အီဖယ္ေမွ်ာ္စင္ႀကီးေရွ႕မွာ လက္ထပ္ခြင့္ေတာင္းခံရတာကို မွတ္တမ္းတင္ထားတဲ့ အိမ့္ခ်စ္ရဲ႕ ၾကည္ႏူးစရာဗီဒီယိုဖိုင္ေလး

ပရိသတ္ႀကီးေရ မေန႔ည ကေတာ့ အိမ္ခ်စ္က ပရိသတ္ေတြ အကုန္လုံးကို Surprise အႀကီးႀကီးတိုက္ခဲ့ပါတယ္ေနာ္။ တစ္ေယာက္ထဲေတြ႕ျမင္ေနရၿပီး အခ်စ္ေရးနဲ႔ ပတ္သတ္လို႔ ဘာသံမွမၾကားခဲ့ရတာေၾကာင့္ အပ်ိဳႀကီးအျဖစ္အ႐ိုးထုတ္သြားမွာလို႔ ပရိသတ္ေတြရဲ႕ ထင္ေၾကးေပးတာကို ခံထားရတဲ့ အိမ့္ခ်စ္ကေတာ့ သူခ်စ္သူက အီဖယ္ေမွ်ာ္စင္ႀကီးရဲ႕ ေရွ႕မွာ လက္ထပ္ခြင့္ေတာင္းခဲ့ၿပီး လက္ခပ္ခြင့္ကို လက္ခံခဲ့ေၾကာင္း အိမ့္ခ်စ္က သူ႔ရဲ႕လူမႈကြန္ရက္ကေန ေဖာ္ျပလာတာေၾကာင့္ ပရိသတ္ေတြ အေတာ္ေလး အံ့ၾသခဲ့ရပါတယ္။

အီဖယ္ေမွ်ာ္စင္ႀကီးေရွ႕မွာ လက္ထပ္ခြင့္ေတာင္းခံရတာကို မွတ္တမ္းတင္ထားတဲ့ အိမ့္ခ်စ္ရဲ႕ ၾကည္ႏူးစရာဗီဒီယိုဖိုင္ေလး

ပရိသတ္ေတြ ကေတာ့ သူတို႔အားေပးရတဲ့ အိမ့္ခ်စ္ကို စိတ္ပူပင္ၾကတာေၾကာင့္ သူ႔ရဲ႕ခင္ပြန္းေလာင္းနဲ႔ ပတ္သက္ၿပီး ေမးျမန္းေနၾကတာေတြလည္းရွိေနပါေသးတယ္။အိမ့္ခ်စ္ကေတာ့ အခုလိုေမးျမန္းေနတာေတြကို “႐ုပ္တူတယ္ေျပာၾကသလို ျမန္မာလား ငယ္လားေမးၾကလို႔။

အီဖယ္ေမွ်ာ္စင္ႀကီးေရွ႕မွာ လက္ထပ္ခြင့္ေတာင္းခံရတာကို မွတ္တမ္းတင္ထားတဲ့ အိမ့္ခ်စ္ရဲ႕ ၾကည္ႏူးစရာဗီဒီယိုဖိုင္ေလး

႐ုပ္ကေတာ့ ဘာလို႔လာတူလဲမသိပါဘူး။ဗုဒၶဘာသာ ျမန္မာလူမ်ိဳးစစ္စစ္ပါလို႔။ၿပီးေတာ့ သူက (၃)ႏွစ္ႀကီးတာပါ”ဆိုၿပီး ပရိသတ္ေတြေမးျမန္းေနတာကို ေျဖထားေပးပါေသးတယ္။အခုလို အိမ့္ခ်စ္ကိုယ္တိုင္လည္း ခ်စ္သူရဲ႕ လက္ထပ္ခြင့္ေတာင္းခံတာကို မထင္မွတ္ဘဲ ခံလိုက္ရတဲ့ အေၾကာင္းကို “သူကသူ႔အလုပ္ေၾကာင့္ Germany ကိုမၾကာခဏ လာရတတ္တယ္။ သူဒီတစ္ခါသြားရင္လိုက္ခဲ့ပါလား။ အေမေရာေမာင္ေလးေရာနဲ႔ တူတူသြားၾကမယ္။ အသံလဲနာေနၿပီမို႔ခရီးထြက္မွပဲ။အသံလဲအနားရမွာဆိုတာနဲ႔ ထြက္လာခဲ့ၾကတာ”

အီဖယ္ေမွ်ာ္စင္ႀကီးေရွ႕မွာ လက္ထပ္ခြင့္ေတာင္းခံရတာကို မွတ္တမ္းတင္ထားတဲ့ အိမ့္ခ်စ္ရဲ႕ ၾကည္ႏူးစရာဗီဒီယိုဖိုင္ေလး

“ဂ်ာမနီကေနျပင္သစ္လဲ လည္ၾကမယ္ဆိုၿပီးလာၾကတာ ေရာက္ေရာက္ျခင္းမွာပဲ ရထားေပၚအတက္ ဖုန္းလုေျပးခံရတယ္။ဖုန္းကလဲသူ႔ဖုန္းကိုယ္ကကိုင္ထားတာ စိတ္လဲရႈပ္ စိတ္လဲညစ္ ကိုယ့္ေၾကာင့္ျဖစ္တာမို႔အားလဲနာျဖစ္ေနရတာ သူကမျဖစ္ပါနဲ႔ Eiffel Tower ဖက္စိတ္ေျပလက္ေပ်ာက္ လမ္းေလွ်ာက္ၾကမယ္ ဆိုတာနဲ႔သြားၾကတာ Eiffel Tower ေရွ႕ေရာက္ေတာ့ Junior ေလးကို ငါ့ကိုဓာတ္ပုံ႐ိုက္ေပးဆိုၿပီး ႐ိုက္ခိုင္းၿပီး ေနာက္လွည့္ၾကည့္လိုက္ေတာ့ သူက လက္စြပ္ဘူးေလးဖြင့္ၿပီး Propose လုပ္ေတာ့တာပဲ။ အဲ့အခ်ိန္မွာ ထင္မွတ္မထားေတာ့ ရီရမလိုငိုရမလိုခုန္ရမလိုထိုင္ရမလိုထရမလိုနဲ႔။

အီဖယ္ေမွ်ာ္စင္ႀကီးေရွ႕မွာ လက္ထပ္ခြင့္ေတာင္းခံရတာကို မွတ္တမ္းတင္ထားတဲ့ အိမ့္ခ်စ္ရဲ႕ ၾကည္ႏူးစရာဗီဒီယိုဖိုင္ေလး

ဘာေျပာရမလဲမသိ စကားေတြအမ်ားႀကီးေျပာေနမိၿပီး အေပ်ာ္ေတြလြန္ေနတာ”ဆိုၿပီး ကိုယ္တိုင္လည္း မထင္မွတ္ထားေလာက္ေအာင္ ခ်စ္သူရဲ႕ Surprise Propose အလုပ္ခံခဲ့ရတာကို ၾကည္ႏူးစြာနဲ႔ ေျပာျပလာခဲ့တာပဲျဖစ္ပါတယ္။ ပရိသတ္ႀကီးေရ ၾကည္ႏူးဖို႔ေကာင္းလွတဲ့ အိမ့္ခ်စ္တို႔ႏွစ္ေယာက္ရဲ႕ ဗီဒီယိုေလးကို အေပ်ာ္ေတြကူးစက္ရေအာင္ မွ်ေဝေဖာ္ျပေပးလိုက္ပါတယ္။

Unicode

ပရိသတ်ကြီးရေ မနေ့ည ကတော့ အိမ်ချစ်က ပရိသတ်တွေ အကုန်လုံးကို Surprise အကြီးကြီးတိုက်ခဲ့ပါတယ်နော်။ တစ်ယောက်ထဲတွေ့မြင်နေရပြီး အချစ်ရေးနဲ့ ပတ်သတ်လို့ ဘာသံမှမကြားခဲ့ရတာကြောင့် အပျိုကြီးအဖြစ်အရိုးထုတ်သွားမှာလို့ ပရိသတ်တွေရဲ့ ထင်ကြေးပေးတာကို ခံထားရတဲ့ အိမ့်ချစ်ကတော့ သူချစ်သူက အီဖယ်မျှော်စင်ကြီးရဲ့ ရှေ့မှာ လက်ထပ်ခွင့်တောင်းခဲ့ပြီး လက်ခပ်ခွင့်ကို လက်ခံခဲ့ကြောင်း အိမ့်ချစ်က သူ့ရဲ့လူမှုကွန်ရက်ကနေ ဖော်ပြလာတာကြောင့် ပရိသတ်တွေ အတော်လေး အံ့သြခဲ့ရပါတယ်။ ပရိသတ်တွေ ကတော့ သူတို့အားပေးရတဲ့ အိမ့်ချစ်ကို စိတ်ပူပင်ကြတာကြောင့် သူ့ရဲ့ခင်ပွန်းလောင်းနဲ့ ပတ်သက်ပြီး မေးမြန်းနေကြတာတွေလည်းရှိနေပါသေးတယ်။အိမ့်ချစ်ကတော့ အခုလိုမေးမြန်းနေတာတွေကို “ရုပ်တူတယ်ပြောကြသလို မြန်မာလား ငယ်လားမေးကြလို့။

ရုပ်ကတော့ ဘာလို့လာတူလဲမသိပါဘူး။ဗုဒ္ဓဘာသာ မြန်မာလူမျိုးစစ်စစ်ပါလို့။ပြီးတော့ သူက (၃)နှစ်ကြီးတာပါ”ဆိုပြီး ပရိသတ်တွေမေးမြန်းနေတာကို ဖြေထားပေးပါသေးတယ်။အခုလို အိမ့်ချစ်ကိုယ်တိုင်လည်း ချစ်သူရဲ့ လက်ထပ်ခွင့်တောင်းခံတာကို မထင်မှတ်ဘဲ ခံလိုက်ရတဲ့ အကြောင်းကို “သူကသူ့အလုပ်ကြောင့် Germany ကိုမကြာခဏ လာရတတ်တယ်။ သူဒီတစ်ခါသွားရင်လိုက်ခဲ့ပါလား။ အမေရောမောင်လေးရောနဲ့ တူတူသွားကြမယ်။ အသံလဲနာနေပြီမို့ခရီးထွက်မှပဲ။အသံလဲအနားရမှာဆိုတာနဲ့ ထွက်လာခဲ့ကြတာ” “ဂျာမနီကနေပြင်သစ်လဲ လည်ကြမယ်ဆိုပြီးလာကြတာ ရောက်ရောက်ခြင်းမှာပဲ ရထားပေါ်အတက် ဖုန်းလုပြေးခံရတယ်။ဖုန်းကလဲသူ့ဖုန်းကိုယ်ကကိုင်ထားတာ စိတ်လဲရှုပ် စိတ်လဲညစ် ကိုယ့်ကြောင့်ဖြစ်တာမို့အားလဲနာဖြစ်နေရတာ သူကမဖြစ်ပါနဲ့ Eiffel Tower ဖက်စိတ်ပြေလက်ပျောက် လမ်းလျှောက်ကြမယ် ဆိုတာနဲ့သွားကြတာ Eiffel Tower ရှေ့ရောက်တော့ Junior လေးကို ငါ့ကိုဓာတ်ပုံရိုက်ပေးဆိုပြီး ရိုက်ခိုင်းပြီး နောက်လှည့်ကြည့်လိုက်တော့ သူက လက်စွပ်ဘူးလေးဖွင့်ပြီး Propose လုပ်တော့တာပဲ။

အဲ့အချိန်မှာ ထင်မှတ်မထားတော့ ရီရမလိုငိုရမလိုခုန်ရမလိုထိုင်ရမလိုထရမလိုနဲ့။ ဘာပြောရမလဲမသိ စကားတွေအများကြီးပြောနေမိပြီး အပျော်တွေလွန်နေတာ”ဆိုပြီး ကိုယ်တိုင်လည်း မထင်မှတ်ထားလောက်အောင် ချစ်သူရဲ့ Surprise Propose အလုပ်ခံခဲ့ရတာကို ကြည်နူးစွာနဲ့ ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ကြည်နူးဖို့ကောင်းလှတဲ့ အိမ့်ချစ်တို့နှစ်ယောက်ရဲ့ ဗီဒီယိုလေးကို အပျော်တွေကူးစက်ရအောင် မျှဝေဖော်ပြပေးလိုက်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *