GOODBYE သီချင်းဗီဒီယို နောက်ပိုင်းသူမရဲ့ ပြောင်းလဲသွားတဲ့အရာလေးတွေကို ချပြလိုက်တဲ့ မေ
GOODBYE သီချင်းဗီဒီယို နောက်ပိုင်းသူမရဲ့ ပြောင်းလဲသွားတဲ့အရာလေးတွေကို ချပြလိုက်တဲ့ မေ
GOODBYE သီချင်းဗီဒီယို နောက်ပိုင်းသူမရဲ့ ပြောင်းလဲသွားတဲ့အရာလေးတွေကို ချပြလိုက်တဲ့ မေ
GOODBYE သီချင်းဗီဒီယို နောက်ပိုင်းသူမရဲ့ ပြောင်းလဲသွားတဲ့အရာလေးတွေကို ချပြလိုက်တဲ့ မေ
GOODBYE သီချင်းဗီဒီယို နောက်ပိုင်းသူမရဲ့ ပြောင်းလဲသွားတဲ့အရာလေးတွေကို ချပြလိုက်တဲ့ မေ
GOODBYE သီချင်းဗီဒီယို နောက်ပိုင်းသူမရဲ့ ပြောင်းလဲသွားတဲ့အရာလေးတွေကို ချပြလိုက်တဲ့ မေ
GOODBYE သီချင်းဗီဒီယို နောက်ပိုင်းသူမရဲ့ ပြောင်းလဲသွားတဲ့အရာလေးတွေကို ချပြလိုက်တဲ့ မေ
Unicode
မေ ကတော့ သူမရဲ့ သီချင်းအသစ်ဖြစ်တဲ့ “Goodbye” သီချင်း Music ဗီဒီယိုလေးကို ဇန်နဝါရီ(၃၀)ရက်နေ့ မှာ အွန်လိုင်းပေါ် စတင်ခဲ့တာဖြစ်ပြီး မိနစ်ပိုင်း အတွင်းမှာပဲ ကြည့်ရှု့သူသန်းချီသွားခဲ့တာပါ..။ “Goodbye သီချင်းရဲ့ အဓိပ္ပာယ်လေးကတော့ စိတ်ဓာတ်ကျနေတဲ့သူ တစ်ယောက်ရဲ့ ရင်ဖွင့်ခံစားချက်တွေကို သီကုံးရေးစပ်ထားတာပဲ ဖြစ်ပါတယ်။ အထီးကျန်နေတဲ့ သူတွေရင်ထဲ ထိစေတဲ့ သီချင်းလေးလို့ ဆိုရမှာပါ။ သီချင်းစာသားတွေအပြင် Music ဗီဒီယိုလေးကြောင့်လည်း ပရိသတ်တွေကို ဟင်ခနဲဟာခနဲဖြစ်စေခဲ့ တာပဲဖြစ်ပါတယ်..။
မေကတော့ အဲ့အချိန်က သူမခံစားနေရတဲ့ ခံစားချက်လေးတွေကြောင့် “Goodbye” သီချင်းလေးကို ပုံဖော်ဖြစ်သွားခဲ့တာ ပါလို့ပြောလာခဲ့ပါတယ်..။ ဗီဒီယိုလေးကို (၂၀၁၉)ခုနှစ် မေလ မှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ရိုက်ကူးပြီးနောက်ပိုင်း ပြောင်းလဲသွားတဲ့ သူမရဲ့ ကတုံးဖက်ရှင် ပုံရိပ်လေးတွေကို ဖေဖော်ဝါရီလ(၅)ရက်နေ့မှာ “Shameless selfie” လေးတွေ နဲနဲပြန်ပြပါရစေ..။ “Goodbye” ရိုက်ပြီးနောက် ပုံလေးတစ်ချို့ပါ.. “video တစ်ခုလုံးတောင် ဂတုံးနဲ့ ရိုက်ပြီးပြီပဲ ဂတုံး fashion တွေ ရိုက်မနေတော့ပါဘူးဆိုပြီး” စိတ်ဓာတ်ကျကျနဲ့ နေခဲ့လို့ ပုံကောင်းကောင်း မရှိပါဘူး.. ဒါလေးပဲ သည်းခံပြီးကြည့်ကြလော့.. မနှစ်က ၅ လပိုင်းမှ စသည့်ပုံလေးတွေပါ..” ဆိုပြီး လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။
Music ဗီဒီယိုလေး ရိုက်ကူးပြီးတဲ့နောက်မှာ မေကတော့ မယ်သီလရှင် ဝတ်ခဲ့တာဖြစ်ပြီး မယ်သီလရှင် ပုံရိပ်လေးတွေရယ် ၊ လူထွက်ပြီးနောက် ခပ်မိုက်မိုက် ပုံလေးတွေကို တင်လာတာပဲဖြစ်ပါတယ်..။ ပရိသတ်ကြီး အတွက် ကတုံးမလေး မေရဲ့ ခပ်မိုက်မိုက် ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။ Source:May’s Facebook
Add a Comment
Your email address will not be published. Required fields are marked *