(၆.၂.၂၀၂၀ မှ ၁၂.၂.၂၀၂၀) အထိ (၇) ရက်သားသမီးများအတွက် တစ်ပတ်စာ သင့်ကံကြမ္မာ
Posted on
တနင်္လာ သားသမီးများ
အင်္ဂါ သားသမီးများ
ဗုဒ္ဓဟူး သားသမီးများ
ကြာသပတေး သားသမီးများ
သောကြာ သားသမီးများ
စနေ သားသမီးများ
ဒေါက်တာလင်းမြတ်သူ
Unicode
တနင်္ဂနွေ သားသမီးများ
အထက် လူကြီးများနှင့် ပြောဆိုဆက်ဆံရာတွင် အထူးသတိထား၍ ဂရုတစိုက် ပြုမူဆောင်ရွက်သင့်ပါသည်။ ပြဿနာတစ်ခုခုပေါ်ခဲ့ပါလျှင် နားလည်မှုဖြင့် ရယူဖြေရှင်းပါ။ စိတ်လှုပ်ရှားစရာကိစ္စများစွာ ရင်ဆိုင်ကြုံတွေ့ရစေတတ်ပါသည်။ အလုပ် တာဝန်ပိနေခြင်းမျိုး ခံစားရပါလိမ့်မည်။ မိမိအပေါ်တွင် ရန်ပြုလိုသူ အတိုက်အခံပြုလိုသူ များ ရှိနေပါလိမ့်မည်။ ဆွေမျိုး၊ မိတ်ဆွေတို့နှင့် အဆက်အသွယ်ပြတ်လျက် အထီးကျန်စွာ ဖြစ်ပေါ်ခံစားရပါလိမ့်မည်။ အိမ်ထောင်ဖက်၏ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်များ နစ်နာမှုဖြစ်စေရ တတ်ပါသည်။ အချစ်ရေးတွင် မိမိနှင့်ချစ်သူတို့၏ ဆုံခဲ့ရသောမှတ်စုသည်၊ ပုံမဲ့စွာသော ဒြပ်ထုအဖြစ် သက်သေပြစရာမရှိ မျက်ရည်ကျစရာအတိဖြင့် ဝမ်းနည်းပက်လက် လမ်းခွဲရ ရက်စက် ပြုမူခံရစေခြင်းမျိုး ကြုံရစေတတ်ပါသည်။ အယုံမလွယ်မိပါစေနှင့်။
ယတြာ။ ။ နေမကောင်း မကျန်းမာသူတစ်ဦးအား ဆေးဝါးအလှူဒါနပြုပေးပါ။
တနင်္လာ သားသမီးများ
အရာရာတွင် စိတ်သဘောဖြူစင်စွာဖြင့် ပြုမူပြောဆိုတတ်သော ထူးခြား သည့်ပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုခံရပါလိမ့်မည်။ မိမိအပေါ်တွင် နည်းမမှန် သော ဆက်ဆံမှုများရှိနေတတ်သော်လည်း သည်းခံမှုဖြင့်သာ တုံ့ပြန်မှုပြုပေးနေမိပါလိမ့် မည်။ ပစ္စည်းဥစ္စာများစွာဖြင့် ဖြစ်ထွန်းကြီးပွားမှု ခံစားရပါလိမ့်မည်။ သားသမီးတို့၏ အ လိုက်သိတတ်မှုအတွက် စိတ်ကျေနပ်ပျော်ရွှင်မှု ကြုံရပါလိမ့်မည်။ အစားအသောက်လော ဘကြီးစွာ စားသောက်မိ၍ ကျန်းမာရေးထိခိုက်မှု ဖြစ်စေတတ်ပါသည်။ လူမျိုးခြားများနှင့် ပူးတွဲလုပ်ကိုင်မှုမှ အကျိုးအမြတ်ရရှိစေတတ်ပါသည်။ အချစ်ရေးတွင် ချစ်သူအပေါ်၌ အဖြေလွယ်ရာ စိတ်ချမိ၍ မပြေလည်စရာကိစ္စ ရှိခဲ့သည်ဆိုပါလျှင် ကြုံမိရာစား၍ ယုံမိ တာမှားလေခြင်းဟူ၍ နောင်တရစရာ ဖြစ်နေရပါလိမ့်မည်။
ယတြာ ။ ။ နေအိမ်အတွင်း ဘုရားကျောင်းဆောင်အား သန့်ရှင်းရေးဆောင်ရွက်ပေးပါ။
အင်္ဂါ သားသမီးများ
စီးပွားရေးကိစ္စဟူသမျှတို့၌ လုံ့လနုဿဟ လွန်စွာထားပြီး လုပ်ကိုင်ဆောင် ရွက်တတ်မှုကြောင့် ထင်ပေါ်မှုဖြစ်စေတတ်ပါသည်။ သားသမီးများထံမှ ထောက်ပံ့မှုများစွာ ရရှိခံစားရပါလိမ့်မည်။ ပညာရေးကိစ္စများတွင် ကံကောင်းပါလိမ့်မည်။ အရည်အချင်းပြည့် အောင်မြင်မှုရရှိစေတတ်ပါသည်။ အမွေအနှစ်ခံစားခွင့် ကြုံရပါလိမ့် မည်။ နိုင်ငံခြားခရီးစဉ်များ အောင်မြင်ပါမည်။ အဆင့်မြင့်ပညာရပ်များ ဆည်းပူးခွင့်ကြုံရပါ လိမ့်မည်။ အိမ်ထောင်ဖက်၏ အထင်အမြင်သေးခြင်း၊ အားမလိုအားမရဖြစ်နေခြင်းများ ကြုံရပါလိမ့်မည်။ အချစ်ရေး၌ ချစ်သူသည် ကတိပေးလွယ်စွာ ခေါင်းညိတ်တုံ့ပြန်မှုအပေါ် တွင် ယုံကြည်မှုမလွန်မိပါစေနှင့်။ မိမိအတွက် လိုသောအဖြေသည် နဂိုသဘောအခြေအနေမဖြစ်နိုင်ကြောင်း သတိပြုရန်လိုအပ်ပါလိမ့်မည်။
ယတြာ ။ ။ ကလေး (၃)ဦးအား ငုံးဥ နှစ်လုံးစီ လက်ဆောင်ပေးလိုက်ပါ။
ဗုဒ္ဓဟူး သားသမီးများ
အိမ်ခြံမြေဝယ်ယူရန် အကောင်းဆုံးအချိန်ဖြစ်ပါသည်။ လုပ်ငန်းခွင်နှင့် ကိုယ်ရေးကိုယ်တာကိစ္စများတွင် စည်းကမ်းတကျ ဆောင်ရွက်ရန်လိုပါသည်။ အပြောင်းအလဲကိစ္စများရှိခဲ့ပါလျှင် သေချာစွာစဉ်းစားပြီးမှ လုပ်ဆောင်ပါ။ စိတ်ဆန္ဒနှင့် ခံစားချက်ဟူသမျှကို ဦးစားမပေးမိပါစေနှင့်။ ခက်ခဲသောလုပ်ငန်းများကို တစ်ပိုင်းစီ ခွဲခြား၍ ကိုင်တွယ်ဖြေရှင်းပါ။ ပြဿနာအရပ်ရပ်အတွက် နားလည်ကျွမ်းကျင်သူများနှင့် စုပေါင်းတိုင်ပင်ဖြေရှင်းခြင်းသည် အကောင်းဆုံးအခြေအနေဖြစ်စေရပါလိမ့်မည်။ အချစ် ရေးတွင် မိမိအတွက် အနီးအနားတွင် သက်သေမရှိ မျက်ရည်ကတိဖြင့် အလွယ်စကားပြော ၍ ဆွယ်တရားဟော စည်းရုံးတတ်သူမျိုးနှင့် ဆုံဆည်းရစေတတ်ပါသည်။ အယုံမလွယ် လိုက်ပါနှင့်။ နွယ်လိုက်လျှင် သိရရုံဖြင့်ပင် ရှိသမျှကုန်ရစေမည့် ရင်းနှီးမြှုပ်နှံမှုမျိုး ကြုံရ ပါလိမ့်မည်။
ယတြာ ။ ။ နေအိမ်အတွင်းမှ အသုံးမလိုသော စက်ပစ္စည်းတစ်မျိုးကို စွန့်ပစ်လိုက်ပါ။
ကြာသပတေး သားသမီးများ
ယခုကာလအတွင်း ခရီးသွားရန်ရှိခဲ့ပါက အဆင်ပြေစွာ အောင်မြင်မှုဖြစ် စေရပါလိမ့်မည်။ အရှေ့အရပ်၊ မြောက်အရပ်တို့မှ ဝင်ငွေကောင်းများရရှိ ပါလိမ့်မည်။ ဗုဒ္ဓဟူး၊ စနေသားသမီးများနှင့် ပူးတွဲလုပ်ကိုင်ရန်မသင့်ပါ။ တန်ဖိုးကြီးမားသော လက်ဆောင်ပစ္စည်းများ ဝင်လာပါလိမ့်မည်။ အိုးအိမ်အဆောက်အအုံများ ဆောက်လုပ် ရန် အချိန်ကောင်းဖြစ်ပါသည်။ ဆန့်ကျင်ဘက်လိင်များ၏ ပံ့ပိုးကူညီမှု ရနိုင်ပါသော်လည်း မဟုတ်မမှန် စွပ်စွဲပြောဆိုခံရခြင်းများ ကြုံရစေတတ်ပါသည်။ ယာဉ်ကားပိုင်ဆိုင်မှုရရှိစေ တတ်ပါသည်။ အချစ်ရေး၌ နှစ်ဦးနှစ်ဖက်ဖြစ်တည်မှုအပေါ်တွင် လျစ်လျူရှုဆန့်ကျင်မှုပြု ပြီးကာမှ အသွင်တစ်ရပ်အထာ ကျေအေးစွာဖြင့် မထင်မှတ်စွာ အဖြေပေးလက်ခံမှုအား ကျေနပ်ကြည်နူးမှု ဖြစ်ပေါ်နေမိပါလိမ့်မည်။
ယတြာ ။ ။ မိဘနှစ်ပါးအား ခေါက်ဆွဲကြော် ဒါနပြုပေးပါ။
သောကြာ သားသမီးများ
စီးပွားရေးလုပ်ငန်းကိစ္စများအတွက် စိတ်ပင်ပန်းစွာ ဖြစ်ပေါ်ခံစားရတတ် ပါသည်။ ဝင်ငွေကောင်းများ ရရှိနိုင်ပါသော်လည်း ဝင်လာသောငွေများ အဖတ်မတင်ပါဘဲ ပြန်ထွက်စေတတ်ပါသည်။ အမှုအခင်းပြဿနာ ဖြေရှင်းမှုပြုရတတ် ပါသည်။ လှောင်ထားသော ကုန်ပစ္စည်းများမှ အမြတ်အစွန်းများစွာ ရရှိပါလိမ့်မည်။ အ ရှေ့အရပ်၊ မြောက်အရပ်များသို့ ခရီးထွက်ရန်မသင့်ပါ။ ရေနှင့်နီးသောအရပ်၊ ရေလမ်းခရီး များ သွားရန်မသင့်ပါ။ အလှူဒါန ကြီးကျယ်ခမ်းနားစွာ ပြုရပါလိမ့်မည်။ ကတိပေးမလွယ် မိပါစေနှင့်။ အချစ်ရေးတွင် အပျော်နှင့် အမှားမရှိ၊ စိတ်၏ကြည်နူးစရာ ခံစားရသည့်အနေ အထားမှ မျှော်လင့်မထားမိပါသော စိတ်ပျက်စရာအပေါင်းသည် သိပ်ရှက်စရာကောင်း အောင် မိမိအပေါ်တွင် ဖြစ်ပေါ်သက်ရောက်မှု ဖြစ်စေတတ်ပါသဖြင့် သတိပြုပါ။
ယတြာ ။ ။ အကိုက်အခဲပျောက်ဆေးနှစ်မျိုး ဒါနပြုပေးပါ။
စနေ သားသမီးများ
မိမိ၏ဂုဏ်သိက္ခာ မြင့်မားတိုးတက်မှု ဖြစ်စေရပါလိမ့်မည်။ လုံ့လဝီရိယ ထား၍ ကြိုးစားသည်နှင့်အမျှ အောင်မြင်မှုရရှိပါလိမ့်မည်။ ညီအစ်ကို မောင်နှမများ၏ ကူညီမှု ပံ့ပိုးမှုရရှိနိုင်ပါသည်။ စွန့်စွန့်စားစားဖြင့် လုပ်ကိုင်ဆောင်ရွက်မှု များအတွက် အောင်မြင်ပြီးမြောက်မှုဖြစ်စေရပါလိမ့်မည်။ သံတမန်ရေးရာကိစ္စများလည်း အဆင်ပြေစွာ ဆောင်ရွက်မှုပြုနိုင်ပါလိမ့်မည်။ ဖက်စပ်စီးပွားရေးလုပ်ငန်းများတွင် တနင်္ဂ နွေ၊ ကြာသပတေးသားသမီးများနှင့် ပူးတွဲလုပ်ကိုင်ပါ။ လောင်းကစားကိစ္စများနှင့် အကျိုး မပေးပါ။ အချစ်ရေးတွင် အလေးထားစရာအဖြစ် ဘေးနားမှာ မည်မျှပင် ဝိုင်းဝိုင်းလည်စွာရှိ နေခဲ့ပါသော်လည်း ခွဲသွားပါသော ချစ်သူတစ်ဦးအပေါ်တွင် ထပ်တိုးမှန်းဆ၍ မြတ်နိုး တောင့်တမိပါသော စွဲလမ်းစိတ်များသာ ဖြစ်ပေါ်ခံစားနေမိပါလိမ့်မည်။
ယတြာ ။ ။ မွေးနေ့ညနေတွင် ဒိန်ချဉ် တစ်ခွက် ဒါနပြုပေးပါ။
ဒေါက်တာလင်းမြတ်သူ
Leave a Reply
Your email address will not be published. Required fields are marked *