ကလေးတွေကလည်း အရမ်းလိမ္မာကြတယ်လို့ ဆိုပါတယ်။ မိဘတွေ အိမ်မှာမရှိလည်း ကျန်ခဲ့တဲ့သူတွေနဲ့ အဆင်ပြေအောင်နေတတ်ကြတဲ့ ငလည်လေးတွေပါတဲ့။ ပြေတီဦး ကတော့ အလုပ်ခဏ အားတုန်းလေး ကလေးတွေကို ထိန်းနေတယ်လို့ဆိုပါတယ်။ ဇနီးချောလေး အိန္ဒြာကျော်ဇင်က ဘာလီကျွန်းမှာ ရုပ်ရှင် သွားရိုက်နေပါတယ်တဲ့။ ကလေး ထိန်းရတာ သူ့အတွက် မခက်ခဲဘူးလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“ မအူဝဲက ဘာလီမှာ ဇာတ်ကား သွားရိုက်တော့ အစ်ကိုက ကလေးထိန်းတာပေါ့။ ပြီးရင် အစ်ကိုလည်း ခရီးထွက်ရဦးမှာ။ ကိုယ်တွေ ခရီးသွားလို့ သားနဲ့သမီး အိမ်မှာကျန်ခဲ့လည်း အဆင်ပြေတယ်။ သူတို့နှစ်ယောက်က ငယ်ငယ်ကတည်းက အဖေနဲ့အမေ ခရီးသွားရင် မသွားပါနဲ့လိုက်ချင်တယ် ဆိုတာမျိုး မရှိဘူး။ အိမ်မှာ အဘွားတွေ၊ သူ့အဒေါ်တွေ၊ မောင်နှမ ဝမ်းကွဲတွေ ကျန်ခဲ့တာဆိုတော့ သူတို့ကို တည့်အောင်ပေါင်းတာ” လို့ သူက ဆိုပါတယ်။ အဲဒီနောက် သမီးကြီး ပြေသုဒ္ဒါရဲ့ အကြောင်းကိုလည်း ဖေဖေ ပြေတီဦးက ပြောပြလာပါသေးတယ်။ အရမ်းကို အနေအေးချမ်းတဲ့ ကလေးတစ်ယောက်ဖြစ်တယ်လို့လည်း ချီးကျူးစကား ဆိုထားပါသေးတယ်။

“ သမီးကြီးက သူ့ရဲ့ သဘာဝ ကိုက အေးအေးပဲ နေတတ်တာ။ သူ့ကို တစ်ခုခုမေးပြီဆိုရင်တောင် သူက ပြန်ဖြေချင်မှ ပြန်ဖြေတာ။ ပန်းချီလေးတွေ ဆွဲတယ်။ ကိုယ်ပိုင် အိုင်ဒီယာနဲ့ ဖန်တီးရတာတွေကို သူက စိတ်ဝင်စားတယ်။ သူကတော့ အငြိမ်ဇယား သူ့ဘာသာသူနေတာများတယ်။ တစ်ခါတလေ You Tube မှာ လက်ကောက်လုပ်တာ၊ တခြား ဒီဇိုင်းလေးတွေ လုပ်တာကို သူ အမြဲကြည့်ပြီးတော့ လိုက်လုပ်တယ်” သားငယ်လေး ပြေဓီရ ကတော့ အရမ်းအဆော့သန်တဲ့သူပါလို့ ပြေတီဦးက ပြောပါတယ်။ လူကလည်း အရမ်းထွားလာပြီဖြစ်လို့ သူနဲ့ ဖိုက်တင်ချတိုင်းဆော့ရင် အရမ်းနာတယ်လို့ ပြေတီဦးက ဖေဖော်ဝါရီလ ၅ ရက်နေ့က “ရွှေမင်းသမီး”ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။

“ သားသားက ကျတော့ ဟိုပြေးလိုက်၊ ဒီကပ်လိုက်နဲ့ သူက အဖေကို အရမ်းကပ်တယ်။ ညဘက်တွေဆို ဖေဖေ ချမယ် ဆိုတာချည်းပဲ။ သူ့ အမေက ကျတော့ သူနဲ့မဆော့နိုင်ဘူးလေ။ ဖိုးဓီက နည်းနည်း လူကောင်ကြီးလာပြီဆိုတော့ သူထိုးရင်နာတယ်။ အစ်ကိုက ယောက်ျားလေးဆိုတော့ သူထိုးမယ့်နေရာကို ကိုယ်က တောင့်ထားရတယ်လေ။ သူ့အမေကို ထိုးတော့ .. ဖိုးဓီ နာတယ်ဆိုပြီး အော်နေရရော။ ဖိုးဓီကလည်း မထင်ရင် မထင်သလို ခန္ဓာကိုယ်ပေါ်တွေတက်ပြီး စုံ ခုန်ပစ်တာဆိုတော့ နာတာပေါ့” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

အိန္ဒြာကျော်ဇင် ကတော့ အခုလက်ရှိ ဘာလီကျွန်းမှာ “နတ်” ရုပ်ရှင်ဇာတ်ကား သွားရောက်ရိုက်ကူးနေတာ ဖြစ်ပါတယ်။ ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင်တို့ဟာ အခုဆိုရင်တော့ သုဒ္ဒါ ရုပ်ရှင်ထုတ်လုပ်ရေးကိုလည်း တည်ထောင်ထားပြီဖြစ်ပါတယ်။ ပြေတီဦး ကတော့၂၀၁၀ ခုနှစ် မှာ ”အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ၊ ၂၀၁၂ ခုနှစ်မှာ “လက်ပံ”၊ ၂၀၁၃ ခုနှစ်မှာ ”နင်စေရင်”၊ ၂၀၁၄ ခုနှစ်” မှာ နှလုံးသားဖြင့်ပြုလုပ်သည်” စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့သူ တစ်ဦးဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်ကတော့၂၀၀၄ ခုနှစ်မှာ “မျက်နှာများတဲ့ မိုးကောင်းကင်”၊ ၂၀၁၇ခုနှစ်မှာ “ရင်ဘက်ထဲကဓား” တို့နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့သူပါ။ cele yatkwat

Add a Comment

Your email address will not be published. Required fields are marked *