Pre Wedding ပုံ လှလှလေးတွေ ရိုက်ကူးနေကြပြီဖြစ်တဲ့ နေဝင်း နဲ့ အိမ့်ချစ်ချော
Pre Wedding ပုံ လှလှလေးတွေ ရိုက်ကူးနေကြပြီဖြစ်တဲ့ နေဝင်း နဲ့ အိမ့်ချစ်ချော
Pre Wedding ပုံ လှလှလေးတွေ ရိုက်ကူးနေကြပြီဖြစ်တဲ့ နေဝင်း နဲ့ အိမ့်ချစ်ချော
Pre Wedding ပုံ လှလှလေးတွေ ရိုက်ကူးနေကြပြီဖြစ်တဲ့ နေဝင်း နဲ့ အိမ့်ချစ်ချော
Pre Wedding ပုံ လှလှလေးတွေ ရိုက်ကူးနေကြပြီဖြစ်တဲ့ နေဝင်း နဲ့ အိမ့်ချစ်ချော
Pre Wedding ပုံ လှလှလေးတွေ ရိုက်ကူးနေကြပြီဖြစ်တဲ့ နေဝင်း နဲ့ အိမ့်ချစ်ချော
Pre Wedding ပုံ လှလှလေးတွေ ရိုက်ကူးနေကြပြီဖြစ်တဲ့ နေဝင်း နဲ့ အိမ့်ချစ်ချော
Pre Wedding ပုံ လှလှလေးတွေ ရိုက်ကူးနေကြပြီဖြစ်တဲ့ နေဝင်း နဲ့ အိမ့်ချစ်ချော
Pre Wedding ပုံ လှလှလေးတွေ ရိုက်ကူးနေကြပြီဖြစ်တဲ့ နေဝင်း နဲ့ အိမ့်ချစ်ချော
Unicode
အဆိုတော် နေဝင်း နဲ့ Travel Blogger မလေး အိမ့်ချစ်ချော တို့ကတော့ ယနေ့ မှာ Pre Wedding ပုံလေးတွေ ရိုက်ကူးနေကြပြီဖြစ်ပါတယ်။ နေဝင်းတို့ ချစ်သူစုံတွဲလို့ ဆိုလိုက်တာနဲ့ လူငယ်ပရိသတ်တွေကြားမှာ အားကျမှုအပြည့်နဲ့ ပြည့်စုံနေကြတဲ့ အတွဲပါ။ ချစ်သူသက်တမ်း (၁၀) နှစ်ကျော်ကြာသည်အထိ ခိုင်မြဲစွာနဲ့ တွဲလက်တွေ တွဲလာခဲ့ကြသူတွေပါ။ ချစ်သူကောင်မလေးရဲ့ Travel Blogger မှာ Personal Photographer အဖြစ် ချစ်သူကို ဓာတ်ပုံလှလှလေးတွေ အမြဲရိုက်ပေးလေ့ရှိသူလည်းဖြစ်ပါတယ်။
နှစ်ရှည်လများ လက်တွဲလာနိုင်ခဲ့တဲ့ သူတို့အတွဲကတော့ ပရိသတ်တွေကြားမှာ စံပြအတွဲလို့တောင် မှတ်ယူရမှာပါ။ ကလေးဆန်ဆန် ချစ်ဖို့ကောင်းတဲ့ ချစ်သူကို နေဝင်းက နှစ်သစ်ကူးညက ရှိုးပွဲတစ်ခုမှာ ပရိသတ်တွေရှေ့ လက်ထပ်ခွင့်တောင်းဆိုခဲ့တာဖြစ်ပါတယ်။ လူအများကြား စင်ပေါ်မှာ လက်ထပ်ခွင့်တောင်းခဲ့တာကြောင့် နေဝင်းတို့စုံတွဲရဲ့ ရိုဆန်မှုတွေက လူငယ်ပရိသတ်တွေကြား တိုးလို့အားကျစရာကောင်းလာခဲ့ပါတယ်။
ဧပြီလလောက်မှာ မင်္ဂလာပွဲကျင်းပဖို့စီစဉ်ထားတဲ့ နေဝင်းတို့ ချစ်သူစုံတွဲက ယနေ့မှာတော့ Pre Wedding ပုံလှလှလေးတွေကို ရိုက်ကူးနေကြပြီဖြစ်ပါတယ်။ Pre Wedding ကိုတော့ Studio A မှာ ရိုက်ကူးနေတာဖြစ်ပြီး သူမရဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ Pre Wedding အတွေ့အကြုံ ပုံရိပ်လေးတွေကို အိမ့်ချစ်ချောက မျှဝေထားပါတယ်။ သိပ်မကြာခင်မှာ အိမ့်ချစ်ချောနဲ့ နေဝင်းတို့ရဲ့ မင်္ဂလာအကြို ဓာတ်ပုံလှလှလေးတွေကို မြင်တွေ့ရတော့မှာဖြစ်ပါတယ်နော် ပရိသတ်ကြီးရေ။ Cele Star
Add a Comment
Your email address will not be published. Required fields are marked *