ပိတ္ဆို႕မႈျပဳလုပ္ေသာ ၿမိဳ႕အေရ အတြက္ တိုးလာေသာ္လည္း ဗိုင္းရပ္ကူးစက္မႈ ထိန္းခ်ဳပ္ရန္ ခက္ခဲေနတဲ႔ တရုတ္

တရုတ္ႏုိင္ငံ မွာ ျဖစ္ပြားေနတဲ့ ကုိရုိနာ ဗုိင္းရပ္စ္ ေရာဂါေၾကာင့္ ေသဆုံးသူ ( ၆၃၆ ) ဦး ရွိလာေၾကာင္း အတည္ျပဳခဲ့ကာ ပုိးကူးစက္လူနာ ( ၃၀၀၀၀ ) ေက်ာ္ခဲ့ၿပီ လုိ ့ အစုိးရက ယေန႕ ေသာၾကာေန ့( ေဖေဖာ္၀ါရီ ၇ ) မွာ ထုတ္ျပန္ ပါ တယ္ ။

ဗုိင္းရပ္စ္ စတင္ကူးစက္ျဖစ္ပြားရာ ျပည္နယ္မွာ ( ၇၃ ) ဦး ထပ္မံေသဆုံးခဲ့တာျဖစ္ေၾကာင္း ေရာဂါျဖစ္စဥ္ နဲ႕ ပတ္သက္ၿပီး ေန ့စဥ္ သတင္းထုတ္ျပန္ေပးေန တဲ့ အမ်ဳိးသားက်န္းမာေရး ေကာ္မရွင္ က ေျပာဆုိ ပါတယ္ ။ ဒါ့အျပင္ ပုိးကူးစက္ လူနာ ေနာက္ထပ္ (၃၁၄၃) ဦး ေတြ႕ခဲ့ေၾကာင္း အတည္ျပဳခဲ့တာေၾကာင့္ ႏုိင္ငံတ၀န္း စုစုေပါင္း ပုိးေတြ႕ လူနာ ( ၃၁၁၆၁ ) ဦး ရွိလာခဲ့ ပါတယ္။

ဗိုင္းရပ္စ္ ကူးစက္မႈ ထိန္းခ်ဳပ္ဖို႕ခဲခဲေနတဲ႔ တရုတ္

လူဦးေရ သန္းမ်ားစြာကုိ ေနအိမ္ျပင္ပမထြက္ဖုိ ့ အမိန္ ့ေပးကာ အဆက္အသြယ္ျဖတ္ ပိတ္ဆုိ ့မႈေတြ လုပ္ထားတဲ့ ၿမိဳ႕အေရအတြက္ ထပ္တုိးလာေသာ္ျငား တရုတ္ အာဏာပုိင္ေတြဟာ ေရာဂါပုိးကူးစက္ပ်ံ႕ႏွံ႕မႈကုိ ထိန္းခ်ဳပ္ႏုိင္ဖုိ ့ ရုန္းကန္ေနရဆဲျဖစ္ပါတယ္။ ကူစက္ခံရသည္ လူနာဦးေရ လွိမ့္တက္လာမႈနဲ႕အတူ ေဒသတ၀န္းက ေဆးရုံေတြ ဟာ ကုသေရးပုိင္းအတြက္ ခက္ခက္ခဲခဲ ႀကဳိးစားေနရပါတယ္။

ႏုိင္ငံအလယ္ပုိင္း ဟူေပျပည္နယ္ ၀ူဟန္ၿမိဳ႕မွာ ဒီဇင္ဘာလအတြင္း စတင္ကူးစက္ျဖစ္ပြားခဲ့တဲ့ ယင္း ဗုိင္းရပ္စ္ေရာဂါဟာ အခုဆုိရင္ တရုတ္ႏုိင္ငံ အျခားေဒသမ်ားစြာနဲ႕ ႏုိင္ငံေပါင္း ၂ ဒါဇင္ေက်ာ္ကုိ ပ်ံ႕ႏွံ႔ ကူးစက္ေနခဲ့ၿပီျဖစ္ၿပီး ကမာၻ႕က်န္းမာေရးအဖြဲ႕က ကမာၻလုံးဆုိင္ရာ အေရးေပၚအေျခအေနအျဖစ္ ေၾကညာထား ခဲ့ရပါၿပီ။

ဗိုင္းရပ္စ္ ကူးစက္မႈ ထိန္းခ်ဳပ္ဖို႕ခဲခဲေနတဲ႔ တရုတ္

ဗုိင္းရပ္စ္ကူးစက္လူနာေတြနဲ႕ ထိေတြ႕ဆက္ဆံခဲ့တဲ့ သံသယရွိေစာင့္ၾကည့္ရသူ ၂၆၀၀၀ ေက်ာ္ရွိေနၿပီး တရုတ္ႏုိင္ငံမွာ ေရာဂါပုိး ကူးစက္ခံရသူ အေရအတြက္ဟာ သိသိသာသာ တုိးလာႏုိင္ေျခ ရွိေနေသးတယ္ လုိ ့က်န္းမာေရးေကာ္မရွင္က ေျပာဆုိခဲ့ပါတယ္။

ဗိုင္းရပ္စ္ ကူးစက္မႈ ထိန္းခ်ဳပ္ဖို႕ခဲခဲေနတဲ႔ တရုတ္

ျမန္မာႏိုင္ငံတြင္မူ ယမန္ေန႔က တရုတ္ျပည္ Shandong Province အတြင္းရွိ Weihai ၿမိဳ႕မွ ျမန္မာႏိုင္ငံသို႔ ဇန္န၀ါရီလ ၂၉ ရက္ေန႔က ေရာက္ရွိလာေသာ အသက္ ၂၈ ႏွစ္အရြယ္ အမ်ဳိးသားတစ္ဦးတြင္ ကိုယ္အပူခ်ိန္ျမင့္မားျခင္းႏွင့္ လည္ေခ်ာင္းနာျခင္း လကၡဏာမ်ား စတင္ျဖစ္ပြားခဲ့သျဖင့္ ေဖေဖာ္၀ါရီလ ၆ ရက္ေန႔ ပုဂၢလိကေဆး႐ုံတစ္ခုသို႔ သြားေရာက္ျပသခဲ့ရာ ၄င္းေဆး႐ုံမွ ေဝဘာဂီ အထူးကုေဆး႐ုံသို႔ ၫြန္းပို႔လႊဲေျပာင္းကုသခဲ့ၿပီး ေစာင့္ၾကည့္ေနေၾကာင္း၊ ျမန္မာတစ္ႏိုင္ငံလုံး၌ သံသယလူ ၂ ဦး အပါအ၀င္ လူနာ ၇ ဦးရွိေၾကာင္း အစုိးရက တရား၀င္ ထုတ္ျပန္ေၾကညာသည္။

Unicode

တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါကြောင့် သေဆုံးသူ (၆၃၆) ဦးရှိလာကြောင်း အတည်ပြုခဲ့ကာ ပိုးကူးစက်လူနာ (၃၀၀၀၀) ကျော်ခဲ့ပြီလို့ အစိုးရက ယနေ့ သောကြာနေ့(ဖေဖော်ဝါရီ ၇) မှာ ထုတ်ပြန် ပါ တယ် ။

ဗိုင်းရပ်စ် စတင်ကူးစက်ဖြစ်ပွားရာ ပြည်နယ်မှာ (၇၃) ဦး ထပ်မံသေဆုံးခဲ့တာဖြစ်ကြောင်း ရောဂါဖြစ်စဉ်နဲ့ ပတ်သက်ပြီး နေ့စဉ် သတင်းထုတ်ပြန်ပေးနေ တဲ့ အမျိုးသားကျန်းမာရေး ကော်မရှင် က ပြောဆို ပါတယ် ။ ဒါ့အပြင် ပိုးကူးစက် လူနာ နောက်ထပ် (၃၁၄၃) ဦး တွေ့ခဲ့ကြောင်း အတည်ပြုခဲ့တာကြောင့် နိုင်ငံတဝန်း စုစုပေါင်း ပိုးတွေ့လူနာ (၃၁၁၆၁) ဦး ရှိလာခဲ့ပါတယ်။

လူဦးရေ သန်းများစွာကို နေအိမ်ပြင်ပမထွက်ဖို့ အမိန့်ပေးကာ အဆက်အသွယ်ဖြတ် ပိတ်ဆို့မှုတွေ လုပ်ထားတဲ့ မြို့အရေအတွက် ထပ်တိုးလာသော်ငြား တရုတ် အာဏာပိုင်တွေဟာ ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ ကူစက်ခံရသည် လူနာဦးရေ လှိမ့်တက်လာမှုနဲ့အတူ ဒေသတဝန်းက ဆေးရုံတွေ ဟာ ကုသရေးပိုင်းအတွက် ခက်ခက်ခဲခဲ ကြိုးစားနေရပါတယ်။

နိုင်ငံအလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန်မြို့မှာ ဒီဇင်ဘာလအတွင်း စတင်ကူးစက်ဖြစ်ပွားခဲ့တဲ့ ယင်း ဗိုင်းရပ်စ်ရောဂါဟာ အခုဆိုရင် တရုတ်နိုင်ငံ အခြားဒေသများစွာနဲ့ နိုင်ငံပေါင်း ၂ ဒါဇင်ကျော်ကို ပျံ့နှံ့ ကူးစက်နေခဲ့ပြီဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကြေညာထား ခဲ့ရပါပြီ။

ဗိုင်းရပ်စ်ကူးစက်လူနာတွေနဲ့ ထိတွေ့ဆက်ဆံခဲ့တဲ့ သံသယရှိစောင့်ကြည့်ရသူ ၂၆၀၀၀ ကျော်ရှိနေပြီး တရုတ်နိုင်ငံမှာ ရောဂါပိုး ကူးစက်ခံရသူ အရေအတွက်ဟာ သိသိသာသာ တိုးလာနိုင်ခြေ ရှိနေသေးတယ် လို့ကျန်းမာရေးကော်မရှင်က ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်မူ ယမန်နေ့က တရုတ်ပြည် Shandong Province အတွင်းရှိ Weihai မြို့မှ မြန်မာနိုင်ငံသို့ ဇန်နဝါရီလ ၂၉ ရက်နေ့က ရောက်ရှိလာသော အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးတွင် ကိုယ်အပူချိန်မြင့်မားခြင်းနှင့် လည်ချောင်းနာခြင်း လက္ခဏာများ စတင်ဖြစ်ပွားခဲ့သဖြင့် ဖေဖော်ဝါရီလ ၆ ရက်နေ့ ပုဂ္ဂလိကဆေးရုံတစ်ခုသို့ သွားရောက်ပြသခဲ့ရာ ၎င်းဆေးရုံမှ ဝေဘာဂီ အထူးကုဆေးရုံသို့ ညွန်းပို့လွှဲပြောင်းကုသခဲ့ပြီး စောင့်ကြည့်နေကြောင်း၊ မြန်မာတစ်နိုင်ငံလုံး၌ သံသယလူ ၂ ဦး အပါအဝင် လူနာ ၇ ဦးရှိကြောင်း အစိုးရက တရားဝင် ထုတ်ပြန်ကြေညာသည်။

Add a Comment

Your email address will not be published. Required fields are marked *