ဖုန္းေဘလ္ခုိးေနတဲ့ တယ္လီဖုန္းေအာ္ပေရတာ ကုမၸဏီေတြကုိ လႊတ္ေတာ္ကတရားစြဲေတာ့မည္

ဖုန္း အသံုးျပဳသူမ်ား ၏ သေဘာတူခြင့္ျပဳခ်က္ မရွိဘဲ ေငြျဖတ္ေတာက္မႈမ်ား အတြက္ အမ်ိဳးသားလႊတ္ေတာ္ ၏ ေဆာက္လုပ္ေရး ၊ စက္မႈ ၊ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဆိုင္ရာ ေရးရာေကာ္မတီက တစ္ဆင့္ တရားစြဲဆိုရန္ လုပ္ေဆာင္သြားမည္ ဟု မႏၱေလးတိုင္းေဒသႀကီး အမ်ဳိးသားလႊတ္ေတာ္ ကိုယ္စာလွယ္ ဦးထြန္းထြန္းဦး က ေျပာသည္ ။

ဦးထြန္းထြန္းဦး (မႏၱေလးတိုင္းေဒသႀကီး မဲဆႏၵနယ္ အမွတ္(၂) အမ်ိဳးသား လႊတ္ေတာ္ကိုယ္စားလွယ္)

အမ်ိဳးသားလႊတ္ေတာ္ ရဲ႕ ဆက္သြယ္ေရး ေကာ္မတီနဲ႔ ညိႈႏႈိင္းၿပီးေတာ့ ဒါတရားစြဲဖို႔ထိ လုပ္ေနတယ္။ လုိအပ္ရင္ အဲ့ဒီကုမၸဏီေတြကို အမည္ပ်က္စာရင္းသြင္းတာမ်ိဳး ဆက္သြယ္ေရး ဥပေဒ တကယ္တမ္းဆက္သြယ္ေရး ဥပေဒအရ ဦးတို႔နားလည္ တာကေတာ့ ဆက္သြယ္ေရး ဥပေဒ ဒီကြန္ယက္တစ္ခုကို အသုံးျပဳၿပီးေတာ့ ျပည္သူကိုလိမ္လည္တယ္ လွည့္ဖ်ားတယ္။ ညာယူတယ္ဆုိရင္ ဒါကသူခိုးပဲ အဲ့တာ အဒိႏၷာဒါနကံေျမာက္တယ္။ ဒီလူကိုေထာင္ခ်လို႔ေတာင္ရတယ္။ အဲ့ေတာ့ ဒီကုမၼဏီႀကီးေတြကို ၾကည့္ေနစရာမလိုဘူး ျပည္သူဘက္ကရပ္တည္ၿပီး တရားစြဲဖို႕ စီစဥ္ေနပါတယ္။

ဦးထြန္းထြန္းဦး (မႏၱေလးတိုင္းေဒသႀကီး မဲဆႏၵနယ္ အမွတ္(၂) အမ်ိဳးသား လႊတ္ေတာ္ကိုယ္စားလွယ္)

Unicode

ဖုန်း အသုံးပြုသူများ ၏ သဘောတူခွင့်ပြုချက် မရှိဘဲ ငွေဖြတ်တောက်မှုများ အတွက် အမျိုးသားလွှတ်တော် ၏ ဆောက်လုပ်ရေး ၊ စက်မှု ၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ ရေးရာကော်မတီက တစ်ဆင့် တရားစွဲဆိုရန် လုပ်ဆောင်သွားမည် ဟု မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စာလှယ် ဦးထွန်းထွန်းဦး က ပြောသည် ။

အမျိုးသားလွှတ်တော် ရဲ့ ဆက်သွယ်ရေး ကော်မတီနဲ့ ညှိုနှိုင်းပြီးတော့ ဒါတရားစွဲဖို့ထိ လုပ်နေတယ်။ လိုအပ်ရင် အဲ့ဒီကုမ္ပဏီတွေကို အမည်ပျက်စာရင်းသွင်းတာမျိုး ဆက်သွယ်ရေး ဥပဒေ တကယ်တမ်းဆက်သွယ်ရေး ဥပဒေအရ ဦးတို့နားလည် တာကတော့ ဆက်သွယ်ရေး ဥပဒေ ဒီကွန်ယက်တစ်ခုကို အသုံးပြုပြီးတော့ ပြည်သူကိုလိမ်လည်တယ် လှည့်ဖျားတယ်။ ညာယူတယ်ဆိုရင် ဒါကသူခိုးပဲ အဲ့တာ အဒိန္နာဒါနကံမြောက်တယ်။ ဒီလူကိုထောင်ချလို့တောင်ရတယ်။ အဲ့တော့ ဒီကုမ္မဏီကြီးတွေကို ကြည့်နေစရာမလိုဘူး ပြည်သူဘက်ကရပ်တည်ပြီး တရားစွဲဖို့ စီစဉ်နေပါတယ်။

ဦးထွန်းထွန်းဦး (မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂) အမျိုးသား လွှတ်တော်ကိုယ်စားလှယ်)

Add a Comment

Your email address will not be published. Required fields are marked *